Property Expo
×

လူမႈဖူလံုေရးအာမခံလုပ္သားမ်ား ပုဂၢလိကကုမၸဏီႏွင့္ ပူးေပါင္းကာ ေဆးဝါးကုသမႈ တုိးျမႇင့္ေဆာင္ရြက္ႏိုင္ေရးအတြက္ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ံုးသို႔ တင္ျပထားေၾကာင္း သတင္းရရွိသည္။

အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနလက္ေအာက္ရွိ လူမႈဖူလုံေရးအဖြဲ႕သည္ LEO Family ကုမၸဏီႏွင့္ပူးေပါင္း၍ ေရြ႕လ်ားေဆးကုသယာဥ္ျဖင့္ ေဆးကုသမႈေဆာင္ရြက္ရန္၊ အလုပ္သမားေဆး႐ံုႀကီး(မႏၲေလး)တြင္ ေရာဂါ ရွာေဖြေရးဓာတ္ခြဲခန္း ဝန္ေဆာင္မႈကို ေဆာင္ရြက္ရန္ႏွင့္ Care Well Medical ကုမၸဏီႏွင့္ပူးေပါင္းကာ မဂၤလာဒံုၿမိဳ႕နယ္၌ လူမႈဖူလံုေရး Care Well ေဆးခန္းတိုးခ်ဲ႕ ဖြင့္လွစ္ႏိုင္ေရး သေဘာတူစာခ်ဳပ္မ်ားခ်ဳပ္ဆိုရန္ ျပင္ဆင္ေနေၾကာင္း အဆုိပါဝန္ႀကီးဌာနမွ အၿမဲတမ္း အတြင္းဝန္ ဦးမ်ဳိးေအာင္က ေျပာသည္။

‘‘သူတို႔နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ဖို႔ အတြက္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္၊ က်န္းမာေရးန႔ဲ အားကစားဝန္ႀကီးဌာန၊ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနတို႔ဆီက ေထာက္ခံခ်က္ေတြနဲ႔အတူ ျပည္ေထာင္စုအစိုးရအဖြဲ႕ကို တင္ျပထားၿပီးပါၿပီ။ ခြင့္ျပဳခ်က္က်တာနဲ႔ ဆက္လက္ေဆာင္ရြက္သြားမွာပါ’’ဟု ဦးမ်ဳိးေအာင္က ေျပာသည္။

လူမႈဖူလံုေရးအဖြဲ႕သည္ ယခင္ကလည္း ပုဂၢလိကႏွင့္ပူးေပါင္းေဆာင္ရြက္မႈရွိခဲ့ၿပီး သုခမဂၤလာအေထြေထြေရာဂါကုေဆးခန္းႏွင့္ ပူးေပါင္းေဆာင္ရြက္သည့္ ေရြ႕လ်ားေဆးကုသယာဥ္ ျဖင့္ ကြင္းဆင္းေဆးကုသမႈသက္တမ္း ေျခာက္လတိုးျမႇင့္ျခင္းအတြက္ ဇူလိုင္လလယ္၌ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့သည္။

ထို႔အျပင္ အလုပ္သမားေဆး႐ံုႀကီး (ရန္ကုန္)ႏွင့္ သုခမဂၤလာအေထြေထြေရာဂါကုေဆးခန္းတို႔ ပူးေပါင္း၍ ဓာတ္ခြဲခန္းဝန္ေဆာင္မႈကို ၾသဂုတ္ ၁ ရက္က သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့သည္။

‘‘ဝန္ႀကီးဌာနအေနနဲ႔ ေရွ႕ဆက္ၿပီးေတာ့လည္း ပုဂၢလိကနဲ႔ ပူးေပါင္းၿပီး အာမခံအလုပ္သမားေတြ၊ က်န္းမာေရးအေထာက္အကူျပဳႏုိင္ဖို႔အတြက္ ညႇိႏိႈင္းမႈေတြ လုပ္ထားတာရွိပါတယ္’’ဟု ဦးမ်ဳိးေအာင္က ေျပာသည္။

ျမန္မာႏိုင္ငံတြင္ လူမႈဖူလံုေရးစနစ္သည္ ေအာင္ျမင္မႈနည္းပါးေသး၍ အလုပ္သမားမ်ားအားထားရသည့္ လုပ္ငန္းတစ္ရပ္ျဖစ္လာႏိုင္ရန္ႏွင့္ အာမခံလုပ္သမားအေရအတြက္ တုိးျမႇင့္လာေစရန္ ရည္ရြယ္လုပ္ေဆာင္ေနသည္ဟု လူမႈဖူလံုေရးအဖြဲ႕မွ အႀကီးတန္းအရာရွိတစ္ဦးက ေျပာသည္။

