Property Expo
×

ပဥၥမေျမာက္ ႏ်ဴကလီးယားစမ္းသပ္မႈ ျပဳလုပ္ခဲ့ၿပီးေနာက္ သီတင္းပတ္ အနည္းငယ္ အၾကာတြင္ ေျမာက္ကုိရီးယားသည္ ႏိုင္ငံ၏ ပထမဆံုး ေလေၾကာင္းျပပဲြကို စက္တင္ဘာ ၂၄ ရက္က ျပဳလုပ္ခဲ့သည္။
ယခင္က စစ္ဘက္သံုး ေလယာဥ္ကြင္း ျဖစ္ခဲ့ၿပီး ၿပီးခဲ့ေသာႏွစ္တြင္ မြမ္းမံျပင္ဆင္မႈ ၿပီးစီးခဲ့သည့္ ကယ္မာေလဆိပ္တြင္ Wonsan International Friendship Air Festival ကို ႏွစ္ရက္ၾကာ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ေမွ်ာ္လင့္မထားေသာ အရပ္ဘက္ႏွင့္ စစ္ဘက္သံုး ေလယာဥ္မ်ားကို ျပသခဲ့ျခင္းလည္း ျဖစ္သည္။

ယင္းျပပဲြကို စက္တင္ဘာ ၉ ရက္တြင္ ပဥၥမေျမာက္ ႏ်ဴကလီးယား စမ္းသပ္မႈ မျပဳလုပ္မီကတည္းက ႀကိဳတင္ျပင္ဆင္ ထားၿပီးျဖစ္သည္။ ယင္းစမ္းသပ္မႈေၾကာင့္ ႏိုင္ငံတကာက အလြန္အမင္း ေဒါသထြက္ခဲ့ၾကၿပီး ႏ်ဴကလီးယားလက္နက္ ပိုင္ဆိုင္ၿပီး အလြန္အမင္း အထီးက်န္ေနေသာ ေျမာက္ကုိရီးယားကို ပိတ္ဆို႔အေရးယူမႈမ်ား ထပ္မံခ်မွတ္မည္ဟု ၿခိမ္းေျခာက္ခဲ့သည္။

ယင္းျပပဲြကို အေမရိကန္၏ Hughes MD-500 စစ္ဘက္ ရဟတ္ယာဥ္၏ ေလေၾကာင္း သ႐ုပ္ျပမႈျဖင့္ စတင္ခဲ့သည္။ ယင္းေလယာဥ္သည္ ၁၉၈၀ ျပည့္လြန္ႏွစ္မ်ားတြင္ အေမရိကန္၏ ပို႔ကုန္ကန္႔သတ္မႈမ်ားကို ေရွာင္လဲႊၿပီး တတိယတစ္ႏိုင္ငံမွတစ္ဆင့္ ၀ယ္ယူခဲ့ေသာ ေလယာဥ္မ်ားအနက္ တစ္စင္းျဖစ္သည္။ ေျမာက္ကုိရီးယားသည္ ဇန္န၀ါရီ ၆ ရက္က စတုတၳအႀကိမ္ေျမာက္ ႏ်ဴကလီးယား စမ္းသပ္ခဲ့ၿပီးေနာက္ ကုလသမဂၢ လံုျခံဳေရးေကာင္စီက ေျမာက္ကုိရီးယား ေလေၾကာင္းက႑ကို ပစ္မွတ္ထား၍ ကန္႔သတ္ခ်က္မ်ား ခ်မွတ္ခဲ့သည္။ ယင္းဆံုးျဖတ္ခ်က္မ်ားအရ ကုလအဖဲြ႕၀င္ႏုိင္ငံမ်ားသည္ ေျမာက္ကိုရီးယားထံ ေလေၾကာင္းသံုး ေလာင္စာဆီမ်ား ေထာက္ပံ့ျခင္း သို႔မဟုတ္ ေရာင္းခ်ျခင္း ျပဳလုပ္ခြင့္ မရွိေပ။

