Property Expo
×

အေမရိကန္ အေျခစိုက္ ခရီးသြားကုမၸဏီ Crystal က ႀကီးက်ယ္ခမ္းနားလွတဲ့ Boeing 777-200LR ဇိမ္ခံေလယာဥ္ႀကီးကုိ မိတ္ဆက္လုိက္ပါတယ္။ အဆုိပါ ေလယာဥ္ႀကီးမွာ စီးနင္းလုိက္ပါသူေတြဟာ ၾကယ္ငါးပြင့္အဆင့္ ဟုိတယ္မွာကဲ့သုိ႕ ဝန္ေဆာင္မႈေတြ ရ႐ွိမယ္လုိ႕ ဆုိပါတယ္။


ကမာၻေက်ာ္ Michelin Star စားေသာက္ဆုိင္ေတြကလုိ စားေသာက္ဖြယ္ရာေတြကုိလည္း ရ႐ွိင္မွာ ျဖစ္ပါတယ္။ Crystal ရဲ႕ အလန္းစား ဇိမ္ခံေလယာဥ္ႀကီးကုိ ၂၀၁၇ ခုႏွစ္ ေဆာင္းဦးရာသီမွာ စတင္ပ်ံသန္း ဝန္ေဆာင္မႈေပးသြားမွာပါ။


ေလယာဥ္ႀကီးေပၚမွာ စားေသာက္ခန္းမ၊ ဧည့္ခန္းနဲ႕ အိပ္ရာေတြပါဝင္ၿပီး ေလေပၚမွာေရာက္႐ွိ ပ်ံသန္းေနတဲ့ ၾကယ္ငါးပြင့္အဆင့္ ဟိုတယ္တစ္ခုအသြင္ ခံစားရႏုိင္မယ္လို႕ ဆုိပါတယ္။


ေလယာဥ္ေပၚမွာ ျမန္ႏႈန္းျမင့့္ Wi-Fi အင္တာနက္ကိုလည္း အသုံးျပဳႏုိင္မွာပါ။ ေလယာဥ္မွာ သက္ေသာင့္သက္သာ႐ွိေစမယ့္ ထုိင္ခုံ ၈၄ ခုံ ပါ႐ွိၿပီး အိပ္ရာအျဖစ္ ေျပာင္းလဲအိပ္စက္ႏုိင္ပါတယ္။

ေလယာဥ္ရဲ႕ သန္႕စင္ခန္းအတြင္းမွာလည္း နာမည္ႀကီး အီတလီဖက္႐ွင္ကုမၸဏီ Etro ရဲ႕ ေမႊးႀကဳိင္သင္းပ်ံ႕ေနတဲ့ အသုံးအေဆာင္ေတြကုိ သုံးႏုိင္မွာပါ။

ဇိမ္ခံေလယာဥ္ႀကီးနဲ႕ ၁၄ ရက္၊ ၂၁ ရက္၊ ၂၈ ရက္ၾကာ ခရီးစဥ္မ်ား သြားေရာက္ႏိုင္မွာျဖစ္ၿပီး ရက္အနည္းဆုံး ခရီးစဥ္အတြက္ ျမန္မာေငြ သိန္းေျခာက္ရာေက်ာ္ (အေမရိကန္ေဒၚလာ ၅၀,၀၀၀) က်သင့္မွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အမေရိကန် အခြေစိုက် ခရီးသွားကုမ္ပဏီ Crystal က ကြီးကျယ်ခမ်းနားလှတဲ့ Boeing 777-200LR ဇိမ်ခံလေယာဉ်ကြီးကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ လေယာဉ်ကြီးမှာ စီးနင်းလိုက်ပါသူတွေဟာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်မှာကဲ့သို့ ဝန်ဆောင်မှုတွေ ရရှိမယ်လို့ ဆိုပါတယ်။

ကမ္ဘာကျော် Michelin Star စားသောက်ဆိုင်တွေကလို စားသောက်ဖွယ်ရာတွေကိုလည်း ရရှိင်မှာ ဖြစ်ပါတယ်။ Crystal ရဲ့ အလန်းစား ဇိမ်ခံလေယာဉ်ကြီးကို ၂၀၁၇ ခုနှစ် ဆောင်းဦးရာသီမှာ စတင်ပျံသန်း ဝန်ဆောင်မှုပေးသွားမှာပါ။

လေယာဉ်ကြီးပေါ်မှာ စားသောက်ခန်းမ၊ ဧည့်ခန်းနဲ့ အိပ်ရာတွေပါဝင်ပြီး လေပေါ်မှာရောက်ရှိ ပျံသန်းနေတဲ့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်ခုအသွင် ခံစားရနိုင်မယ်လို့ ဆိုပါတယ်။

လေယာဉ်ပေါ်မှာ မြန်နှုန်းမြင့် Wi-Fi အင်တာနက်ကိုလည်း အသုံးပြုနိုင်မှာပါ။ လေယာဉ်မှာ သက်သောင့်သက်သာရှိစေမယ့် ထိုင်ခုံ ၈၄ ခုံ ပါရှိပြီး အိပ်ရာအဖြစ် ပြောင်းလဲအိပ်စက်နိုင်ပါတယ်။

လေယာဉ်ရဲ့ သန့်စင်ခန်းအတွင်းမှာလည်း နာမည်ကြီး အီတလီဖက်ရှင်ကုမ္ပဏီ Etro ရဲ့ မွှေးကြိုင်သင်းပျံ့နေတဲ့ အသုံးအဆောင်တွေကို သုံးနိုင်မှာပါ။

ဇိမ်ခံလေယာဉ်ကြီးနဲ့ ၁၄ ရက်၊ ၂၁ ရက်၊ ၂၈ ရက်ကြာ ခရီးစဉ်များ သွားရောက်နိုင်မှာဖြစ်ပြီး ရက်အနည်းဆုံး ခရီးစဉ်အတွက် မြန်မာငွေ သိန်းခြောက်ရာကျော် (အမေရိကန်ဒေါ်လာ ၅၀,၀၀၀) ကျသင့်မှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top