Kantharyar Centre
×

ဒုတိယေျမာက္႐ုပ္ရွင္ ျဖစ္သည့္ ‘ရပ္ကြက္ဘုရင္မ-၂’ တြင္ ရပ္ကြက္ဘုရင္မ-၁ ႐ုပ္ရွင္ ကားထက္ သ႐ုပ္ေဆာင္မႈ၊ ဖက္ ရွင္ပိုင္းဆန္းသစ္မႈတုိ႔ျဖင့္ ပရိ သတ္မ်ားကို ပိုမိုဖမ္းစားႏုိင္ရန္ ႀကိဳးစားထားသည္ဟု သ႐ုပ္ ေဆာင္ ေဘဘီေမာင္က ေျပာၾကားသည္။

‘‘ရပ္ကြက္ဘုရင္မ-၁ မွာက ဖက္ရွင္နဲ႔လည္း ပရိသတ္ေတြကို ဖမ္းစားလို႔မရခဲ့ဘူး။ ရပ္ကြက္ထဲ က စ႐ိုက္၊ အဝတ္အစားဝတ္တာ လည္း ကိုယ္လန္းခ်င္သလို လန္း လို႔မရဘူး။ ရပ္ကြက္ထဲက ဒီဇိုင္း မ်ိဳးလုပ္ရတယ္။ ဒီကားမွာက ဖက္ရွင္နဲ႔ေရာ၊ အုိက္တင္နဲ႔ေရာ၊ အလွအပနဲ႔ေရာ ေသေသခ်ာခ်ာေလး လုပ္ထားလို႔ ပရိသတ္ေတြလည္း ေက်နပ္မယ္လို႔ ထင္ပါတယ္’’ဟု ေဘဘီေမာင္က ေျပာသည္။

ဒါ႐ိုက္တာ ခင္ေစာမ်ိဳး ႐ိုက္ ကူးထားသည့္ ‘ရပ္ကြက္ဘုရင္မ- ၂’ ႐ုပ္ရွင္တြင္ မုိ႔မို႔ျမင့္ေအာင္၊ စိုးျမတ္သူဇာ၊ ထြန္းအိႁႏၵာဗို၊ ခုိင္ သင္းၾကည္၊ ေအးျမတ္သူ၊ ရာဇာ ေနဝင္းႏွင့္ ေဘဘီေမာင္တုိ႔ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ေအာက္တို ဘာ၌ ႐ံုတင္ျပသမည္ျဖစ္သည္။

‘‘ေဘဘီေမာင္က ေမာ္ဒယ္ သာျဖစ္တာ ေမာ္ဒယ္ေလာကမွာ အၾကာႀကီးမက်င္လည္ခ်င္ဘူး။ ဒါေၾကာင့္ သ႐ုပ္ေဆာင္ဘက္ကို ခုန္ကူးတယ္။ ပထမဆံုး႐ိုက္ကူး ခဲ့တဲ့ ‘ရပ္ကြက္ဘုရင္မ-၁’မွာ ပရိ သတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ အား ေပးမႈရခဲ့တယ္၊ ေဘဘီေမာင္လို႔ သိခဲ့ပါတယ္။ ဒါေၾကာင့္ မၾကာခင္႐ံုတင္ေတာ့မယ့္ ‘ရပ္ကြက္ ဘုရင္မ-၂’မွာလည္း အေကာင္းဆံုးႀကိဳး စားထားပါတယ္’’ဟု ေဘဘီ ေမာင္က ေျပာသည္။

‘ရပ္ကြက္ဘုရင္မ-၂’႐ုပ္ရွင္ တြင္ ေဘဘီေမာင္သည္ အီတလီ မွျပန္လာသည့္ အီတလီမအမည္ ႏွင့္ ေခတ္မီသည့္ဇာတ္႐ုပ္ျဖင့္ သ႐ုပ္ေဆာင္ ေအးျမတ္သူႏွင့္ အတူ တြဲဖက္သ႐ုပ္ေဆာင္ထား သည္။

