Kantharyar Centre
×






#Unicode Version

လေ့လာသုတေသနပြုသူတွေရဲ့ ရှာဖွေစစ်ဆေးတွေ့ရှိမှု အသစ် တွေအရ နွားမွေးမြူရေးခြံတွေမှာ နွားနို့ညှစ်ချိန်တွေဆိုရင် တေးဂီ တသံတွေ ဖွင့်ပေးထားခြင်းဖြင့် နွားမတွေဆီက နွားနို့တွေ ပိုမိုအ ထွက်များလိမ့်မယ်ဆိုတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဗြိတိန်ပြည်ထောင်စု၊ လီကတ်စ်တာ တက္ကသိုလ်ကျောင်းက စစ်တမ်း ကောက်သုတေသနပြုသူတွေရဲက ဒီလိုတွေ့ရှိချက်ကို စမ်းသပ်ပြု လုပ်ဖို့အတွက် ပြည်နယ်တစ်ဝိုက်က နွားမွေးမြူရေးခြံတွေမှာ နွားနို့ ညှစ်ချိန်တွေဆိုရင် တေးဂီတသံစဉ်မျိုးစုံကို ဖွင့်ပေးထားရင်း နွားနို့ညှစ်တာတွေကို ပြုလုပ်ကြပါတယ်။

သာမန်အတိုင်း ဘာမှထူးခြားပြောင်းလဲမှု မရှိပဲ နွားနို့ညှစ်တာထက် စာရင် တေးဂီတသံစဉ်တွေ ဖွင့်ပေးထားရင်း နွားနို့ညှစ်ခြင်းက ယခင် က ထွက်ရှိတဲ့ နွားနို့ပမာဏထက် ၃ ရာခိုင်နှုန်း ပိုမိုတိုးပြီးရရှိလာတာ ကို တွေ့ရပါတယ်။

ဒီတွေ့ရှိချက်က နွားတွေမှာလည်း လူသားတွေလို ဂီတသံစဉ်တွေ နားထောင်တတ်ကြသလို ဒီသံစဉ်တွေက သူတို့တွေရဲ့စိတ်ဖိစီးခံ စားရမှုတွေကို လျှော့ချပေးလို့ ပိုပြီးတော့ နေသာတာကြောင့် နွားနို့ ပိုမိုထွက်ရှိနိုင်စေတာ ဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top