သို႔ေသာ္ Nautilus Institute for Security က မၾကာေသးမီက ထုတ္ျပန္ခဲ့ေသာ အစီရင္ခံစာတြင္ ေျမာက္ကိုရီးယားသည္ ျပည္တြင္း၌ ဂ်က္ေလယာဥ္သံုး ေလာင္စာ ေထာက္ပံ့မႈရွိသျဖင့္ ေလတပ္မွ ေလယာဥ္မ်ားသည္ အထူးသျဖင့္ ႏွစ္စဥ္ ျပဳလုပ္ရေသာ ေလ့က်င့္ပ်ံသန္းမႈ နည္းပါးျခင္းေၾကာင့္ ပ်ံသန္းႏိုင္ရန ္အတြက္မူ လံုေလာက္ႏုိင္ေျခရွိေၾကာင္း ေဖာ္ျပခဲ့သည္။

ယင္းေလေၾကာင္းျပပဲြတြင္ Hughes ရဟတ္ယာဥ္ေနာက္မွ ေျမာက္ကိုရီးယား ေလတပ္တြင္ အဆင့္ျမင့္ဆံုး ေလယာဥ္ျဖစ္သည့္ ဆိုဗီယက္ေခတ္ တည္ေဆာက္ခဲ့ေသာ Mikoyan MiG-29 Fulcrum ၏ အေစာပိုင္း ေမာ္ဒယ္ေလယာဥ္က တစ္စင္းတည္း သ႐ုပ္ျပပ်ံသန္းခဲ့သည္။ ေျမာက္ကိုရီးယား ေလတပ္တြင္ က်န္ရွိေသာ ေလယာဥ္တပ္စု၏ အမ်ားစုမွာ MiG-17၊ MiG-19 ႏွင့္ MiG – 21 မ်ားကို တ႐ုတ္က ပံုစံတူ တည္ေဆာက္ထားေသာ သက္တမ္းရင့္ ေလယာဥ္မ်ားျဖစ္သည္။ ေျမာက္ကုိရီးယားတြင္ ေလယာဥ္ပ်ံသန္းခ်ိန္ႏွင့္ ေလယာဥ္မွဴးမ်ား ေလ့က်င့္ခ်ိန္ နည္းပါးမႈတုိ႔က အိမ္နီးခ်င္း ေတာင္ကိုရီးယားႏွင့္ ႏိႈင္းယွဥ္ပါက ေလတပ္နည္းပညာ အလြန္အမင္း ကြာဟေစခဲ့ေၾကာင္း ကြၽမ္းက်င္ပညာရွင္မ်ားက ဆုိသည္။

ေျမာက္ကုိရီးယား ေလဆိပ္မ်ားသည္ ပံုမွန္အားျဖင့္ လံုျခံဳေရး တင္းက်ပ္ေသာ ေနရာမ်ား ျဖစ္ေသာ္လည္း ကာမယ္ေလဆိပ္ႏွင့္ ယင္းပတ္လည္ရွိ ေလယာဥ္ကြင္းတြင္ ျပဳလုပ္ခဲ့ေသာ ယင္းေလေၾကာင္းျပပဲြသို႔ ေထာင္ႏွင့္ခ်ီေသာ ေဒသခံပရိသတ္မ်ား၊ ျပည္ပမီဒီယာႏွင့္ ႏုိင္ငံေပါင္း ၂၀ မွ ေလေၾကာင္းကို အလြန္အမင္း စိတ္ပါ၀င္စားသူ ရာဂဏန္းကို ၾကည့္႐ႈေလ့လာခြင့္ ေပးခဲ့သည္။

