Property Expo
×

ပန္သီး ဟု အမည္ရေသာ Apple စာလံုးသည္ အဂၤလိပ္ေ၀ါဟာရ Aeppel မွ ဆင္းသက္လာပါသည္။ သမိုင္းသုေတသီ မ်ား၏ အဆိုအမိန္ ့အရ၊ ပန္းသီးပင္မ်ားကို ေရာမလူမ်ိဳးမ်ားက စတင္စိုက္ပ်ိဳးခဲ့ေၾကာင္း သိရွိရပါသည္။ သို ့ ေသာ္ အခ်ိဳ ့သမိုင္းပညာရွင္မ်ားကေတာ့ ပန္းသီးသည္ အာရွတိုက္ေတာင္ပိုင္းမွ စတင္ေပါက္ေရာက္ခဲ့သည္ဟု အဆိုရွိခဲ့ျပန္ ပါသည္။ မည္သို ့ပင္ဆုိေစကာမူ ယေန ့မ်က္ေမွာက္ကာလတြင္ ပန္းသီး၏ ခ်ိဳျမေကာင္းမြန္ေသာ အနံ ့ႏွင့္အရသာ တို ့ ေၾကာင့္ ကမၻာႏွင့္အ၀ွမ္း အရြယ္(၃)ပါး မေရြး လူတိုင္းႏွစ္ျခ္ိဳက္စြာ စားသံုးေနၾကပါျပီ။

ပန္းသီးသည္ သူရွင္သန္ေပါက္ေရာက္ရာ ေနရာေဒသေပၚလိုက္၍ ကမၻာေပၚတြင္ ပန္းသီးအမ်ိဳးအစားေပါင္း ၇၀၀၀ ေက်ာ္ခန္ ့ ရွိပါသည္။ ေယဘုယ် အားျဖင့္ ဆိုရေသာ္ ပန္းသီးသည္ အနီေရာင္၊ အ၀ါေရာင္ ႏွင့္ အစိမ္းေရာင္ ဟူ၍ (၃)မ်ိဳးရွိပါသည္။ အနီေရာင္ပန္းသီး ကို လူၾကိဳက္အမ်ားဆံုးျဖစ္ပါသည္။ အနီေရာင္ပန္းသီး သည္ မွည့္ေလခ်ိဳေလ ျဖစ္ပါသည္။ အ၀ါေရာင္ပန္းသီး သည္ ရနံ ့ပိုေမႊးကာ အရသာမွာ အနီေရာင္ပန္းသီးကဲ့သို ့ခ်ိဳပါသည္။ အသီး၏ ပံုသ႑ာန္မွာလည္း အနီေရာင္ပန္းသီးကဲ့သို ့ လံုး၀န္းပါသည္။ အစိမ္းေရာင္ပန္းသီး သည္ ႏူးညံ့၍ အတန္ငယ္ ခ်ဥ္ေသာအရသာရွိကာ အရည္ရႊမ္းပါသည္။ ေဖ်ာ္ရည္အျဖစ္ ေသာက္သံုးႏိုင္ပါသည္။ ပံုသ႑ာန္မွာ မလံုး၀န္းဘဲ အနည္းငယ္ ရွည္သေယာင္ရွိပါသည္။

" ပန္းသီးေဆာင္ထား၊ဆရာ၀န္ေရွာင္ရွား " ဆိုေသာ ဆိုရိုးစကားရွိပါသည္။ အဓိပၸာယ္ကေတာ့ လူသားတို ့က်န္းမာေရးကို မ်ားစြာ အေထာက္အကူျပဳေစသည့္ ဓာတ္တိုးဆန္ ့က်င္ပစၥည္းမ်ားသာမက၊ ဗီတာမင္ ႏွင့္ သတၱဳဓာတ္မ်ား ေပါၾကြယ္၀ေသာ၊ ပန္းသီးကို တစ္ေန ့တစ္လံုးမွန္မွန္ စားေပးရံုမွ်ျဖင့္ ကိုယ္ခံစြမ္းအားမ်ား တိုးတက္ေကာင္းမြန္လာေစမွာ ျဖစ္ပါသည္။ တိုးတက္ လ်က္ရွိေသာ ယေန ့ကမၻာတြင္ က်န္းမာေရးအျမင္ရွိသူတိုင္း၊ ပန္းသီး၏အေရးပါပံုကို နားလည္ထားၾကၿပီး ျဖစ္ပါသည္။ မွန္ပါသည္။ က်န္းမာေရး ရႈေထာင့္မွ ၾကည့္မည္ဆိုပါလွ်င္ နီ/၀ါ/စိမ္းေရာင္ ရွိၾကေသာ ပန္းသီးအားလံုး တို ့သည္ လူသားတို ့က်န္းမာေရးကို သူမတူေအာင္ အေထာက္အကူေပးစြမ္းႏိုင္ပါသည္။ ပန္းသီး၏ အခြံသည္လည္း က်န္းမာေရးကို အေထာက္အကူျပဳေစႏိုင္သျဖင့္ အခြံပါ ၀ါးစား ေပးသင့္ပါသည္။