လက္ရွိတြင္ ‘ဝုန္းပစ္လိုက္ မယ္’ ႐ုပ္ရွင္ကားႀကီးကို သ႐ုပ္ ေဆာင္ေက်ာ္ရဲေအာင္၊ ေက်ာ္ ေက်ာ္ဗို၊ မိုးေအာင္ရင္၊ စိုးျမတ္ သူဇာ၊ အိႁႏၵာေက်ာ္ဇင္တို႔ႏွင့္အတူ ႐ိုက္ကူးထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ဒုတိယမြောက်ရုပ်ရှင် ဖြစ်သည့် ‘ရပ်ကွက်ဘုရင်မ-၂’ တွင် ရပ်ကွက်ဘုရင်မ-၁ ရုပ်ရှင် ကားထက် သရုပ်ဆောင်မှု၊ ဖက် ရှင်ပိုင်းဆန်းသစ်မှုတို့ဖြင့် ပရိ သတ်များကို ပိုမိုဖမ်းစားနိုင်ရန် ကြိုးစားထားသည်ဟု သရုပ် ဆောင် ဘေဘီမောင်က ပြောကြားသည်။

‘‘ရပ်ကွက်ဘုရင်မ-၁ မှာက ဖက်ရှင်နဲ့လည်း ပရိသတ်တွေကို ဖမ်းစားလို့မရခဲ့ဘူး။ ရပ်ကွက်ထဲ က စရိုက်၊ အဝတ်အစားဝတ်တာ လည်း ကိုယ်လန်းချင်သလို လန်း လို့မရဘူး။ ရပ်ကွက်ထဲက ဒီဇိုင်း မျိုးလုပ်ရတယ်။ ဒီကားမှာက ဖက်ရှင်နဲ့ရော၊ အိုက်တင်နဲ့ရော၊ အလှအပနဲ့ရော သေသေချာချာလေး လုပ်ထားလို့ ပရိသတ်တွေလည်း ကျေနပ်မယ်လို့ ထင်ပါတယ်’’ဟု ဘေဘီမောင်က ပြောသည်။

ဒါရိုက်တာ ခင်စောမျိုး ရိုက် ကူးထားသည့် ‘ရပ်ကွက်ဘုရင်မ- ၂’ ရုပ်ရှင်တွင် မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင် သင်းကြည်၊ အေးမြတ်သူ၊ ရာဇာ နေဝင်းနှင့် ဘေဘီမောင်တို့ ပါဝင်သရုပ်ဆောင်ထားပြီး အောက်တို ဘာ၌ ရုံတင်ပြသမည်ဖြစ်သည်။

‘‘ဘေဘီမောင်က မော်ဒယ် သာဖြစ်တာ မော်ဒယ်လောကမှာ အကြာကြီးမကျင်လည်ချင်ဘူး။ ဒါကြောင့် သရုပ်ဆောင်ဘက်ကို ခုန်ကူးတယ်။ ပထမဆုံးရိုက်ကူး ခဲ့တဲ့ ‘ရပ်ကွက်ဘုရင်မ-၁’မှာ ပရိ သတ်တော်တော်များများရဲ့ အား ပေးမှုရခဲ့တယ်၊ ဘေဘီမောင်လို့ သိခဲ့ပါတယ်။ ဒါကြောင့် မကြာခင်ရုံတင်တော့မယ့် ‘ရပ်ကွက် ဘုရင်မ-၂’မှာလည်း အကောင်းဆုံးကြိုး စားထားပါတယ်’’ဟု ဘေဘီ မောင်က ပြောသည်။

‘ရပ်ကွက်ဘုရင်မ-၂’ရုပ်ရှင် တွင် ဘေဘီမောင်သည် အီတလီ မှပြန်လာသည့် အီတလီမအမည် နှင့် ခေတ်မီသည့်ဇာတ်ရုပ်ဖြင့် သရုပ်ဆောင် အေးမြတ်သူနှင့် အတူ တွဲဖက်သရုပ်ဆောင်ထား သည်။

လက်ရှိတွင် ‘ဝုန်းပစ်လိုက် မယ်’ ရုပ်ရှင်ကားကြီးကို သရုပ် ဆောင်ကျော်ရဲအောင်၊ ကျော် ကျော်ဗို၊ မိုးအောင်ရင်၊ စိုးမြတ် သူဇာ၊ အိန္ဒြာကျော်ဇင်တို့နှင့်အတူ ရိုက်ကူးထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top