ယင္းျပပဲြတြင္ ေျမာက္ကိုရီးယား၏ ပထမဆံုး အမ်ဳိးသမီး တုိက္ေလယာဥ္မွဴး ႏွစ္ဦးက ဆုိဗီယက္ေခတ္လုပ္ MiG – 21 တုိက္ေလယာဥ္ ႏွစ္စင္းအား အလွျပ ပ်ံသန္းမႈကို ပရိသတ္မ်ားက အထူးစိတ္၀င္စားခဲ့ၾကသည္။ ဂ်ဳိကမ္-ယန္ႏွင့္ ရင္ဆို ဟုေခၚဆိုေသာ ယင္းအမ်ဳိးသမီး ႏွစ္ဦးသည္ ၿပီးခဲ့ေသာႏွစ္တြင္ ေခါင္းေဆာင္ ကင္ဂ်ဳံအြန္က ၎တုိ႔၏ပ်ံသန္း ေလ့က်င့္မႈတစ္ခုကို လာေရာက္ ၾကည့္႐ႈခဲ့ၿပီး flowers of the sky ဟု အမည္ေျပာင္ေပးခဲ့ၿပီး ေနာက္ပိုင္း ႏိုင္ငံတြင္း၌ ေက်ာ္ၾကားလာခဲ့သည္။

ယင္းေလေၾကာင္းျပပဲြတြင္ MiG29 ေလယာဥ္မ်ားႏွင့္ ေနာက္ပိုင္းတြင္ Sukhoi-25 တိုက္ေလယာဥ္ တစ္စင္းတုိ႔က လူအုပ္ေပၚမွ အနိမ့္ပ်ံသန္းမႈမ်ားကို ျပည္ပေလ့လာသူ အမ်ားအျပားက ေထာက္ျပခဲ့ၾကၿပီး ယင္းကဲ့သုိ႔ ပ်ံသန္းမႈကို ႏိုင္ငံတကာ ေလေၾကာင္းျပပဲြမ်ားတြင္ ခြင့္မျပဳေၾကာင္း ဆိုသည္။

ယခင္က အပန္းေျဖေနရာ ျဖစ္ခဲ့ေသာ ၀န္ဆန္သည္ အနီးရွိ ေမာင့္ကမ္ဂန္ခ႐ိုင္ႏွင့္ ယွဥ္တဲြလ်က္ ယခုအခါ ခရီးသြားလုပ္ငန္း ဖံြ႕ၿဖိဳးတိုးတက္ေရးအတြက္ အဓိက အေရးပါသည့္ေနရာ ျဖစ္လာေနသည္။ ၀န္ဆန္မွ ၂၅ ကီလုိမီတာခန္႔ အကြာတြင္ ကင္ဂ်ဳံအြန္ အလြန္အမင္း ႏွစ္သက္သည့္ စီမံကိန္းတစ္ခုျဖစ္ေသာ ၂၀၁၃ ခုႏွစ္တြင္ ၿပီးစီးခဲ့သည့္ မာဆက္ စကိတ္စီး အပန္းေျဖစခန္းရွိေၾကာင္း သိရသည္။ ေမာင့္ကမ္ဂန္သည္ ယခင္က ေတာင္ကုိရီးယား ခရီးသြားမ်ားအတြက္ ရည္ရြယ္ေသာ အပန္းေျဖ စခန္းတစ္ခုအျဖစ္ ေဖာ္ေဆာင္ခဲ့သည့္ ေနရာျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven News