(၁) ပန္းသီးကို ကိုက္၀ါးလိုက္ေသာအခါ၊ ထြက္ရွိလာေသာ တံေတြးတို ့သည္ ခံတြင္းထဲရွိဘက္တီးရီးယားပမာဏကို က်ဆင္းေစ သည့္အျပင္၊ သြားမ်ားပ်က္စီးျခင္းမွလဲ ကာကြယ္ေပးႏိုင္ပါသည္။ ထို ့ျပင္ ပန္းသီး၏ သတၱဳရည္သည္ သြားမ်ားကို ပိုမိုျဖဴစင္ ေစသည္သာမက၊ သြားက်န္းမာေရးကိုလဲ ေကာင္းက်ိဳးျပဳေပးပါသည္။

(၂) Cornell University တြင္ ၾကြက္မ်ားကို ပန္းသီးေဖ်ာ္ရည္ျဖင့္စမ္းသပ္တိုက္ေကြ်းခဲ့ၾကရာ၊ ပန္းသီးထဲရွိ quercetin ဓာတ္သည္ ဦးေႏွာက္ထဲရွိဆဲလ္မ်ား ပ်က္စီးယိုယြင္းလာျခင္းႏွင့္ မွတ္ဥာဏ္ရည္က်ဆင္းလာျခင္းတို ့ကို ကာကြယ္ေပးႏိုင္စြမ္းရွိသျဖင့္ အယ္လ္ဇိုင္းမား (ေခၚ) အၾကိဳဇရာေရာဂါကို ကာကြယ္ေပးႏိုင္ေၾကာင္း အတည္ျပဳေထာက္ခံထားပါသည္။

(၃) ပန္းသီးထဲတြင္ပါ၀င္ေသာ ဓာတ္ေပါင္းစုတို ့က၊ ဦးေႏွာက္ထဲရွိအာရံုခံအဖြဲ ့အစည္းကို တိုးတက္ေကာင္းမြန္ေစႏိုင္သျဖင့္ ပါကင္ဆန္(ေခၚ) အေၾကာအားနညး္၍ ေျခ/လက္ တုန္ျခင္းေရာဂါကို ကာကြယ္ေပးႏိုင္ပါသည္။

(၄) ပန္းသီးထဲတြင္ flavonol အေျမာက္အမ်ားပါရွိေသာေၾကာင့္ ပန္ကရိယ(ေခၚ)မုန္ ့ခ်ိဳအိတ္ ကင္ဆာၾကီးထြားျပန္ ့ပြားလာမႈကို ၂၃% ထိ ေလ်ာ့ခ်ေပးႏိုင္ပါသည္။ ထို ့ျပင္ ပန္းသီး၏ အခြံထဲတြင္ ပါရွိေသာ သဘာ၀ဓာတ္ေပါင္းတစ္မ်ိဳးက အဆုတ္၊ အသဲ၊ အူမ ႏွင့္ ရင္သားကင္ဆာလဲလ္အက်ိတ္မ်ား ၾကီးထြားလာမႈကိုလဲ ဟန္ ့တားေပးႏိုင္စြမ္းရွိပါသည္။

(၅) ပန္းသီးထဲတြင္ပါရွိေသာ galacturonic အက္ဆစ္သည္ ခႏၵာကိုယ္ထဲရွိ အင္ဆူလင္ကို ထိန္းညွိေပးႏိုင္ပါသည္။ ထို ့ေၾကာင့္ ေန ့စဥ္ ပန္းသီး၁-လံုးမွန္မွန္စားေသာအမ်ိဳးသမီးမ်ားသည္ ပန္းသီးမစားေစသာအမ်ိဳးသမီးမ်ားထက္ ဆီးခ်ိဳေရာဂါ ျဖစ္လာႏိုင္ေခ် နဲပါးပါသည္။

(၆) ပန္းသီးအခြံထဲတြင္ပါရွိေသာ phenolic ဓာတ္ေပါင္းစုသည္ ႏွလံုးေသြးလႊတ္ေၾကာနံရံမ်ား ပိတ္ဆို ့မာက်စ္ျခင္းကို ေလ်ာ့ပါး ေစျပီး၊ ႏွလံုးေသြကိုလည္း ေကာင္းမြန္စြာစီဆင္းလည္ပတ္ေစႏိုင္သျဖင့္ ႏွလံုးက်န္းမာေရးကို လြန္စြာေကာင္းက်ိဳးျပဳပါသည္။

(၇) တစ္ေန ့လ်ွွင္ပန္းသီး ၂-လံုးပံုမွန္စားေပးရံုမွ်ျဖင့္ အူထဲရွိ ကိုလက္စထေရာပမာဏကို က်ေစကာ၊ အူက်န္းမာေရးကို မ်ားစြာ အေထာက္အကူျဖစ္ေစပါသည္။