လက္ရွိတြင္ လူမႈဖူလံုေရးအဖြဲ႕သို႔ လစဥ္ အာမခံေၾကး ေပးသြင္းသည့္ အာမခံအလုပ္သမားဦးေရမွာ ကိုးသိန္းတစ္ေသာင္းေက်ာ္ရွိလာၿပီျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။ အစိုးရဝန္ထမ္းမ်ားပါ လူမႈဖူလံုေရးစနစ္ႏွင့္ အက်ဳံးဝင္လာေစရန္လ်ာထားၿပီး ထုိသို႔ လုပ္ေဆာင္ႏိုင္ရန္ ဌာနခ်င္းညႇိႏိႈင္းမႈမ်ား ျပဳလုပ္ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 Day Daily

#Unicode Version

လူမှုဖူလုံရေးအာမခံလုပ်သားများ ပုဂ္ဂလိကကုမ္ပဏီနှင့် ပူးပေါင်းကာ ဆေးဝါးကုသမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြထားကြောင်း သတင်းရရှိသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ လူမှုဖူလုံရေးအဖွဲ့သည် LEO Family ကုမ္ပဏီနှင့်ပူးပေါင်း၍ ရွေ့လျားဆေးကုသယာဉ်ဖြင့် ဆေးကုသမှုဆောင်ရွက်ရန်၊ အလုပ်သမားဆေးရုံကြီး(မန္တလေး)တွင် ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း ဝန်ဆောင်မှုကို ဆောင်ရွက်ရန်နှင့် Care Well Medical ကုမ္ပဏီနှင့်ပူးပေါင်းကာ မင်္ဂလာဒုံမြို့နယ်၌ လူမှုဖူလုံရေး Care Well ဆေးခန်းတိုးချဲ့ ဖွင့်လှစ်နိုင်ရေး သဘောတူစာချုပ်များချုပ်ဆိုရန် ပြင်ဆင်နေကြောင်း အဆိုပါဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

‘‘သူတို့နဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့ အတွက် ပြည်ထောင်စုရှေ့နေချုပ်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ဆီက ထောက်ခံချက်တွေနဲ့အတူ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားပြီးပါပြီ။ ခွင့်ပြုချက်ကျတာနဲ့ ဆက်လက်ဆောင်ရွက်သွားမှာပါ’’ဟု ဦးမျိုးအောင်က ပြောသည်။

လူမှုဖူလုံရေးအဖွဲ့သည် ယခင်ကလည်း ပုဂ္ဂလိကနှင့်ပူးပေါင်းဆောင်ရွက်မှုရှိခဲ့ပြီး သုခမင်္ဂလာအထွေထွေရောဂါကုဆေးခန်းနှင့် ပူးပေါင်းဆောင်ရွက်သည့် ရွေ့လျားဆေးကုသယာဉ် ဖြင့် ကွင်းဆင်းဆေးကုသမှုသက်တမ်း ခြောက်လတိုးမြှင့်ခြင်းအတွက် ဇူလိုင်လလယ်၌ သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။

ထို့အပြင် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)နှင့် သုခမင်္ဂလာအထွေထွေရောဂါကုဆေးခန်းတို့ ပူးပေါင်း၍ ဓာတ်ခွဲခန်းဝန်ဆောင်မှုကို သြဂုတ် ၁ ရက်က သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။

‘‘ဝန်ကြီးဌာနအနေနဲ့ ရှေ့ဆက်ပြီးတော့လည်း ပုဂ္ဂလိကနဲ့ ပူးပေါင်းပြီး အာမခံအလုပ်သမားတွေ၊ ကျန်းမာရေးအထောက်အကူပြုနိုင်ဖို့အတွက် ညှိနှိုင်းမှုတွေ လုပ်ထားတာရှိပါတယ်’’ဟု ဦးမျိုးအောင်က ပြောသည်။

မြန်မာနိုင်ငံတွင် လူမှုဖူလုံရေးစနစ်သည် အောင်မြင်မှုနည်းပါးသေး၍ အလုပ်သမားများအားထားရသည့် လုပ်ငန်းတစ်ရပ်ဖြစ်လာနိုင်ရန်နှင့် အာမခံလုပ်သမားအရေအတွက် တိုးမြှင့်လာစေရန် ရည်ရွယ်လုပ်ဆောင်နေသည်ဟု လူမှုဖူလုံရေးအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

လက်ရှိတွင် လူမှုဖူလုံရေးအဖွဲ့သို့ လစဉ် အာမခံကြေး ပေးသွင်းသည့် အာမခံအလုပ်သမားဦးရေမှာ ကိုးသိန်းတစ်သောင်းကျော်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ အစိုးရဝန်ထမ်းများပါ လူမှုဖူလုံရေးစနစ်နှင့် အကျုံးဝင်လာစေရန်လျာထားပြီး ထိုသို့ လုပ်ဆောင်နိုင်ရန် ဌာနချင်းညှိနှိုင်းမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top