#Unicode Version
ပဉ္စမမြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ် အကြာတွင် မြောက်ကိုရီးယားသည် နိုင်ငံ၏ ပထမဆုံး လေကြောင်းပြပွဲကို စက်တင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့သည်။
ယခင်က စစ်ဘက်သုံး လေယာဉ်ကွင်း ဖြစ်ခဲ့ပြီး ပြီးခဲ့သောနှစ်တွင် မွမ်းမံပြင်ဆင်မှု ပြီးစီးခဲ့သည့် ကယ်မာလေဆိပ်တွင် Wonsan International Friendship Air Festival ကို နှစ်ရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မျှော်လင့်မထားသော အရပ်ဘက်နှင့် စစ်ဘက်သုံး လေယာဉ်များကို ပြသခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းပြပွဲကို စက်တင်ဘာ ၉ ရက်တွင် ပဉ္စမမြောက် နျူကလီးယား စမ်းသပ်မှု မပြုလုပ်မီကတည်းက ကြိုတင်ပြင်ဆင် ထားပြီးဖြစ်သည်။ ယင်းစမ်းသပ်မှုကြောင့် နိုင်ငံတကာက အလွန်အမင်း ဒေါသထွက်ခဲ့ကြပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်ပြီး အလွန်အမင်း အထီးကျန်နေသော မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ယင်းပြပွဲကို အမေရိကန်၏ Hughes MD-500 စစ်ဘက် ရဟတ်ယာဉ်၏ လေကြောင်း သရုပ်ပြမှုဖြင့် စတင်ခဲ့သည်။ ယင်းလေယာဉ်သည် ၁၉၈၀ ပြည့်လွန်နှစ်များတွင် အမေရိကန်၏ ပို့ကုန်ကန့်သတ်မှုများကို ရှောင်လွဲှပြီး တတိယတစ်နိုင်ငံမှတစ်ဆင့် ဝယ်ယူခဲ့သော လေယာဉ်များအနက် တစ်စင်းဖြစ်သည်။ မြောက်ကိုရီးယားသည် ဇန်နဝါရီ ၆ ရက်က စတုတ္ထအကြိမ်မြောက် နျူကလီးယား စမ်းသပ်ခဲ့ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယား လေကြောင်းကဏ္ဍကို ပစ်မှတ်ထား၍ ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်များအရ ကုလအဖွဲ့ဝင်နိုင်ငံများသည် မြောက်ကိုရီးယားထံ လေကြောင်းသုံး လောင်စာဆီများ ထောက်ပံ့ခြင်း သို့မဟုတ် ရောင်းချခြင်း ပြုလုပ်ခွင့် မရှိပေ။

သို့သော် Nautilus Institute for Security က မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် မြောက်ကိုရီးယားသည် ပြည်တွင်း၌ ဂျက်လေယာဉ်သုံး လောင်စာ ထောက်ပံ့မှုရှိသဖြင့် လေတပ်မှ လေယာဉ်များသည် အထူးသဖြင့် နှစ်စဉ် ပြုလုပ်ရသော လေ့ကျင့်ပျံသန်းမှု နည်းပါးခြင်းကြောင့် ပျံသန်းနိုင်ရန ်အတွက်မူ လုံလောက်နိုင်ခြေရှိကြောင်း ဖော်ပြခဲ့သည်။

ယင်းလေကြောင်းပြပွဲတွင် Hughes ရဟတ်ယာဉ်နောက်မှ မြောက်ကိုရီးယား လေတပ်တွင် အဆင့်မြင့်ဆုံး လေယာဉ်ဖြစ်သည့် ဆိုဗီယက်ခေတ် တည်ဆောက်ခဲ့သော Mikoyan MiG-29 Fulcrum ၏ အစောပိုင်း မော်ဒယ်လေယာဉ်က တစ်စင်းတည်း သရုပ်ပြပျံသန်းခဲ့သည်။ မြောက်ကိုရီးယား လေတပ်တွင် ကျန်ရှိသော လေယာဉ်တပ်စု၏ အများစုမှာ MiG-17၊ MiG-19 နှင့် MiG – 21 များကို တရုတ်က ပုံစံတူ တည်ဆောက်ထားသော သက်တမ်းရင့် လေယာဉ်များဖြစ်သည်။ မြောက်ကိုရီးယားတွင် လေယာဉ်ပျံသန်းချိန်နှင့် လေယာဉ်မှူးများ လေ့ကျင့်ချိန် နည်းပါးမှုတို့က အိမ်နီးချင်း တောင်ကိုရီးယားနှင့် နှိုင်းယှဉ်ပါက လေတပ်နည်းပညာ အလွန်အမင်း ကွာဟစေခဲ့ကြောင်း ကျွမ်းကျင်ပညာရှင်များက ဆိုသည်။