(၈) သည္းေျခေက်ာက္တည္ျခင္းကိုလဲ ကာကြယ္ေပးႏိုင္ပါသည္။

(၉) ဗိုက္နာဗိုက္ေအာင့္ျခင္း၊ ေလပြျခင္း၊ ၀မ္းေလ်ာေရာဂါႏွင့္၀မ္းခ်ဳပ္ျခင္းတို ့အတြက္လဲ ပန္းသီးကို ေဆးအျဖစ္ စားသံုးေပးႏိုင္ ပါသည္။ ပန္းသီးက အစြန္းမေရာက္ေစဘဲ၊ မွွ်ေျခရွိပါသည္။

(၁၀) အ၀လြန္ျခင္းသည္ ႏွလံုေးရာဂါ၊ ေလျဖတ္ျခင္း၊ ေသြးတိုး၊ ဆီးခ်ိဳ၊ နာတာရွည္ အိပ္မေပ်ာ္ျခင္း စသည့္ ေရာဂါ တို ့ႏွင့္ဆက္စပ္မႈရွိပါသည္။ ထို ့ေၾကာင့္က်န္းမာေရးကိုတိုးတက္ေကာင္းမြန္ေစျပီး၊ ခႏၵာကို္ယ္အေလးခ်ိန္ကို ထိန္းညွိေပးႏိုင္သည့္ ပန္းသီးကို မွန္မွန္စားေသာက္ေပးၾကရန္ ဘရာဇီးလ္ ႏိုင္ငံရွိ ေဆးသုေတသီမ်ားအဖြဲ ့က အၾကံျပဳတိုက္တြန္းထားပါသည္။

(၁၁) ကြ်ႏ္ုပ္တို ့ေန ့စဥ္စားေသာက္ေနေသာ အစားအစာမ်ားက၊ ခႏၵာကိုယ္ကို အနဲ ႏွင့္အမ်ားဆိုသလို မသိမသာ အဆိပ္ အေတာက္ျဖစ္ေစပါသည္။ ထိုအဆိပ္အေတာက္မ်ားကိုအသည္းက တာ၀န္ယူသန္ ့စင္ေပးေနရပါသည္။ ပန္းသီး က အဆိပ္ အေတာက္မ်ားကိုေျပေပ်ာက္ေစသျဖင့္ အသည္းကိုအားေကာင္းေစကာ၊ အသည္းကင္ဆာျဖစ္ေပၚလာမႈကို ၅၇% ထိ ေလ်ာ့ခ်ေပး ႏိုင္ပါသည္။

(၁၂) အနီေရာင္ပန္းသီးထဲတြင္ ဓာတ္တိုးဆန္ ့က်င္ပစၥည္းမ်ားစြာပါရွိေသာေၾကာင့္ အာဟာရျဖစ္ေစကာ၊ ကိုယ္ခံစြမ္းအား ကိုျမွင့္တင္ေပးပါသည္။ အထူးသျဖင့္ စိတ္ဖိစီးျခင္းကို ေျပေလ်ာ့ေစႏိုင္ပါသည္။

(၁၃) မ်က္ေစ့အတြင္းတိမ္ ေရာဂါကို ကာကြယ္ေပးႏိုင္ပါသည္။

(၁၄) ကမၻာေပၚတြင္ ေဆးဘက္၀င္သစ္သီးမ်ားစြာရွိေသာ္လဲ၊ phloridzin ဓာတ္သည္ ပန္းသီးတစ္မ်ိဳးထဲတြင္သာ ပါရွိပါသည္။ ထိုဓာတ္သည္ အမ်ိဳးသမီးမ်ားေသြးဆံုးျပီးေနာက္ အရိုးပြျခင္းကို ထိထိေရာက္ေရာက္ ကာကြယ္ေပးႏိုင္စြမ္းရွိပါသည္။ ထို ့ျပင္ အရိုးကိုသိပ္သည္းေစျပီး၊ က်န္းမာသန္စြမ္းေစပါသည္။

(၁၅) ကိုယ္၀န္ေဆာင္မိခင္မ်ား ပန္းသီးမွန္မွန္စားေသာက္ေပးျခင္းျဖင့္ ေမြးဖြားလာေသာရင္ေသြးငယ္မ်ားတြင္ ပန္းနာရင္က်ပ္ ေရာဂါ ကင္းစင္ေစပါသည္။

(၁၆) ပန္းသီးထဲတြင္ ျပည့္၀ဆီႏွင့္ ကိုလက္စထေရာတို ့(လံုး၀) မပါရွိပါ။ အမွ်င္ဓာတ္ၾကြယ္၀စြာပါရွိေသာေၾကာင့့္ အစာေခ် စံနစ္ ကို တိုးတက္ေကာင္းမြန္ေစပါသည္။ အူမၾကီး ကင္ဆာ ကိုကာကြယ္ေပးႏိုင္ပါသည္။

