Property Expo
×

စေနေန႔၌ အမ္းမရိတ္ ကြင္းတြင္ ခ်ယ္လ္ဆီးအသင္းႏွင့္ ေတြ႕ဆံုခ်ိန္၌ ၿပိဳင္ဘက္မ်ားႏွင့္ မလိုအပ္ေသာ ထိပ္တိုက္ေတြ႕မႈ မ်ား မျပဳလုပ္ရန္ အာဆင္နယ္မန္ ေနဂ်ာ အာစင္၀င္းဂါးက  ကစား သမားမ်ားကို တုိက္တြန္းလိုက္ သည္။

ယမန္ႏွစ္က အိမ္ကြင္းႏွင့္ အေ၀းကြင္းပဲြစဥ္မ်ားတြင္ အာ ဆင္နယ္သည္ ခ်ယ္လ္ဆီးကို ႏွစ္ပဲြ လံုး႐ံႈးနိမ့္ခဲ့ၿပီး ယင္းပဲြႏွစ္ပဲြတြင္ ကစားသမားသံုးဦး ထုတ္ပယ္ခံခဲ့ ရသည္။ ယင္းအျဖစ္အပ်က္သံုးခု အနက္ ႏွစ္ခုတြင္ ခ်ယ္လ္ဆီးတုိက္ စစ္မွဴး ဒီေယဂိုေကာ္စတာ ပါ၀င္ ပတ္သက္ခဲ့သည္။

‘‘ၿပီးခဲ့တဲ့ ပဲြႏွစ္ပဲြမွာ ကြၽန္ ေတာ္တို႔ ၁၀ ေယာက္တည္းနဲ႔ ကစားခဲ့ရတယ္။ မနက္ျဖန္မွာ ရလဒ္တစ္ခုရဖို႔ ကြၽန္ေတာ္တို႔ ေဘာလံုးကစားပံု အေရးႀကီးသ လို ကြၽန္ေတာ္တို႔ ျပဳမူပံုလည္း အ ေရးႀကီးပါတယ္’’ ဟု ၀င္းဂါးက ေျပာၾကားၿပီး မိမိတုိ႔အေနျဖင့္ ေခါင္းေအးေအးထားကာ စည္း ကမ္းမ်ား လိုက္နာရန္ လိုအပ္ သည္ဟု ေျပာသည္။

ဂ်ီေရာ့ဒ္သည္ ေျခမဒဏ္ရာ သက္သာၿပီး ေလ့က်င့္ခန္း ျပန္ ဆင္းေနၿပီျဖစ္ေသာ္လည္း ႀကံ႕ ခုိင္မႈျပည့္၀ရန္ မေသခ်ာျဖစ္ေန ကာ ေနာက္ထပ္ဒဏ္ရာရ ကစား သမားတစ္ဦးျဖစ္ေသာ ရမ္ေဆး မွာ တံေကာက္ေၾကာဒဏ္ရာျဖင့္ ေနာက္ထပ္သီတင္းသံုးပတ္ခန္႔အ နားယူရဦးမည္ဟု အာစင္၀င္းဂါး က ေျပာၾကားသည္။

ခ်ယ္လ္ဆီးကို အႏုိင္ယူရန္ စည္းကမ္းထိန္းသိမ္းမႈက အဓိက က်သည္ဟု ၎က ေျပာသည္။

ထိုအေတာအတြင္း ခ်ယ္လ္ ဆီးေနာက္ခံလူ ဂၽြန္တယ္ရီသည္ ဒူးဒဏ္ရာေၾကာင့္ အာဆင္နယ္ ႏွင့္ပဲြတြင္ ပါ၀င္ႏုိင္မည္မဟုတ္ဟု ခ်ယ္လ္ဆီးနည္းျပ ကြန္တီက ေျပာၾကားၿပီး ေနာက္ထပ္ဒဏ္ရာရ ကစားသမားတစ္ဦးျဖစ္ေသာ ဇူး မားမွာ ျပန္ကစားရန္ နီးစပ္ေနၿပီ ဟု ဆုိသည္။

