Kantharyar Centre
×

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ အင္းေတာ္ႀကီးေဒသ မိုင္းေနာင္ေက်းရြာ တြင္ ရဲဘက္ေျပးတစ္ဦးအား ဖမ္းဆီးရာ မူးယစ္ေဆးဝါးမ်ားႏွင့္ လက္နက္မ်ား ဖမ္းမိသျဖင့္ သက္ေသခံပစၥည္းမ်ားအား သိမ္းဆည္းေနစဥ္ ဖမ္းဆီးရမိသူ တရားခံ ၏သားျဖစ္သူက ရြာသားမ်ားႏွင့္အတူ ဝင္ေရာက္အႏၱရာယ္ျပဳၿပီး တရားခံအား ကယ္ထုတ္ကာ ထြက္ေျပးတိမ္းေရွာင္ခဲ့ ေၾကာင္း၊ ဒုတိယရဲမွဴးတစ္ဦး ဒဏ္ရာ ျပင္းထန္စြာရရွိခဲ့ေၾကာင္း သိရသည္။



မူးယစ္ေဆးဝါး သတင္းအရ စက္တင္ဘာ ၁၉ ရက္ နံနက္ ၈ နာရီခြဲ ခန္႔က ဒုရဲမွဴး သန္းဝင္းေအာင္ အမွတ္(၂)မႈခင္းတပ္ဖြဲ႕စိတ္မွဴး၊ အမွတ္(၁၄)မႈခင္း တပ္ဖြဲ႕စု မိုးညႇင္းဦးေဆာင္ေသာ ပူးေပါင္း အဖြဲ႕တို႔သည္ မိုင္းေနာင္ေက်းရြာ အေနာက္ေတာင္ဘက္ ေက်ာက္ဆင္ရပ္ ေစတီႏွင့္ ေျခာက္ဖာလုံခန္႔အကြာရွိ ယာယီတဲ တြင္ ဆြမ္ပရာဘြမ္ စခန္းခြဲ မိုင္တုိင္ (၁၃၃/၂)အနီး ဝါးခုတ္ လုပ္ငန္းခြင္ ရဲဘက္စခန္းမွ ထြက္ေျပးလာ သူ ေအာင္ေက်ာ္ဝင္းေရာက္ရွိေနေၾကာင္း သတင္းအရ ဝင္ေရာက္စစ္ေဆးရာ ေအာင္ေက်ာ္ဝင္းမွာ ထြက္ေျပးသြား သျဖင့္ သက္ေသမ်ားႏွင့္လိုက္လံဖမ္းဆီး ရမိခဲ့သည္။

 ၄င္းလြယ္ထားေသာ ေဘးလြယ္ အိတ္အတြင္းမွ ဘိန္းျဖဴထည့္ထာေသာ ေရာင္စုံဆပ္ျပာခြက္ ၁ဝ ခြက္ စုစုေပါင္း အေလးခ်ိန္ ၁၁၇ ဒသမ ၄ ဂရမ္၊ စိတ္ၾကြ ႐ူးသြပ္ေဆးျပား ၂၉၈၅ ျပား၊ ေငြစကၠဴ ေရာရာက်ပ္ ၁၇၂ဝ၈ဝဝ၊ ေဘးလြယ္အိတ္ အတြင္းမွ စနက္တံမပါ BA-109 လက္ ပစ္ ဗုံးႏွစ္လုံး၊ ဓားေျမႇာင္ငယ္တစ္ေခ်ာင္း၊ ဂ်င္ကလိရွစ္ေခ်ာင္း၊ ေလးခြတစ္လက္၊ အဆိပ္ဟုယူဆရေသာ ပုလင္းငယ္ တစ္လုံးတို႔ကို သိမ္းဆည္းေနစဥ္ ေအာင္ေက်ာ္ဝင္း၏သား ေက်ာ္သူဝင္း ႏွင့္အတူ လူ ၂ဝ ခန္႔ ေရာက္ရွိလာၿပီး အဆိုပါဖမ္းဆီးအဖြဲ႕အား ဝင္ေရာက္ တိုက္ခိုက္သျဖင့္ ဒုရဲမွဴး ေအာင္ႏိုင္ဦးတြင္ ဒဏ္ရာမ်ားရရွိခဲ့ၿပီး ၄င္းကိုင္ေဆာင္ထား သည့္ ၃၂ ဗို႔ ေျခာက္လုံးျပဴး ေသနတ္ တစ္လက္၊ က်ည္ ၁၈ ေတာင့္တို႔ အား ယူေဆာင္သြားသျဖင့္ ျပည္သူ႔ဝန္ထမ္း တစ္ဦးကို နာက်င္ေအာင္ျပဳလုပ္သူ ေက်ာ္သူဝင္းပါ ၂ဝ အား အေရးယူႏိုင္ရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmaalin

#Unicode Version
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ တွင် ရဲဘက်ပြေးတစ်ဦးအား ဖမ်းဆီးရာ မူးယစ်ဆေးဝါးများနှင့် လက်နက်များ ဖမ်းမိသဖြင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းနေစဉ် ဖမ်းဆီးရမိသူ တရားခံ ၏သားဖြစ်သူက ရွာသားများနှင့်အတူ ဝင်ရောက်အန္တရာယ်ပြုပြီး တရားခံအား ကယ်ထုတ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ ကြောင်း၊ ဒုတိယရဲမှူးတစ်ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။


မူးယစ်ဆေးဝါး သတင်းအရ စက်တင်ဘာ ၁၉ ရက် နံနက် ၈ နာရီခွဲ ခန့်က ဒုရဲမှူး သန်းဝင်းအောင် အမှတ်(၂)မှုခင်းတပ်ဖွဲ့စိတ်မှူး၊ အမှတ်(၁၄)မှုခင်း တပ်ဖွဲ့စု မိုးညှင်းဦးဆောင်သော ပူးပေါင်း အဖွဲ့တို့သည် မိုင်းနောင်ကျေးရွာ အနောက်တောင်ဘက် ကျောက်ဆင်ရပ် စေတီနှင့် ခြောက်ဖာလုံခန့်အကွာရှိ ယာယီတဲ တွင် ဆွမ်ပရာဘွမ် စခန်းခွဲ မိုင်တိုင် (၁၃၃/၂)အနီး ဝါးခုတ် လုပ်ငန်းခွင် ရဲဘက်စခန်းမှ ထွက်ပြေးလာ သူ အောင်ကျော်ဝင်းရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးရာ အောင်ကျော်ဝင်းမှာ ထွက်ပြေးသွား သဖြင့် သက်သေများနှင့်လိုက်လံဖမ်းဆီး ရမိခဲ့သည်။

 ၎င်းလွယ်ထားသော ဘေးလွယ် အိတ်အတွင်းမှ ဘိန်းဖြူထည့်ထာသော ရောင်စုံဆပ်ပြာခွက် ၁ဝ ခွက် စုစုပေါင်း အလေးချိန် ၁၁၇ ဒသမ ၄ ဂရမ်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၉၈၅ ပြား၊ ငွေစက္ကူ ရောရာကျပ် ၁၇၂ဝ၈ဝဝ၊ ဘေးလွယ်အိတ် အတွင်းမှ စနက်တံမပါ BA-109 လက် ပစ် ဗုံးနှစ်လုံး၊ ဓားမြှောင်ငယ်တစ်ချောင်း၊ ဂျင်ကလိရှစ်ချောင်း၊ လေးခွတစ်လက်၊ အဆိပ်ဟုယူဆရသော ပုလင်းငယ် တစ်လုံးတို့ကို သိမ်းဆည်းနေစဉ် အောင်ကျော်ဝင်း၏သား ကျော်သူဝင်း နှင့်အတူ လူ ၂ဝ ခန့် ရောက်ရှိလာပြီး အဆိုပါဖမ်းဆီးအဖွဲ့အား ဝင်ရောက် တိုက်ခိုက်သဖြင့် ဒုရဲမှူး အောင်နိုင်ဦးတွင် ဒဏ်ရာများရရှိခဲ့ပြီး ၎င်းကိုင်ဆောင်ထား သည့် ၃၂ ဗို့ ခြောက်လုံးပြူး သေနတ် တစ်လက်၊ ကျည် ၁၈ တောင့်တို့ အား ယူဆောင်သွားသဖြင့် ပြည်သူ့ဝန်ထမ်း တစ်ဦးကို နာကျင်အောင်ပြုလုပ်သူ ကျော်သူဝင်းပါ ၂ဝ အား အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Myanmaalin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top