(၁၇) ပန္းသီးထဲတြင္ vitamin C ႏွင့္ vitamin B ဓာတ္ေပါင္းစုတို ့ အလံုအေလာက္ပါရွိသျဖင့္ ကိုယ္ခႏၵာအတြင္းရွိ ဇီ၀ကမၼ ျဖစ္စဥ္ကို ေကာင္းက်ိဳးျပဳပါသည္။ ျပင္ပကူးစက္ေရာဂါ အမ်ိဳးမ်ိဳးတို ့ကိုလဲ အလြယ္တကူ မ၀င္ေရာက္ေစႏိုင္ပါ။

(၁၈) ည အိပ္ေပ်ာ္ပါက ပန္းသီးကို မိမိအိပ္ယာ အနီးတြင္ ထားအိပ္ျခင္းျဖင့္ ပန္းသီး၏ရနံ ့့ေၾကာင့္ အိပ္ေမာက်ေစႏိုင္ပါသည္။

(၁၉) အဆစ္အျမစ္ေရာင္ရမ္း ကိုက္ခဲျခင္း ေ၀ဒနာမ်ားကို သက္သာေပ်ာက္ကင္းေစႏိုင္ပါသည္။
အလွအပ ရႈေထာင့့္္မွၾကည့္မည္ဆိုပါရင္

(က) အေရျပားတြန္႔ျခင္းကို ကာကြယ္ေပးပါသည္

(ခ) ၀က္ျခံမ်ား ေပ်ာက္ကင္းေစပါသည္

(ဂ) ဆံေကသာ ကိုသန္စြမ္းေစပါသည္

(ဃ) ခံတြင္း ရနံ ့ကို ရွင္းသန္ ့ေစကာ၊ သြားဖံုးမ်ားကုိလည္း ႀကံ့ခိုင္ေစပါသည္

(င) အမွွ်င္ဓာတ္ေပါမ်ားၿပီး ကယ္လိုရီပါ၀င္မႈ နည္းပါးေသာေၾကာင့္ ကို္ယ္အေလးခ်ိန္ကို က်ေစပါသည္

(စ) မ်က္ႏွာအဆီျပန္သူမ်ား ႏွင့္ ၀က္ျခံေပါက္သူမ်ား အတြက္ စားပြဲတင္ဇြန္း တစ္ဇြန္းစာပမာဏ ရွိေသာ ပ်ားရည္ကို အခြံႏႊာက်ိတ္ေခ်ထားေသာ ပန္းသီး (၂)လံုး ျဖင့္ ေရာစပ္၍ မ်က္ႏွာအႏွံ ့ သုတ္လိမ္းျပီးေနာက္၊ မိနစ္ ႏွစ္ဆယ္အၾကာတြင္ ေရသန္ ့သန္ ့ျဖင္ ့ အသာအယာေဆးေၾကာ ေပးျခင္းျဖင့္ ေခ်းေညွာ္ကင္းစင္ကာ ၾကည္လင္၀င္းပေသာ လွတစ္မ်က္ႏွာပိုင္ရွင္ ျဖစ္လာပါလိမ့္မည္

(ဆ) စက္မႈစြမ္းအားနည္း ပညာမ်ား တိုးတက္လွ်က္ရွိရာ ပန္းသီး၏ သတၱရည္ ႏွင့္ရနံ ့ကို အေျခခံကာ ေခါင္းအစ၊ ေျခအဆံုး အသံုးျပဳႏို္င္ေသာ အလွကုန္ ပစၥၫ္းမ်ား ထုတ္လုပ္ေရာင္းခ်လွ်က္ရွိပါသည္။

သတိျပဳရန္။ ပန္းသီးသည္ လူသားတို ့က်န္းမာေရးကို အလြန္အမင္းေကာင္းက်ိဳးျပဳေပးပါသည္။ မွန္ပါသည္။ ပန္းသီး သည္ ကစီဓာတ္ မ်ားစြာျဖင့္ အာဟာရျပည့္၀ေစေသာ အဆာေျပသြားရည္စာ သစ္သီးျဖစ္ပါသည္။ သို ့ေသာ္ ထို ကစီဓာတ္က ေသြးထဲရွိသၾကားပမာကို အလွ်င္အျမန္ျမင့္တက္လာေစပါသည္။ ထို ့ေၾကာင့္ ပန္းသီးကို အလြန္အကြ်ံစားမိပါက၊ ခႏၵာကိုယ္အေလးခ်ိန္ကိုမက်ေစသည့္ျပင္၊ အေလးခ်ိန္ပိုမိုတိုးပြားလာေစႏိုင္ျဖင့္ လူတစ္ဦး သည္ တစ္ေန ့လွ်င္ ပန္းသီးကို (၃)လံုးထက္ ပိုမစားသင့္ေၾကာင္း Minnesota University မွ Dr.Joanne Slavin ကအၾကံျပဳထားပါသည္။

