Property Expo
×

႐ုပ္ရွင္ေတြထဲကလိုပဲ အျပင္မွာလည္း ကမၻာ့ေခါင္းေဆာင္ေတြဟာ ခၽြတ္စြတ္တူတဲ့သူမ်ိဳး ေနာက္တစ္ေယာက္ ထားတတ္လားဆိုတဲ့ ေမးခြန္းကို အင္တာနက္လူမႈကြန္ယက္ အသံုးျပဳသူေတြက ဟီလာရီကလင္တန္နဲ႔ ပတ္သတ္ၿပီးေမးခြန္းထုတ္ေနၾကပါတယ္။

အေမရိကန္သမၼတေလာင္း ဟီလာရီကလင္ရဲ႕ မၾကာေသးခင္က လူျမင္ကြင္းဓာတ္ပံုေတြနဲ႔ အရင္က ဓာတ္ပံုေတြ ႏိႈင္းယွဥ္ေဖာ္ျပၾကၿပီးေနာက္ ကလင္တန္ပံုစံတူ ႏွစ္ေယာက္ ျဖစ္ေနႏိုင္တယ္လို႔ ဆိုပါတယ္။

အထူးသျဖင့္ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က 9/11 အၾကမ္းဖက္တိုက္ခိုက္မႈ ၁၅ ႏွစ္ျပည့္ ေအာက္ေမ့ဖြယ္ အခမ္းအနားအပါအဝင္ လူျမင္ကြင္းကို ထြက္လာတဲ့ ကလင္တန္ရဲ႕ပံုစံဟာ တစ္ေန႔တည္းမွာပဲ မတူညီမႈေတြ ရွိေနခဲ့တယ္လို႔ ဆိုပါတယ္။

ကလင္တန္ရဲ႕ ဓာတ္ပံုေတြကို တိုက္ဆိုင္စစ္ေဆးၾကတဲ့ေနာက္ မ်က္ႏွာအက်အေပါက္ျခင္း မတူသလို ခႏၶာကိုယ္လည္း ဓာတ္ပံုထဲမွာ အနည္းငယ္ကြဲလြဲမႈ ရွိေနတယ္လို႔ဆိုပါတယ္။ အခ်ိဳ႕ကလည္း ဟီလာရီကလင္တန္ရဲ႕ လက္ညႇိဳးဟာ ရွည္လ်ားေပမယ့္ တနဂၤေႏြေန႔က ေတြ႔ရတဲ့ ဓာတ္ပံုထဲမွာေတာ့ လက္ညႇိဳးတုိေနတယ္လို႔ေျပာၾကပါတယ္။

စက္တင္ဘာ ၁၁ ရက္ေန႔က မနက္ပိုင္းမွာ အနည္းငယ္ ေနမေကာင္းျဖစ္ေနတဲ့ ကလင္တန္ကို ေတြ႔ခဲ့ရေပမယ့္ အဒီေန႔ ေန႔လည္ပိုင္းမွာေတာ့ အရမ္းကို လန္းဆန္းေနတဲ့ ကလင္တန္ကို ေတြ႔ခဲ့ရျပန္တယ္လို႔ ေထာက္ျပေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Verison

ရုပ်ရှင်တွေထဲကလိုပဲ အပြင်မှာလည်း ကမ္ဘာ့ခေါင်းဆောင်တွေဟာ ချွတ်စွတ်တူတဲ့သူမျိုး နောက်တစ်ယောက် ထားတတ်လားဆိုတဲ့ မေးခွန်းကို အင်တာနက်လူမှုကွန်ယက် အသုံးပြုသူတွေက ဟီလာရီကလင်တန်နဲ့ ပတ်သတ်ပြီးမေးခွန်းထုတ်နေကြပါတယ်။

အမေရိကန်သမ္မတလောင်း ဟီလာရီကလင်ရဲ့ မကြာသေးခင်က လူမြင်ကွင်းဓာတ်ပုံတွေနဲ့ အရင်က ဓာတ်ပုံတွေ နှိုင်းယှဉ်ဖော်ပြကြပြီးနောက် ကလင်တန်ပုံစံတူ နှစ်ယောက် ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က 9/11 အကြမ်းဖက်တိုက်ခိုက်မှု ၁၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားအပါအဝင် လူမြင်ကွင်းကို ထွက်လာတဲ့ ကလင်တန်ရဲ့ပုံစံဟာ တစ်နေ့တည်းမှာပဲ မတူညီမှုတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ကလင်တန်ရဲ့ ဓာတ်ပုံတွေကို တိုက်ဆိုင်စစ်ဆေးကြတဲ့နောက် မျက်နှာအကျအပေါက်ခြင်း မတူသလို ခန္ဓာကိုယ်လည်း ဓာတ်ပုံထဲမှာ အနည်းငယ်ကွဲလွဲမှု ရှိနေတယ်လို့ဆိုပါတယ်။ အချို့ကလည်း ဟီလာရီကလင်တန်ရဲ့ လက်ညှိုးဟာ ရှည်လျားပေမယ့် တနင်္ဂနွေနေ့က တွေ့ရတဲ့ ဓာတ်ပုံထဲမှာတော့ လက်ညှိုးတိုနေတယ်လို့ပြောကြပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့က မနက်ပိုင်းမှာ အနည်းငယ် နေမကောင်းဖြစ်နေတဲ့ ကလင်တန်ကို တွေ့ခဲ့ရပေမယ့် အဒီနေ့ နေ့လည်ပိုင်းမှာတော့ အရမ်းကို လန်းဆန်းနေတဲ့ ကလင်တန်ကို တွေ့ခဲ့ရပြန်တယ်လို့ ထောက်ပြနေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top