Property Expo
×

အထပ္ျမင့္တိုက္ အေဆာက္အအုံစီမံကိန္းတစ္ခုတြင္ လုပ္ကိုင္ေနၾကသူမ်ား ဓာတ္ပံု − ေက်ာ္ဇင္သန္း

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီတြင္ ကန္ထ႐ိုက္တာ လိုင္စင္ေၾကးေပးသြင္းၿပီး လုပ္ကိုင္ေနသည့္ ကန္ထ ႐ိုက္တာ ၉၀၀ ေက်ာ္ရွိေသာ္လည္း လိုင္စင္မတင္ဘဲ ျပင္ပ၌ လုပ္ကိုင္ေနသည့္ လုပ္ငန္းရွင္ ေထာင္ႏွင့္ခ်ီ ရွိေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားထံမွ သတင္းရရွိသည္။


ေဆာက္လုပ္ေရး ေလာက တြင္ လုိင္စင္မရွိဘဲ ေဆာင္ရြက္ေန ေသာ ကန္ထ႐ိုက္တာမ်ားေၾကာင့္ တုိက္ခန္းမ်ား၏ အရည္အေသြး ေလ်ာ့က်လာျခင္း၊ ေစ်းကြက္တြင္ အေရာင္းအ၀ယ္ ေအးလာျခင္း မ်ားျဖစ္ေပၚလာၿပီး
ေပၚပင္စီးပြား ေရး လုပ္ငန္းတစ္ခုကဲ့သို႔ ၀င္ ေရာက္ လုပ္ကိုင္ေနၾကသည္ဟု ေစတနာ ေဆာက္လုပ္ေရး လုပ္ ငန္းမွ ဦးတင္ၫြန္႔က ဆိုသည္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ သာယာေရးေကာ္မတီတြင္ စရန္ ေငြက်ပ္သိန္း ၅၀၀ ေပးသြင္း၍ လိုင္စင္တင္ထားသည့္ ကန္ထ ႐ိုက္တာဦးေရ ၉၀၀ ေက်ာ္ရွိ ေၾကာင္း တရား၀င္ထုတ္ျပန္ထား သည္။

ကန္ထ႐ိုက္တာ လုိင္စင္ကို လုိင္စင္မရွိသူမ်ားက ျပန္လည္ငွားရမ္းျခင္းမ်ားရွိေနၿပီး လိုင္စင္ေၾကး မွာ မ်ားျပားလြန္း၍ မွတ္ပံုတင္ေဆာင္ရြက္မည့္သူ နည္းပါးျခင္းျဖစ္သည္ဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားက ဆိုသည္။

လိုင္စင္ရွိသူ နည္းပါးျခင္း ေၾကာင့္ ေနာက္ဆံုးတြင္ ရန္ကုန္ ၿမိဳ႕၌ ခြင့္ျပဳခ်က္မတင္ဘဲ တရားမ၀င္ တည္ေဆာက္သည့္ အ ေဆာက္အအံု အေရအတြက္အ ေျမာက္အျမားထြက္ေပၚလာျခင္း ျဖစ္သည္ဟု ခန္႔မွန္းေျပာၾကားၾက သည္။

ကန္ထ႐ိုက္တာ လုိင္စင္ ေၾကးကို အႀကီးတန္းက်ပ္သိန္း ၅၀၀ ၊ အငယ္တန္းက်ပ္သိန္း ၂၀၀ဟု သတ္မွတ္ခဲ့ၿပီး လုပ္ငန္းေဆာင္ရြက္ျခင္းမ်ားမရွိေတာ့ပါက ေငြ ကို ဘဏ္တြင္ျပန္လည္ထုတ္ယူ ႏိုင္ေၾကာင္း သတ္မွတ္ထားသည္။

သို႔ေသာ္ လုပ္ငန္းေဆာင္ ရြက္ေနစဥ္ကာလအတြင္း ဘဏ္ တြင္ေပးသြင္းထားေသာ က်ပ္ သိန္း ၅၀၀ မွ အတိုးႏႈန္းခံစားခြင့္ မရွိသည့္အေပၚ ေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ားက ေ၀ဖန္ၾက သည္။

ၿပီးခဲ့သည့္ အစိုးရလက္ထက္ ကစတင္၍ ေဆာက္လုပ္ေရးလုပ္ ငန္းရွင္မ်ားအား အတိုးႏႈန္းေပး ျခင္းရပ္ဆိုင္းခဲ့သည္။

ျပင္ပတြင္ ကန္ထ႐ိုက္တာအေရအတြက္မ်ားစြာ ျဖစ္ေပၚေနရျခင္းမွာ ကန္ ထ႐ိုက္လိုင္စင္ေၾကးမ်ားျပားလြန္းေသာေၾကာင့္ လိုင္စင္မရွိဘဲ လုပ္ေဆာင္ေနသူမ်ားျပားေနျခင္းသာျဖစ္ၿပီး ေနာက္ပိုင္းတြင္ တိုက္ခန္းေစ်းကြက္
က်ဆင္းလာ၍ နည္းပါးလာေၾကာင္း အင္ဂ်င္နီယာႏွင့္ အေဆာက္အအံုဌာနမွ တာ၀န္ရွိသူတစ္ဦးက ဆိုသည္။‘‘ခြင့္ျပဳမိန္႔မတင္ဘဲ ေဆာက္ တဲ့အလံုးအေရအတြက္ေလ်ာ့က် လာတာကို ၾကည့္ရင္ အဲဒီလိုလုပ္ တဲ့သူေတြ အေရအတြက္ေလ်ာ့ လာႏုိင္တာက သိသာျမင္သာ တယ္’’ဟု တာ၀န္ရွိသူကဆိုသည္။

