Property Expo
×

လန္ဒန္ၿမိဳ႕တြင္ စက္တင္ဘာ ၁၁ ရက္က ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ၎၏ သား ကင္မ္အဲရစ္ မိသားစုေတြ႕ဆုံေနစဥ္ (ဓာတ္ပံု − Maunggyi Min Min/Facebook)
ၿဗိတိန္ႏိုင္ငံသုိ႔ ေရာက္ရွိ ေနေသာ ေဒၚေအာင္ဆန္းစုၾကည္ သည္ ေလးႏွစ္ၾကာမေတြ႕ခဲ့ရ သည့္သားငယ္ကိုထိန္လင္း(ခ)ကင္မ္အဲရစ္မိသားစုႏွင့္ တနဂၤေႏြေန႔က ေတြ႕ဆုံခဲ့သည္။
၁၉၄၇ က ဗုိလ္ခ်ဳပ္ေအာင္ဆန္း တည္းခုိခဲ့ေသာ ေဒၚခ်က္စတာဟုိတယ္၌ပင္ ေဒၚေအာင္ဆန္းစုၾကည္တည္းခုိလ်က္ရွိရာ သားႏွင့္ေျမးႏွစ္ဦးက လာေရာက္ေတြ႕ဆုံၾကျခင္းျဖစ္သည္။
၎တို႔သားအမိၾကား ယခု ေတြ႕ဆုံမႈသည္ (၁၆) ႏွစ္အတြင္း တတိယ အႀကိမ္ျဖစ္ၿပီး ေနာက္ဆုံး ေတြ႕ဆုံခ်ိန္မွာ ၂၀၁၂ ခုႏွစ္က ျဖစ္သည္။
‘‘ေျမးမေလးကတစ္ခါမွ မ ေတြ႕ဖူးဘူးတဲ့။ သူေပ်ာ္သြားတာ၊ ပင္ပန္းေနတာ၊ သူ႔သားနဲ႔ေျမးေတြကုိ ခ်က္ခ်င္းေခၚတာ။ တျခားလူေတြကို ေက်ာ္ၿပီးေတာ့ တျခားသံအမတ္ေတြ၊ ဧည့္သည္ေတြေက်ာ္ၿပီးေတာ့ သူ႔သားကို ဒါလင္လုိ႔ လွမ္းေခၚၿပီးဖက္တာ’’ဟု ယင္းေတြ႕ဆုံပြဲတြင္ရွိေနသည့္ ကိုမင္းမင္းက ေျပာၾကားသည္။

