Kantharyar Centre
×

ၿပီးခဲ့သည့္  ေအာက္တို ဘာက အလဲလဲအၿပိဳၿပိဳ ျဖစ္ေန ေသာ ခ်ယ္လ္ဆီးအသင္းသို႔ သြား ေရာက္၍ ၎၏ပထမဆံုးပရီးမီး ယားလိဂ္ႏိုင္ပြဲ ႀကံဳေတြ႕ခဲ့သည့္ လီဗာပူးနည္းျပ ဂ်ာဂန္ကေလာ့ပ္ သည္ ယေန႔ည စတန္းဖို႔ဒ္ဘရစ္ခ်္ ကြင္းသို႔ ျပန္သြားရာတြင္ ပိုမိုခက္ ခဲေသာ စိန္ေခၚမႈကို ေမွ်ာ္လင့္ ေနသည္။

ၿပီးခဲ့သည့္ သီတင္းပတ္က ခ်န္ပီယံလက္စတာကို ၄-၁ ဂိုး ျဖင့္ ေခ်မႈန္းႏိုင္ခဲ့သျဖင့္ လီဗာပူး စိတ္ဓာတ္ တက္ႂကြေနေသာ္ လည္း ခ်ယ္လ္ဆီးတြင္ ယခုအခါ အီတလီနည္းျပ ကြန္တီက တာ ၀န္ယူထားၿပီး ရာသီအစ၌ ႏိုင္ပြဲ မ်ားရရွိထားသည္။

‘‘ကြၽန္ေတာ္အရမ္းစိတ္လႈပ္ ရွားေနပါတယ္။ ပရီးမီးယားလိဂ္ မွာ ခ်ယ္လ္ဆီးနဲ႔ ပြဲစဥ္ေတြဟာ စပယ္ရွယ္ေတြပါပဲ။ သူတို႔ဟာ ေတာင့္တင္းတဲ့ အသင္းပါ။ အ ခ်ိန္ေကာင္းေတြ ႀကံဳေနတယ္။ သူ တို႔ဟာ ၿပိဳင္ဆိုင္မႈျပင္းထန္တယ္။ ႀကံ႕ခိုင္မႈအားေကာင္းၿပီးၿပီးခဲ့တဲ့ ႏွစ္အေတြ႕အႀကံဳေတြကေန သင္ ယူခဲ့ပါတယ္’’ဟု ကေလာ့ပ္က ခ်ယ္လ္ဆီးႏွင့္ပြဲအေၾကာင္းေျပာ သည္။ယခုခ်ယ္လ္ဆီးသည္ ၿပီးခဲ့ သည့္ႏွစ္က ခ်ယ္လ္ဆီးမဟုတ္ ေတာ့ဘဲ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ေနကာ တကယ့္စိန္ ေခၚမႈအတြက္ လီဗာပူးက အသင့္ ျပင္ဆင္ထားရမည္ဟု ကေလာ့ပ္ က ဆက္လက္ေျပာၾကားသည္။

ဂ်ဴဗင္တပ္ႏွင့္ အီတလီနည္း ျပေဟာင္းကြန္တီသည္ ယူ႐ို ၂၀၁၆ ၿပိဳင္ပြဲအၿပီးတြင္ ခ်ယ္လ္ ဆီးသို႔ ေရာက္လာခဲ့ၿပီး ယခုရာသီ ပရီီးမီးယားလိဂ္ေလးပြဲ၌ သံုးပြဲ အႏိုင္ရရွိထားကာ ဒုတိယေနရာ ရ ယူထားသည္။

သို႔ေသာ္ ခ်ယ္လ္ဆီးထက္ သံုးမွတ္ေလ်ာ့ၿပီး နံပါတ္ ၆ ေနရာရရွိထားေသာ လီဗာပူးက ခ်ယ္လ္ဆီးကို အံ့အားသင့္ေစ မည္ဟု ယံုၾကည္ေနသည္။

‘‘ကြၽန္ေတာ္တို႔မွာ စိန္ေခၚမႈ ရွိေနပါတယ္။ အဲဒီကိုသြားၿပီး သူတို႔အတြက္ တကယ့္ျပႆနာ ေတြ ဖန္တီးခ်င္တယ္။ ဒီပြဲကို တကယ္ပဲ ေမွ်ာ္လင့္ေစာင့္စားေန ပါတယ္’’ဟု ကေလာ့ပ္က ဆက္ လက္ေျပာသည္။