 ၎တို႔ကို အေရးယူရန္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၌ ျပဳစုထားေသာ စာရင္းဇယားမ်ားမရွိေသာေၾကာင့္ အေရးယူမည့္အပိုင္းတြင္ အခက္အခဲမ်ားရွိသည္ဟု ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အထပ်မြင့်တိုက် အဆောက်အအုံစီမံကိန်းတစ်ခုတွင် လုပ်ကိုင်နေကြသူများ ဓာတ်ပုံ − ကျော်ဇင်သန်း

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ကန်ထရိုက်တာ လိုင်စင်ကြေးပေးသွင်းပြီး လုပ်ကိုင်နေသည့် ကန်ထ ရိုက်တာ ၉၀၀ ကျော်ရှိသော်လည်း လိုင်စင်မတင်ဘဲ ပြင်ပ၌ လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ထောင်နှင့်ချီ ရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။


ဆောက်လုပ်ရေး လောက တွင် လိုင်စင်မရှိဘဲ ဆောင်ရွက်နေ သော ကန်ထရိုက်တာများကြောင့် တိုက်ခန်းများ၏ အရည်အသွေး လျော့ကျလာခြင်း၊ ဈေးကွက်တွင် အရောင်းအဝယ် အေးလာခြင်း များဖြစ်ပေါ်လာပြီး
ပေါ်ပင်စီးပွား ရေး လုပ်ငန်းတစ်ခုကဲ့သို့ ဝင် ရောက် လုပ်ကိုင်နေကြသည်ဟု စေတနာ ဆောက်လုပ်ရေး လုပ် ငန်းမှ ဦးတင်ညွန့်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီတွင် စရန် ငွေကျပ်သိန်း ၅၀၀ ပေးသွင်း၍ လိုင်စင်တင်ထားသည့် ကန်ထ ရိုက်တာဦးရေ ၉၀၀ ကျော်ရှိ ကြောင်း တရားဝင်ထုတ်ပြန်ထား သည်။

ကန်ထရိုက်တာ လိုင်စင်ကို လိုင်စင်မရှိသူများက ပြန်လည်ငှားရမ်းခြင်းများရှိနေပြီး လိုင်စင်ကြေး မှာ များပြားလွန်း၍ မှတ်ပုံတင်ဆောင်ရွက်မည့်သူ နည်းပါးခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည်။

လိုင်စင်ရှိသူ နည်းပါးခြင်း ကြောင့် နောက်ဆုံးတွင် ရန်ကုန် မြို့၌ ခွင့်ပြုချက်မတင်ဘဲ တရားမဝင် တည်ဆောက်သည့် အ ဆောက်အအုံ အရေအတွက်အ မြောက်အမြားထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ခန့်မှန်းပြောကြားကြ သည်။

ကန်ထရိုက်တာ လိုင်စင် ကြေးကို အကြီးတန်းကျပ်သိန်း ၅၀၀ ၊ အငယ်တန်းကျပ်သိန်း ၂၀၀ဟု သတ်မှတ်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်ခြင်းများမရှိတော့ပါက ငွေ ကို ဘဏ်တွင်ပြန်လည်ထုတ်ယူ နိုင်ကြောင်း သတ်မှတ်ထားသည်။

သို့သော် လုပ်ငန်းဆောင် ရွက်နေစဉ်ကာလအတွင်း ဘဏ် တွင်ပေးသွင်းထားသော ကျပ် သိန်း ၅၀၀ မှ အတိုးနှုန်းခံစားခွင့် မရှိသည့်အပေါ် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ဝေဖန်ကြ သည်။

ပြီးခဲ့သည့် အစိုးရလက်ထက် ကစတင်၍ ဆောက်လုပ်ရေးလုပ် ငန်းရှင်များအား အတိုးနှုန်းပေး ခြင်းရပ်ဆိုင်းခဲ့သည်။

ပြင်ပတွင် ကန်ထရိုက်တာအရေအတွက်များစွာ ဖြစ်ပေါ်နေရခြင်းမှာ ကန် ထရိုက်လိုင်စင်ကြေးများပြားလွန်းသောကြောင့် လိုင်စင်မရှိဘဲ လုပ်ဆောင်နေသူများပြားနေခြင်းသာဖြစ်ပြီး နောက်ပိုင်းတွင် တိုက်ခန်းဈေးကွက်
ကျဆင်းလာ၍ နည်းပါးလာကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။‘‘ခွင့်ပြုမိန့်မတင်ဘဲ ဆောက် တဲ့အလုံးအရေအတွက်လျော့ကျ လာတာကို ကြည့်ရင် အဲဒီလိုလုပ် တဲ့သူတွေ အရေအတွက်လျော့ လာနိုင်တာက သိသာမြင်သာ တယ်’’ဟု တာဝန်ရှိသူကဆိုသည်။

 ၎င်းတို့ကို အရေးယူရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၌ ပြုစုထားသော စာရင်းဇယားများမရှိသောကြောင့် အရေးယူမည့်အပိုင်းတွင် အခက်အခဲများရှိသည်ဟု ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top