International Gold Gym မွ အစားအေသာက္ ၫႊန္ၾကားေရးမွဴး တာမီဖလင္း ဆိုသူက၊ ပန္းသီးတစ္လံုးေန ့စဥ္၊ စားေပးျခင္း သည္ ေကာင္းမြန္သည့့္ စားေသာက္မႈပံုစံဟု ဆိုထားပါသည္္။

 ျမန္မာျပည္တြင္ ပန္းသီးသည္ စက္တဘၤာလ မွ စ၍ လွိဳင္လွိဳင္ ေပါပါသည္။ ယခုအခါ ျမန္မာျပည္ေစ်းကြက္တြင္ ပန္းသီးက တစ္ႏွစ္ပတ္လံုး ေနရာယူထားႏိုင္ၿပီး၊ ေစ်းႏႈန္းလည္း သင့္တင့္ သည့္အတြက္ လူတိုင္း၀ယ္ယူစားသံုးႏိုင္ၾကပါျပီ။ ထို ့ေၾကာင့္ “အစာလည္းေဆး၊ ေဆးလည္းအစာ” ဆိုသကဲ့သို ့ ပန္းသီး စားသံုးသည့္ အေလ့အက်င့္တစ္ရပ္ကို ေမြးျမဴၾကေစ လိုပါေၾကာင္း….။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:(ေပါက္ေပါက္)

Unicode Version

ပန်သီး ဟု အမည်ရသော Apple စာလုံးသည် အင်္ဂလိပ်ဝေါဟာရ Aeppel မှ ဆင်းသက်လာပါသည်။ သမိုင်းသုတေသီ များ၏ အဆိုအမိန့်အရ၊ ပန်းသီးပင်များကို ရောမလူမျိုးများက စတင်စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။ သို့ သော် အချို့သမိုင်းပညာရှင်များကတော့ ပန်းသီးသည် အာရှတိုက်တောင်ပိုင်းမှ စတင်ပေါက်ရောက်ခဲ့သည်ဟု အဆိုရှိခဲ့ပြန် ပါသည်။ မည်သို့ပင်ဆိုစေကာမူ ယနေ့မျက်မှောက်ကာလတွင် ပန်းသီး၏ ချိုမြကောင်းမွန်သော အနံ့နှင့်အရသာ တို့ ကြောင့် ကမ္ဘာနှင့်အဝှမ်း အရွယ်(၃)ပါး မရွေး လူတိုင်းနှစ်ြခိုက်စွာ စားသုံးနေကြပါပြီ။

ပန်းသီးသည် သူရှင်သန်ပေါက်ရောက်ရာ နေရာဒေသပေါ်လိုက်၍ ကမ္ဘာပေါ်တွင် ပန်းသီးအမျိုးအစားပေါင်း ၇၀၀၀ ကျော်ခန့် ရှိပါသည်။ ယေဘုယျ အားဖြင့် ဆိုရသော် ပန်းသီးသည် အနီရောင်၊ အဝါရောင် နှင့် အစိမ်းရောင် ဟူ၍ (၃)မျိုးရှိပါသည်။ အနီရောင်ပန်းသီး ကို လူကြိုက်အများဆုံးဖြစ်ပါသည်။ အနီရောင်ပန်းသီး သည် မှည့်လေချိုလေ ဖြစ်ပါသည်။ အဝါရောင်ပန်းသီး သည် ရနံ့ပိုမွှေးကာ အရသာမှာ အနီရောင်ပန်းသီးကဲ့သို့ချိုပါသည်။ အသီး၏ ပုံသဏ္ဍာန်မှာလည်း အနီရောင်ပန်းသီးကဲ့သို့ လုံးဝန်းပါသည်။ အစိမ်းရောင်ပန်းသီး သည် နူးညံ့၍ အတန်ငယ် ချဉ်သောအရသာရှိကာ အရည်ရွှမ်းပါသည်။ ဖျော်ရည်အဖြစ် သောက်သုံးနိုင်ပါသည်။ ပုံသဏ္ဍာန်မှာ မလုံးဝန်းဘဲ အနည်းငယ် ရှည်သယောင်ရှိပါသည်။

