Property Expo
×

ၾသစေၾကးလ်ႏိုင္ငံ ၊ မဲလ္ဘုန္းမွာ ရွိတဲ့ Café 51 ဆိုတဲ့ ဆိုင္က ဝယ္ယူသူေတြအတြက္ ထူးထူးျခားျခား အစီအစဥ္တစ္ခုကို စတင္ခဲ့ပါတယ္။ ဒါကေတာ့ သူတို႕ဆိုင္မွာ ရႏိုင္တဲ့ ဟမ္ဘာဂါအမ်ိဳးအစားေတြထဲက တစ္ခုပုံကို အသားမွာ ေဆးမင္ေၾကာင္ထိုးထားရင္ တစ္သက္လုံးအတြက္ တစ္ေန႔ကို ဟမ္ဘာဂါတစ္လုံးစီ အခမဲ့ စားသြားႏိုင္မယ္ ဆိုတာပါပဲ။
ဒါေပမယ့္ ဒီလို အစီအစဥ္ေတြရဲ႕ ထုံးစံအတိုင္း စည္းမ်ဥ္းေတြကေတာ့ ရွိေနၿမဲပါပဲ။ ေဆးမင္ေၾကာင္ထိုးတဲ့ အခါမွာ ဆိုင္ရဲ႕ လိုဂိုအမွတ္အသားကိုပါ ထည့္သြင္းထားရမယ္ ၊ ဘာဂါပုံဟာလည္း အျပင္မွာ ရွိတဲ့ ဘာဂါအရြယ္အစားအတိုင္း ျဖစ္ရမယ္ ၊ ၿပီးေတာ့ ဆိုင္ကို လာတဲ့ အခါမွာလည္း ေဆးမင္ေၾကာင္ကို ဆိုင္ဝန္ထမ္းျမင္ေအာင္ ျပရမယ္လို႔ ဆုိပါတယ္။ ဒီ စည္းမ်ဥ္းေတြအျပင္ ဒီနည္းနဲ႕ ဟမ္ဘာဂါ စားေသာက္သြားၾကမယ့္ လူေတြဟာ ဆိုင္ရဲ႕ ေၾကာ္ျငာအစီအစဥ္ေတြအတြက္ ဓာတ္ပုံ ၊ ဗီဒီယို ရိုက္ကူးမႈေတြကို ခံရဦးမွာလည္း ျဖစ္ပါတယ္။

ဒီစည္းမ်ဥ္းေတြ ရွိေနေပမယ့္လည္း ဒီအစီအစဥ္မွာ ပါဝင္ခ်င္သူဦးေရဟာ အမ်ားအျပားရွိေနဆဲ ျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ဒီနည္းအတိုင္း ဘာဂါစားရဖို႔ စာရင္းေပးထားသူဦးေရဟာ ၃၀၀၀ ေက်ာ္အထိ ရွိေနၿပီလို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
သြစကြေးလျနိုင်ငံ ၊ မဲလ်ဘုန်းမှာ ရှိတဲ့ Café 51 ဆိုတဲ့ ဆိုင်က ဝယ်ယူသူတွေအတွက် ထူးထူးခြားခြား အစီအစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။ ဒါကတော့ သူတို့ဆိုင်မှာ ရနိုင်တဲ့ ဟမ်ဘာဂါအမျိုးအစားတွေထဲက တစ်ခုပုံကို အသားမှာ ဆေးမင်ကြောင်ထိုးထားရင် တစ်သက်လုံးအတွက် တစ်နေ့ကို ဟမ်ဘာဂါတစ်လုံးစီ အခမဲ့ စားသွားနိုင်မယ် ဆိုတာပါပဲ။
ဒါပေမယ့် ဒီလို အစီအစဉ်တွေရဲ့ ထုံးစံအတိုင်း စည်းမျဉ်းတွေကတော့ ရှိနေမြဲပါပဲ။ ဆေးမင်ကြောင်ထိုးတဲ့ အခါမှာ ဆိုင်ရဲ့ လိုဂိုအမှတ်အသားကိုပါ ထည့်သွင်းထားရမယ် ၊ ဘာဂါပုံဟာလည်း အပြင်မှာ ရှိတဲ့ ဘာဂါအရွယ်အစားအတိုင်း ဖြစ်ရမယ် ၊ ပြီးတော့ ဆိုင်ကို လာတဲ့ အခါမှာလည်း ဆေးမင်ကြောင်ကို ဆိုင်ဝန်ထမ်းမြင်အောင် ပြရမယ်လို့ ဆိုပါတယ်။ ဒီ စည်းမျဉ်းတွေအပြင် ဒီနည်းနဲ့ ဟမ်ဘာဂါ စားသောက်သွားကြမယ့် လူတွေဟာ ဆိုင်ရဲ့ ကြော်ငြာအစီအစဉ်တွေအတွက် ဓာတ်ပုံ ၊ ဗီဒီယို ရိုက်ကူးမှုတွေကို ခံရဦးမှာလည်း ဖြစ်ပါတယ်။

ဒီစည်းမျဉ်းတွေ ရှိနေပေမယ့်လည်း ဒီအစီအစဉ်မှာ ပါဝင်ချင်သူဦးရေဟာ အများအပြားရှိနေဆဲ ဖြစ်ပြီး လက်ရှိအချိန်မှာ ဒီနည်းအတိုင်း ဘာဂါစားရဖို့ စာရင်းပေးထားသူဦးရေဟာ ၃၀၀၀ ကျော်အထိ ရှိနေပြီလို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top