လီဗာပူးတြင္ ေနာက္တန္း လူ ေလာ့ဗ္ရန္ျပန္ပါလာမည္ျဖစ္ ကာ ကြင္းလယ္လူ အမ္မရီကန္ သည္ ႀကံ႕ခိုင္မႈ မျပည့္၀ေသးဟု ကေလာ့ပ္ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ပြီးခဲ့သည့်  အောက်တို ဘာက အလဲလဲအပြိုပြို ဖြစ်နေ သော ချယ်လ်ဆီးအသင်းသို့ သွား ရောက်၍ ၎င်း၏ပထမဆုံးပရီးမီး ယားလိဂ်နိုင်ပွဲ ကြုံတွေ့ခဲ့သည့် လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ် သည် ယနေ့ည စတန်းဖို့ဒ်ဘရစ်ချ် ကွင်းသို့ ပြန်သွားရာတွင် ပိုမိုခက် ခဲသော စိန်ခေါ်မှုကို မျှော်လင့် နေသည်။

ပြီးခဲ့သည့် သီတင်းပတ်က ချန်ပီယံလက်စတာကို ၄-၁ ဂိုး ဖြင့် ချေမှုန်းနိုင်ခဲ့သဖြင့် လီဗာပူး စိတ်ဓာတ် တက်ကြွနေသော် လည်း ချယ်လ်ဆီးတွင် ယခုအခါ အီတလီနည်းပြ ကွန်တီက တာ ဝန်ယူထားပြီး ရာသီအစ၌ နိုင်ပွဲ များရရှိထားသည်။

‘‘ကျွန်တော်အရမ်းစိတ်လှုပ် ရှားနေပါတယ်။ ပရီးမီးယားလိဂ် မှာ ချယ်လ်ဆီးနဲ့ ပွဲစဉ်တွေဟာ စပယ်ရှယ်တွေပါပဲ။ သူတို့ဟာ တောင့်တင်းတဲ့ အသင်းပါ။ အ ချိန်ကောင်းတွေ ကြုံနေတယ်။ သူ တို့ဟာ ပြိုင်ဆိုင်မှုပြင်းထန်တယ်။ ကြံ့ခိုင်မှုအားကောင်းပြီးပြီးခဲ့တဲ့ နှစ်အတွေ့အကြုံတွေကနေ သင် ယူခဲ့ပါတယ်’’ဟု ကလော့ပ်က ချယ်လ်ဆီးနှင့်ပွဲအကြောင်းပြော သည်။ယခုချယ်လ်ဆီးသည် ပြီးခဲ့ သည့်နှစ်က ချယ်လ်ဆီးမဟုတ် တော့ဘဲ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေကာ တကယ့်စိန် ခေါ်မှုအတွက် လီဗာပူးက အသင့် ပြင်ဆင်ထားရမည်ဟု ကလော့ပ် က ဆက်လက်ပြောကြားသည်။

ဂျူဗင်တပ်နှင့် အီတလီနည်း ပြဟောင်းကွန်တီသည် ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးတွင် ချယ်လ် ဆီးသို့ ရောက်လာခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်လေးပွဲ၌ သုံးပွဲ အနိုင်ရရှိထားကာ ဒုတိယနေရာ ရ ယူထားသည်။

သို့သော် ချယ်လ်ဆီးထက် သုံးမှတ်လျော့ပြီး နံပါတ် ၆ နေရာရရှိထားသော လီဗာပူးက ချယ်လ်ဆီးကို အံ့အားသင့်စေ မည်ဟု ယုံကြည်နေသည်။

‘‘ကျွန်တော်တို့မှာ စိန်ခေါ်မှု ရှိနေပါတယ်။ အဲဒီကိုသွားပြီး သူတို့အတွက် တကယ့်ပြဿနာ တွေ ဖန်တီးချင်တယ်။ ဒီပွဲကို တကယ်ပဲ မျှော်လင့်စောင့်စားနေ ပါတယ်’’ဟု ကလော့ပ်က ဆက် လက်ပြောသည်။

လီဗာပူးတွင် နောက်တန်း လူ လော့ဗ်ရန်ပြန်ပါလာမည်ဖြစ် ကာ ကွင်းလယ်လူ အမ်မရီကန် သည် ကြံ့ခိုင်မှု မပြည့်ဝသေးဟု ကလော့ပ်ကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top