" ပန်းသီးဆောင်ထား၊ဆရာဝန်ရှောင်ရှား " ဆိုသော ဆိုရိုးစကားရှိပါသည်။ အဓိပ္ပာယ်ကတော့ လူသားတို့ကျန်းမာရေးကို များစွာ အထောက်အကူပြုစေသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသာမက၊ ဗီတာမင် နှင့် သတ္တုဓာတ်များ ပေါကြွယ်ဝသော၊ ပန်းသီးကို တစ်နေ့တစ်လုံးမှန်မှန် စားပေးရုံမျှဖြင့် ကိုယ်ခံစွမ်းအားများ တိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါသည်။ တိုးတက် လျက်ရှိသော ယနေ့ကမ္ဘာတွင် ကျန်းမာရေးအမြင်ရှိသူတိုင်း၊ ပန်းသီး၏အရေးပါပုံကို နားလည်ထားကြပြီး ဖြစ်ပါသည်။ မှန်ပါသည်။ ကျန်းမာရေး ရှုထောင့်မှ ကြည့်မည်ဆိုပါလျှင် နီ/ဝါ/စိမ်းရောင် ရှိကြသော ပန်းသီးအားလုံး တို့သည် လူသားတို့ကျန်းမာရေးကို သူမတူအောင် အထောက်အကူပေးစွမ်းနိုင်ပါသည်။ ပန်းသီး၏ အခွံသည်လည်း ကျန်းမာရေးကို အထောက်အကူပြုစေနိုင်သဖြင့် အခွံပါ ဝါးစား ပေးသင့်ပါသည်။

(၁) ပန်းသီးကို ကိုက်ဝါးလိုက်သောအခါ၊ ထွက်ရှိလာသော တံတွေးတို့သည် ခံတွင်းထဲရှိဘက်တီးရီးယားပမာဏကို ကျဆင်းစေ သည့်အပြင်၊ သွားများပျက်စီးခြင်းမှလဲ ကာကွယ်ပေးနိုင်ပါသည်။ ထို့ပြင် ပန်းသီး၏ သတ္တုရည်သည် သွားများကို ပိုမိုဖြူစင် စေသည်သာမက၊ သွားကျန်းမာရေးကိုလဲ ကောင်းကျိုးပြုပေးပါသည်။

(၂) Cornell University တွင် ကြွက်များကို ပန်းသီးဖျော်ရည်ဖြင့်စမ်းသပ်တိုက်ကျွေးခဲ့ကြရာ၊ ပန်းသီးထဲရှိ quercetin ဓာတ်သည် ဦးနှောက်ထဲရှိဆဲလ်များ ပျက်စီးယိုယွင်းလာခြင်းနှင့် မှတ်ဉာဏ်ရည်ကျဆင်းလာခြင်းတို့ကို ကာကွယ်ပေးနိုင်စွမ်းရှိသဖြင့် အယ်လ်ဇိုင်းမား (ခေါ်) အကြိုဇရာရောဂါကို ကာကွယ်ပေးနိုင်ကြောင်း အတည်ပြုထောက်ခံထားပါသည်။

(၃) ပန်းသီးထဲတွင်ပါဝင်သော ဓာတ်ပေါင်းစုတို့က၊ ဦးနှောက်ထဲရှိအာရုံခံအဖွဲ့အစည်းကို တိုးတက်ကောင်းမွန်စေနိုင်သဖြင့် ပါကင်ဆန်(ခေါ်) အကြောအားနည်း၍ ခြေ/လက် တုန်ခြင်းရောဂါကို ကာကွယ်ပေးနိုင်ပါသည်။

(၄) ပန်းသီးထဲတွင် flavonol အမြောက်အများပါရှိသောကြောင့် ပန်ကရိယ(ခေါ်)မုန့်ချိုအိတ် ကင်ဆာကြီးထွားပြန့်ပွားလာမှုကို ၂၃% ထိ လျော့ချပေးနိုင်ပါသည်။ ထို့ပြင် ပန်းသီး၏ အခွံထဲတွင် ပါရှိသော သဘာဝဓာတ်ပေါင်းတစ်မျိုးက အဆုတ်၊ အသဲ၊ အူမ နှင့် ရင်သားကင်ဆာလဲလ်အကျိတ်များ ကြီးထွားလာမှုကိုလဲ ဟန့်တားပေးနိုင်စွမ်းရှိပါသည်။

(၅) ပန်းသီးထဲတွင်ပါရှိသော galacturonic အက်ဆစ်သည် ခန္ဒာကိုယ်ထဲရှိ အင်ဆူလင်ကို ထိန်းညှိပေးနိုင်ပါသည်။ ထို့ကြောင့် နေ့စဉ် ပန်းသီး၁-လုံးမှန်မှန်စားသောအမျိုးသမီးများသည် ပန်းသီးမစားစေသာအမျိုးသမီးများထက် ဆီးချိုရောဂါ ဖြစ်လာနိုင်ချေ နဲပါးပါသည်။

(၆) ပန်းသီးအခွံထဲတွင်ပါရှိသော phenolic ဓာတ်ပေါင်းစုသည် နှလုံးသွေးလွှတ်ကြောနံရံများ ပိတ်ဆို့မာကျစ်ခြင်းကို လျော့ပါး စေပြီး၊ နှလုံးသွေကိုလည်း ကောင်းမွန်စွာစီဆင်းလည်ပတ်စေနိုင်သဖြင့် နှလုံးကျန်းမာရေးကို လွန်စွာကောင်းကျိုးပြုပါသည်။

