Property Expo
×

 ငါးအဆီစားျခင္းမွာ အဆီခ်ေဆးမ်ားေသာက္ျခင္းထက္ ပို၍ လ်င္ျမန္စြာ အဆီက်ေစႏိုင္ေသာေၾကာင့္ အသက္(၃၀)ေက်ာ္(၄၀)ေက်ာ္အ ရြယ္ ကိုယ္အေလးခ်ိန္ပိုမ်ားေနသူမ်ား(သို႔မဟုတ္)အဝလြန္ေနသူ မ်ား  ကိုယ္အေလးခ်ိန္ခ်ရာတြင္ထိေရာက္ေသာ နည္းလမ္းတစ္ခုျဖစ္ လာႏိုင္ေၾကာင္း  ဂ်ပန္ႏိုင္ငံ က်ိဳတိုတကၠသိုလ္မွ သုေတသီမ်ားက ေျပာသည္။ 

ငါးအဆီက အစာေခ်ဖ်က္မႈလမ္းေၾကာင္းထဲရွိ ဆဲလ္မ်ားကို ႏိႈးဆြေပးၿပီး အေထာက္အကူျပဳအာ႐ံုေၾကာစနစ္အား အပူေပးကာ အဆီကိုေခ်ဖ်က္ရန္ သိုေလွာင္ထားေသာ ဆဲလ္မ်ားအား တြန္းအား ေပးသည္။

အဆီတစ္သွ်ဴးမ်ားက အဆီအားလံုးကို သိုေလွာင္မထားေပ။ တည္ၿမဲေသာ ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းသိမ္းရန္ အညိဳေရာင္ဆဲလ္ မ်ားက အဆီကို ေခ်ဖ်က္ၿပီး စြမ္းအင္ေထာက္ပံ့မႈကို ထိန္းသိမ္းရန္ အျဖဴေရာင္ဆဲလ္မ်ားက အဆီကို သိုေလွာင္ထားသည္။

ကေလးမ်ားတြင္ အညိဳေရာင္ဆဲလ္ အမ်ားအျပားရွိေသာ္လည္း အရြယ္ႀကီးလာသည္ႏွင့္အမွ် အညိဳေရာင္ဆဲလ္အေရအတြက္ေလ်ာ့ က်သြားသည္။

အညိဳေဖ်ာ့ေရာင္ဆဲလ္မ်ားဟုေခၚသည့္ တတိယအမ်ိဳးအစား အဆီဆဲလ္တစ္မ်ိဳးကို မ်ားမၾကာမီက လူသားမ်ားႏွင့္ႂကြက္မ်ား၏  ခႏၶာကိုယ္တြင္း၌ ရွာေဖြေတြ႕ရွိခဲ့ၿပီး ၎တို႔၏လုပ္ေဆာင္ခ်က္မ်ားမွာ အညိဳေရာင္ဆဲလ္မ်ား၏လုပ္ေဆာင္ခ်က္မ်ားႏွင့္ မ်ားစြာတူညီသည္။

လူသားမ်ား သက္လတ္ပိုင္း အရြယ္ေရာက္လာခ်ိန္တြင္ ယင္း အညိဳေဖ်ာ့ေရာင္ဆဲလ္မ်ား အေရအတြက္ ေလ်ာ့က်သြားၿပီး ယင္းဇီဝျဖစ္ပ်က္မႈဆိုင္ရာ ဆဲလ္မ်ားမရွိပါက အဆီမ်ားသည္ အသံုးခ်ျခင္း မရွိဘဲ ဆယ္စုႏွစ္မ်ားစြာၾကာ တိုးပြားလာႏိုင္သည္။

အဆီစုေဝးျဖစ္ေပၚမႈကို ကာကြယ္ႏိုင္ျခင္းအပါအဝင္ ငါးအဆီ တြင္ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားစြာရွိၿပီး ငါးအဆီစားေပးျခင္း ေၾကာင့္ ခႏၶာကိုယ္တြင္ အဆီေခ်ဖ်က္ႏိုင္ေသာ ဆဲလ္မ်ားတိုးပြားလာ ေၾကာင္း သုေတသီ ကာဝါဒါက ေျပာၾကားသည္။

 သုေတသီမ်ားက ဓာတ္ခြဲခန္းထဲတြင္ ႂကြက္မ်ားျဖင့္ စမ္းသပ္ခဲ့ ၾကျခင္းျဖစ္ၿပီး ငါးအဆီေကြၽးထားေသာႂကြက္မ်ားသည္ ငါးအဆီမ စားေသာႂကြက္မ်ားထက္ အဆီတိုးပြားမႈ ၅ ရာခိုင္ႏႈန္းမွ ၁၀ ရာခိုင္ႏႈန္းအထိေလ်ာ့နည္းၿပီး ခႏၶာကိုယ္တြင္ အဆီ ၁၅ ရာခိုင္ႏႈန္းမွ ၂၅ ရာခိုင္ ႏႈန္းပိုနည္းေၾကာင္း သုေတသီမ်ားေလ့လာေတြ႕ရွိခဲ့သည္။