မြောက်ကိုရီးယား လေဆိပ်များသည် ပုံမှန်အားဖြင့် လုံခြုံရေး တင်းကျပ်သော နေရာများ ဖြစ်သော်လည်း ကာမယ်လေဆိပ်နှင့် ယင်းပတ်လည်ရှိ လေယာဉ်ကွင်းတွင် ပြုလုပ်ခဲ့သော ယင်းလေကြောင်းပြပွဲသို့ ထောင်နှင့်ချီသော ဒေသခံပရိသတ်များ၊ ပြည်ပမီဒီယာနှင့် နိုင်ငံပေါင်း ၂၀ မှ လေကြောင်းကို အလွန်အမင်း စိတ်ပါဝင်စားသူ ရာဂဏန်းကို ကြည့်ရှုလေ့လာခွင့် ပေးခဲ့သည်။

ယင်းပြပွဲတွင် မြောက်ကိုရီးယား၏ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး နှစ်ဦးက ဆိုဗီယက်ခေတ်လုပ် MiG – 21 တိုက်လေယာဉ် နှစ်စင်းအား အလှပြ ပျံသန်းမှုကို ပရိသတ်များက အထူးစိတ်ဝင်စားခဲ့ကြသည်။ ဂျိုကမ်-ယန်နှင့် ရင်ဆို ဟုခေါ်ဆိုသော ယင်းအမျိုးသမီး နှစ်ဦးသည် ပြီးခဲ့သောနှစ်တွင် ခေါင်းဆောင် ကင်ဂျုံအွန်က ၎င်းတို့၏ပျံသန်း လေ့ကျင့်မှုတစ်ခုကို လာရောက် ကြည့်ရှုခဲ့ပြီး flowers of the sky ဟု အမည်ပြောင်ပေးခဲ့ပြီး နောက်ပိုင်း နိုင်ငံတွင်း၌ ကျော်ကြားလာခဲ့သည်။

ယင်းလေကြောင်းပြပွဲတွင် MiG29 လေယာဉ်များနှင့် နောက်ပိုင်းတွင် Sukhoi-25 တိုက်လေယာဉ် တစ်စင်းတို့က လူအုပ်ပေါ်မှ အနိမ့်ပျံသန်းမှုများကို ပြည်ပလေ့လာသူ အများအပြားက ထောက်ပြခဲ့ကြပြီး ယင်းကဲ့သို့ ပျံသန်းမှုကို နိုင်ငံတကာ လေကြောင်းပြပွဲများတွင် ခွင့်မပြုကြောင်း ဆိုသည်။

ယခင်က အပန်းဖြေနေရာ ဖြစ်ခဲ့သော ဝန်ဆန်သည် အနီးရှိ မောင့်ကမ်ဂန်ခရိုင်နှင့် ယှဉ်တွဲလျက် ယခုအခါ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အရေးပါသည့်နေရာ ဖြစ်လာနေသည်။ ဝန်ဆန်မှ ၂၅ ကီလိုမီတာခန့် အကွာတွင် ကင်ဂျုံအွန် အလွန်အမင်း နှစ်သက်သည့် စီမံကိန်းတစ်ခုဖြစ်သော ၂၀၁၃ ခုနှစ်တွင် ပြီးစီးခဲ့သည့် မာဆက် စကိတ်စီး အပန်းဖြေစခန်းရှိကြောင်း သိရသည်။ မောင့်ကမ်ဂန်သည် ယခင်က တောင်ကိုရီးယား ခရီးသွားများအတွက် ရည်ရွယ်သော အပန်းဖြေ စခန်းတစ်ခုအဖြစ် ဖော်ဆောင်ခဲ့သည့် နေရာဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top