(၇) တစ်နေ့လျှှင်ပန်းသီး ၂-လုံးပုံမှန်စားပေးရုံမျှဖြင့် အူထဲရှိ ကိုလက်စထရောပမာဏကို ကျစေကာ၊ အူကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေပါသည်။

(၈) သည်းခြေကျောက်တည်ခြင်းကိုလဲ ကာကွယ်ပေးနိုင်ပါသည်။

(၉) ဗိုက်နာဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ ဝမ်းလျောရောဂါနှင့်ဝမ်းချုပ်ခြင်းတို့အတွက်လဲ ပန်းသီးကို ဆေးအဖြစ် စားသုံးပေးနိုင် ပါသည်။ ပန်းသီးက အစွန်းမရောက်စေဘဲ၊ မှျှခြေရှိပါသည်။

(၁၀) အဝလွန်ခြင်းသည် နှလုံေးရာဂါ၊ လေဖြတ်ခြင်း၊ သွေးတိုး၊ ဆီးချို၊ နာတာရှည် အိပ်မပျော်ခြင်း စသည့် ရောဂါ တို့နှင့်ဆက်စပ်မှုရှိပါသည်။ ထို့ကြောင့်ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပြီး၊ ခန္ဒာကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သည့် ပန်းသီးကို မှန်မှန်စားသောက်ပေးကြရန် ဘရာဇီးလ် နိုင်ငံရှိ ဆေးသုတေသီများအဖွဲ့က အကြံပြုတိုက်တွန်းထားပါသည်။

(၁၁) ကျွန်ုပ်တို့နေ့စဉ်စားသောက်နေသော အစားအစာများက၊ ခန္ဒာကိုယ်ကို အနဲ နှင့်အများဆိုသလို မသိမသာ အဆိပ် အတောက်ဖြစ်စေပါသည်။ ထိုအဆိပ်အတောက်များကိုအသည်းက တာဝန်ယူသန့်စင်ပေးနေရပါသည်။ ပန်းသီး က အဆိပ် အတောက်များကိုပြေပျောက်စေသဖြင့် အသည်းကိုအားကောင်းစေကာ၊ အသည်းကင်ဆာဖြစ်ပေါ်လာမှုကို ၅၇% ထိ လျော့ချပေး နိုင်ပါသည်။

(၁၂) အနီရောင်ပန်းသီးထဲတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါရှိသောကြောင့် အာဟာရဖြစ်စေကာ၊ ကိုယ်ခံစွမ်းအား ကိုမြှင့်တင်ပေးပါသည်။ အထူးသဖြင့် စိတ်ဖိစီးခြင်းကို ပြေလျော့စေနိုင်ပါသည်။

(၁၃) မျက်စေ့အတွင်းတိမ် ရောဂါကို ကာကွယ်ပေးနိုင်ပါသည်။

(၁၄) ကမ္ဘာပေါ်တွင် ဆေးဘက်ဝင်သစ်သီးများစွာရှိသော်လဲ၊ phloridzin ဓာတ်သည် ပန်းသီးတစ်မျိုးထဲတွင်သာ ပါရှိပါသည်။ ထိုဓာတ်သည် အမျိုးသမီးများသွေးဆုံးပြီးနောက် အရိုးပွခြင်းကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်းရှိပါသည်။ ထို့ပြင် အရိုးကိုသိပ်သည်းစေပြီး၊ ကျန်းမာသန်စွမ်းစေပါသည်။

(၁၅) ကိုယ်ဝန်ဆောင်မိခင်များ ပန်းသီးမှန်မှန်စားသောက်ပေးခြင်းဖြင့် မွေးဖွားလာသောရင်သွေးငယ်များတွင် ပန်းနာရင်ကျပ် ရောဂါ ကင်းစင်စေပါသည်။

(၁၆) ပန်းသီးထဲတွင် ပြည့်ဝဆီနှင့် ကိုလက်စထရောတို့(လုံးဝ) မပါရှိပါ။ အမျှင်ဓာတ်ကြွယ်ဝစွာပါရှိသောကြောင့့် အစာချေ စံနစ် ကို တိုးတက်ကောင်းမွန်စေပါသည်။ အူမကြီး ကင်ဆာ ကိုကာကွယ်ပေးနိုင်ပါသည်။

(၁၇) ပန်းသီးထဲတွင် vitamin C နှင့် vitamin B ဓာတ်ပေါင်းစုတို့ အလုံအလောက်ပါရှိသဖြင့် ကိုယ်ခန္ဒာအတွင်းရှိ ဇီဝကမ္မ ဖြစ်စဉ်ကို ကောင်းကျိုးပြုပါသည်။ ပြင်ပကူးစက်ရောဂါ အမျိုးမျိုးတို့ကိုလဲ အလွယ်တကူ မဝင်ရောက်စေနိုင်ပါ။