အေထာက္အကူျပဳ အာ႐ံုေၾကာစနစ္ကို အသက္သြင္းလုိက္ ပါက အျဖဴေရာင္ဆဲလ္မ်ားမွ အဆီကို ေခ်ဖ်က္ႏိုင္ေသာ အညိဳေဖ်ာ့ ေရာင္ဆဲလ္မ်ားျဖစ္ေပၚလာသည္ကိုလည္း သုေတသီမ်ား စစ္ေဆး ေတြ႕ရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ငါးအဆီစားခြင်းမှာ အဆီချဆေးများသောက်ခြင်းထက် ပို၍ လျင်မြန်စွာ အဆီကျစေနိုင်သောကြောင့် အသက်(၃၀)ကျော်(၄၀)ကျော်အ ရွယ် ကိုယ်အလေးချိန်ပိုများနေသူများ(သို့မဟုတ်)အဝလွန်နေသူ များ  ကိုယ်အလေးချိန်ချရာတွင်ထိရောက်သော နည်းလမ်းတစ်ခုဖြစ် လာနိုင်ကြောင်း  ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ သုတေသီများက ပြောသည်။

ငါးအဆီက အစာချေဖျက်မှုလမ်းကြောင်းထဲရှိ ဆဲလ်များကို နှိုးဆွပေးပြီး အထောက်အကူပြုအာရုံကြောစနစ်အား အပူပေးကာ အဆီကိုချေဖျက်ရန် သိုလှောင်ထားသော ဆဲလ်များအား တွန်းအား ပေးသည်။

အဆီတစ်သျှူးများက အဆီအားလုံးကို သိုလှောင်မထားပေ။ တည်မြဲသော ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းရန် အညိုရောင်ဆဲလ် များက အဆီကို ချေဖျက်ပြီး စွမ်းအင်ထောက်ပံ့မှုကို ထိန်းသိမ်းရန် အဖြူရောင်ဆဲလ်များက အဆီကို သိုလှောင်ထားသည်။

ကလေးများတွင် အညိုရောင်ဆဲလ် အများအပြားရှိသော်လည်း အရွယ်ကြီးလာသည်နှင့်အမျှ အညိုရောင်ဆဲလ်အရေအတွက်လျော့ ကျသွားသည်။

အညိုဖျော့ရောင်ဆဲလ်များဟုခေါ်သည့် တတိယအမျိုးအစား အဆီဆဲလ်တစ်မျိုးကို များမကြာမီက လူသားများနှင့်ကြွက်များ၏  ခန္ဓာကိုယ်တွင်း၌ ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့၏လုပ်ဆောင်ချက်များမှာ အညိုရောင်ဆဲလ်များ၏လုပ်ဆောင်ချက်များနှင့် များစွာတူညီသည်။

လူသားများ သက်လတ်ပိုင်း အရွယ်ရောက်လာချိန်တွင် ယင်း အညိုဖျော့ရောင်ဆဲလ်များ အရေအတွက် လျော့ကျသွားပြီး ယင်းဇီဝဖြစ်ပျက်မှုဆိုင်ရာ ဆဲလ်များမရှိပါက အဆီများသည် အသုံးချခြင်း မရှိဘဲ ဆယ်စုနှစ်များစွာကြာ တိုးပွားလာနိုင်သည်။

အဆီစုဝေးဖြစ်ပေါ်မှုကို ကာကွယ်နိုင်ခြင်းအပါအဝင် ငါးအဆီ တွင် ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပြီး ငါးအဆီစားပေးခြင်း ကြောင့် ခန္ဓာကိုယ်တွင် အဆီချေဖျက်နိုင်သော ဆဲလ်များတိုးပွားလာ ကြောင်း သုတေသီ ကာဝါဒါက ပြောကြားသည်။

 သုတေသီများက ဓာတ်ခွဲခန်းထဲတွင် ကြွက်များဖြင့် စမ်းသပ်ခဲ့ ကြခြင်းဖြစ်ပြီး ငါးအဆီကျွေးထားသောကြွက်များသည် ငါးအဆီမ စားသောကြွက်များထက် အဆီတိုးပွားမှု ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိလျော့နည်းပြီး ခန္ဓာကိုယ်တွင် အဆီ ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင် နှုန်းပိုနည်းကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

အထောက်အကူပြု အာရုံကြောစနစ်ကို အသက်သွင်းလိုက် ပါက အဖြူရောင်ဆဲလ်များမှ အဆီကို ချေဖျက်နိုင်သော အညိုဖျော့ ရောင်ဆဲလ်များဖြစ်ပေါ်လာသည်ကိုလည်း သုတေသီများ စစ်ဆေး တွေ့ရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top