‘‘ကၽြန္ေတာ္တုိ႔ဟာ အသင္း ေကာင္းတစ္သင္းနဲ႔ ရင္ဆုိင္ရမွာ ပါ။ အာဆင္နယ္ဟာ အႏုိင္ရဖို႔ အတြက္ ေနာက္ဆံုးအခ်ိန္အထိ တုိက္ခုိက္သြားမယ္ဆုိတာ ကၽြန္ေတာ္အေသအခ်ာသိပါတယ္’’ဟု ကြန္တီက ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
စနေနေ့၌ အမ်းမရိတ် ကွင်းတွင် ချယ်လ်ဆီးအသင်းနှင့် တွေ့ဆုံချိန်၌ ပြိုင်ဘက်များနှင့် မလိုအပ်သော ထိပ်တိုက်တွေ့မှု များ မပြုလုပ်ရန် အာဆင်နယ်မန် နေဂျာ အာစင်ဝင်းဂါးက  ကစား သမားများကို တိုက်တွန်းလိုက် သည်။

ယမန်နှစ်က အိမ်ကွင်းနှင့် အဝေးကွင်းပွဲစဉ်များတွင် အာ ဆင်နယ်သည် ချယ်လ်ဆီးကို နှစ်ပွဲ လုံးရှုံးနိမ့်ခဲ့ပြီး ယင်းပွဲနှစ်ပွဲတွင် ကစားသမားသုံးဦး ထုတ်ပယ်ခံခဲ့ ရသည်။ ယင်းအဖြစ်အပျက်သုံးခု အနက် နှစ်ခုတွင် ချယ်လ်ဆီးတိုက် စစ်မှူး ဒီယေဂိုကော်စတာ ပါဝင် ပတ်သက်ခဲ့သည်။

‘‘ပြီးခဲ့တဲ့ ပွဲနှစ်ပွဲမှာ ကျွန် တော်တို့ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတယ်။ မနက်ဖြန်မှာ ရလဒ်တစ်ခုရဖို့ ကျွန်တော်တို့ ဘောလုံးကစားပုံ အရေးကြီးသ လို ကျွန်တော်တို့ ပြုမူပုံလည်း အ ရေးကြီးပါတယ်’’ ဟု ဝင်းဂါးက ပြောကြားပြီး မိမိတို့အနေဖြင့် ခေါင်းအေးအေးထားကာ စည်း ကမ်းများ လိုက်နာရန် လိုအပ် သည်ဟု ပြောသည်။

ဂျီရော့ဒ်သည် ခြေမဒဏ်ရာ သက်သာပြီး လေ့ကျင့်ခန်း ပြန် ဆင်းနေပြီဖြစ်သော်လည်း ကြံ့ ခိုင်မှုပြည့်ဝရန် မသေချာဖြစ်နေ ကာ နောက်ထပ်ဒဏ်ရာရ ကစား သမားတစ်ဦးဖြစ်သော ရမ်ဆေး မှာ တံကောက်ကြောဒဏ်ရာဖြင့် နောက်ထပ်သီတင်းသုံးပတ်ခန့်အ နားယူရဦးမည်ဟု အာစင်ဝင်းဂါး က ပြောကြားသည်။

ချယ်လ်ဆီးကို အနိုင်ယူရန် စည်းကမ်းထိန်းသိမ်းမှုက အဓိက ကျသည်ဟု ၎င်းက ပြောသည်။

ထိုအတောအတွင်း ချယ်လ် ဆီးနောက်ခံလူ ဂျွန်တယ်ရီသည် ဒူးဒဏ်ရာကြောင့် အာဆင်နယ် နှင့်ပွဲတွင် ပါဝင်နိုင်မည်မဟုတ်ဟု ချယ်လ်ဆီးနည်းပြ ကွန်တီက ပြောကြားပြီး နောက်ထပ်ဒဏ်ရာရ ကစားသမားတစ်ဦးဖြစ်သော ဇူး မားမှာ ပြန်ကစားရန် နီးစပ်နေပြီ ဟု ဆိုသည်။

‘‘ကျွန်တော်တို့ဟာ အသင်း ကောင်းတစ်သင်းနဲ့ ရင်ဆိုင်ရမှာ ပါ။ အာဆင်နယ်ဟာ အနိုင်ရဖို့ အတွက် နောက်ဆုံးအချိန်အထိ တိုက်ခိုက်သွားမယ်ဆိုတာ ကျွန်တော်အသေအချာသိပါတယ်’’ဟု ကွန်တီက ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top