(၁၈) ည အိပ်ပျော်ပါက ပန်းသီးကို မိမိအိပ်ယာ အနီးတွင် ထားအိပ်ခြင်းဖြင့် ပန်းသီး၏ရနံ့ကြောင့် အိပ်မောကျစေနိုင်ပါသည်။

(၁၉) အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲခြင်း ဝေဒနာများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။
အလှအပ ရှုထောင့့််မှကြည့်မည်ဆိုပါရင်

(က) အရေပြားတွန့်ခြင်းကို ကာကွယ်ပေးပါသည်

(ခ) ဝက်ခြံများ ပျောက်ကင်းစေပါသည်

(ဂ) ဆံကေသာ ကိုသန်စွမ်းစေပါသည်

(ဃ) ခံတွင်း ရနံ့ကို ရှင်းသန့်စေကာ၊ သွားဖုံးများကိုလည်း ကြံ့ခိုင်စေပါသည်

(င) အမှျှင်ဓာတ်ပေါများပြီး ကယ်လိုရီပါဝင်မှု နည်းပါးသောကြောင့် ကိုယ်အလေးချိန်ကို ကျစေပါသည်

(စ) မျက်နှာအဆီပြန်သူများ နှင့် ဝက်ခြံပေါက်သူများ အတွက် စားပွဲတင်ဇွန်း တစ်ဇွန်းစာပမာဏ ရှိသော ပျားရည်ကို အခွံနွှာကျိတ်ချေထားသော ပန်းသီး (၂)လုံး ဖြင့် ရောစပ်၍ မျက်နှာအနှံ့ သုတ်လိမ်းပြီးနောက်၊ မိနစ် နှစ်ဆယ်အကြာတွင် ရေသန့်သန့်ဖြင့် အသာအယာဆေးကြော ပေးခြင်းဖြင့် ချေးညှော်ကင်းစင်ကာ ကြည်လင်ဝင်းပသော လှတစ်မျက်နှာပိုင်ရှင် ဖြစ်လာပါလိမ့်မည်

(ဆ) စက်မှုစွမ်းအားနည်း ပညာများ တိုးတက်လျှက်ရှိရာ ပန်းသီး၏ သတ္တရည် နှင့်ရနံ့ကို အခြေခံကာ ခေါင်းအစ၊ ခြေအဆုံး အသုံးပြုနိုင်သော အလှကုန် ပစ္စည်းများ ထုတ်လုပ်ရောင်းချလျှက်ရှိပါသည်။

သတိပြုရန်။ ပန်းသီးသည် လူသားတို့ကျန်းမာရေးကို အလွန်အမင်းကောင်းကျိုးပြုပေးပါသည်။ မှန်ပါသည်။ ပန်းသီး သည် ကစီဓာတ် များစွာဖြင့် အာဟာရပြည့်ဝစေသော အဆာပြေသွားရည်စာ သစ်သီးဖြစ်ပါသည်။ သို့သော် ထို ကစီဓာတ်က သွေးထဲရှိသကြားပမာကို အလျှင်အမြန်မြင့်တက်လာစေပါသည်။ ထို့ကြောင့် ပန်းသီးကို အလွန်အကျွံစားမိပါက၊ ခန္ဒာကိုယ်အလေးချိန်ကိုမကျစေသည့်ပြင်၊ အလေးချိန်ပိုမိုတိုးပွားလာစေနိုင်ဖြင့် လူတစ်ဦး သည် တစ်နေ့လျှင် ပန်းသီးကို (၃)လုံးထက် ပိုမစားသင့်ကြောင်း Minnesota University မှ Dr.Joanne Slavin ကအကြံပြုထားပါသည်။

International Gold Gym မှ အစားအသောက် ညွှန်ကြားရေးမှူး တာမီဖလင်း ဆိုသူက၊ ပန်းသီးတစ်လုံးနေ့စဉ်၊ စားပေးခြင်း သည် ကောင်းမွန်သည့့် စားသောက်မှုပုံစံဟု ဆိုထားပါသည်။

 မြန်မာပြည်တွင် ပန်းသီးသည် စက်တင်္ဘာလ မှ စ၍ လှိုင်လှိုင် ပေါပါသည်။ ယခုအခါ မြန်မာပြည်ဈေးကွက်တွင် ပန်းသီးက တစ်နှစ်ပတ်လုံး နေရာယူထားနိုင်ပြီး၊ ဈေးနှုန်းလည်း သင့်တင့် သည့်အတွက် လူတိုင်းဝယ်ယူစားသုံးနိုင်ကြပါပြီ။ ထို့ကြောင့် “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုသကဲ့သို့ ပန်းသီး စားသုံးသည့် အလေ့အကျင့်တစ်ရပ်ကို မွေးမြူကြစေ လိုပါကြောင်း….။

ဖိုးသူတော် (www.phothutaw.com)
Credit:(ပေါက်ပေါက်)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top