လန္ဒန္ၿမိဳ႕တြင္ စက္တင္ဘာ ၁၁ ရက္က ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ၎၏ သား ကင္မ္အဲရစ္ မိသားစုေတြ႕ဆုံေနစဥ္ (ဓာတ္ပံု − Chan Nyein Moe / Facebook)
ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ၎၏သား၊ ေျမးမ်ားၾကည္ႏူးဖြယ္ ၿပဳံးရႊင္ေပြ႕ဖက္ေနပုံမ်ားကို လူမႈ ကြန္ရက္ေပၚတြင္ လူေထာင္ေပါင္းမ်ားစြာက ထပ္ဆင့္ျဖန္႔ေ၀ခဲ့ၾကသည္။
‘‘သူ႔သားကို ေျပးဖက္လုိက္ တဲ့အေမအုိရဲ႕ အေပ်ာ္က ေတာ္ ေတာ္ေလးၾကည္ႏူးရတယ္။ က်န္ တဲ့အခ်ိန္ေတြမွာ အေမအုိ မိသား စုနဲ႔ ေပ်ာ္ပါေစ၊ ၿငိမ္းခ်မ္းပါေစ’’ ဟု ကုိမင္းမင္းကဆုိသည္။
ေဒၚေအာင္ဆန္းစုၾကည္၏ ေျမးႀကီးျဖစ္ၿပီး ကင္မ္၏ သားႀကီး Jimmy ႏွင့္ သမီးငယ္ Jocelyn တုိ႔သည္ အဘြားျဖစ္သူႏွင့္ ပထမဆုံးအႀကိမ္ ေတြ႕ဆုံမႈျဖစ္သည္ဟုဆုိၾကသည္။
၁၉၈၉က ဒီမုိကေရစီလႈပ္ရွားမႈေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ ပထမဆုံးအႀကိမ္ဖမ္းဆီးခံရခ်ိန္တြင္ ၎၏ သားႏွစ္ဦးအနက္ သားငယ္ ကင္မ္မွာအသက္(၁၁)ႏွစ္အရြယ္သာရွိေသးသည္။ ႏွစ္ေပါင္းမ်ားစြာအၾကာ ၂၀၀၀ျပည့္ႏွစ္ ဒီဇင္ဘာတြင္ ကင္မ္ႏွင့္  တစ္ႀကိမ္ေတြ႕ဆုံခြင့္ရခဲ့ၿပီးေနာက္ စစ္အစုိးရက ၎၏ ျပည္၀င္ခြင့္ကို ဆယ္ႏွစ္ခန္႔ဆက္တိုက္ ျငင္းပယ္ခဲ့သည္။
ထုိ႔ေနာက္ ၂၀၁၀ ျပည့္ႏွစ္ ႏုိ၀င္ဘာတြင္ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္မွ လြတ္ေျမာက္ခဲ့ခ်ိန္၌ ကင္မ္သည္ ျမန္မာႏုိင္ငံသို႔ ၀င္ေရာက္ခြင့္ရခဲ့ၿပီး သားအမိႏွစ္ဦး ျပန္လည္ေတြ႕ဆုံႏုိင္ခဲ့သည္။ ထုိ႔ေနာက္ ၂ ႏွစ္အၾကာ ၂၀၁၂ တြင္မွ ေဒၚေအာင္ဆန္းစုၾကည္၏ ၿဗိတိန္ခရီးစဥ္၌ သားအမိႏွစ္ဦးေတြ႕ဆုံခဲ့ၾက သည္။
 ေဒၚေအာင္ဆန္းစုၾကည္ သည္ ၿဗိတိန္ႏုိင္ငံ ခရီးစဥ္အၿပီး တြင္ အေမရိကန္သုိ႔ ဆက္လက္ သြားေရာက္မည္ျဖစ္ရာ ၎၏ သားႀကီး အလက္ဇန္းဒါးေခၚ ကိုျမင့္ဆန္းအာင္ႏွင့္ ေတြ႕ဆုံရန္ ေမွ်ာ္လင့္ေနၾကသည္။
ၿဗိတိန္ႏုိင္ငံသုိ႔ ေလးရက္ ၾကာ ေရာက္ရွိေနေသာ ေဒၚ ေအာင္ဆန္းစုၾကည္သည္ စက္ တင္ဘာ ၁၁ ရက္က လန္ဒန္ရွိ ျမန္မာသံ႐ုံးတြင္ ဥေရာပ၊အေရွ႕ အလယ္ပုိင္းႏွင့္ အာဖရိကႏုိင္ငံ မ်ား၌ တာ၀န္ထမ္းေဆာင္ေန ေသာ ျမန္မာသံအမတ္ႀကီး ၁၂ ဦးကို ေတြ႕ဆုံ၍ အစုိးရသစ္၏ မူ ၀ါဒမ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ သည္။
စက္တင္ဘာ ၁၂ႏွင့္ ၁၃ရက္ မ်ားတြင္ ၿဗိတိန္လႊတ္ေတာ္၊ အစုိး ရေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံ မည္ျဖစ္ၿပီး ၿဗိတိန္ကာကြယ္ေရး တကၠသုိလ္သုိ႔ သြားေရာက္ေလ့ လာမည္ျဖစ္သည္။
ၿဗိတိန္၀န္ႀကီးခ်ဳပ္ေဟာင္းေဒးဗစ္ကင္မရြန္းႏွင့္ ေတြ႕ဆုံမည္ျဖစ္သကဲ့သုိ႔ လက္ရွိ၀န္ႀကီးခ်ဳပ္သစ္ ထရီဆာေမႏွင့္လည္း ေတြ႕ဆုံမည္ျဖစ္သည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
လန်ဒန်မြို့တွင် စက်တင်ဘာ ၁၁ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ သား ကင်မ်အဲရစ် မိသားစုတွေ့ဆုံနေစဉ် (ဓာတ်ပုံ − Maunggyi Min Min/Facebook)

ဗြိတိန်နိုင်ငံသို့ ရောက်ရှိ နေသော ဒေါ်အောင်ဆန်းစုကြည် သည် လေးနှစ်ကြာမတွေ့ခဲ့ရ သည့်သားငယ်ကိုထိန်လင်း(ခ)ကင်မ်အဲရစ်မိသားစုနှင့် တနင်္ဂနွေနေ့က တွေ့ဆုံခဲ့သည်။

၁၉၄၇ က ဗိုလ်ချုပ်အောင်ဆန်း တည်းခိုခဲ့သော ဒေါ်ချက်စတာဟိုတယ်၌ပင် ဒေါ်အောင်ဆန်းစုကြည်တည်းခိုလျက်ရှိရာ သားနှင့်မြေးနှစ်ဦးက လာရောက်တွေ့ဆုံကြခြင်းဖြစ်သည်။

၎င်းတို့သားအမိကြား ယခု တွေ့ဆုံမှုသည် (၁၆) နှစ်အတွင်း တတိယ အကြိမ်ဖြစ်ပြီး နောက်ဆုံး တွေ့ဆုံချိန်မှာ ၂၀၁၂ ခုနှစ်က ဖြစ်သည်။

‘‘မြေးမလေးကတစ်ခါမှ မ တွေ့ဖူးဘူးတဲ့။ သူပျော်သွားတာ၊ ပင်ပန်းနေတာ၊ သူ့သားနဲ့မြေးတွေကို ချက်ချင်းခေါ်တာ။ တခြားလူတွေကို ကျော်ပြီးတော့ တခြားသံအမတ်တွေ၊ ဧည့်သည်တွေကျော်ပြီးတော့ သူ့သားကို ဒါလင်လို့ လှမ်းခေါ်ပြီးဖက်တာ’’ဟု ယင်းတွေ့ဆုံပွဲတွင်ရှိနေသည့် ကိုမင်းမင်းက ပြောကြားသည်။


လန်ဒန်မြို့တွင် စက်တင်ဘာ ၁၁ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ သား ကင်မ်အဲရစ် မိသားစုတွေ့ဆုံနေစဉ် (ဓာတ်ပုံ − Chan Nyein Moe / Facebook)

ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏သား၊ မြေးများကြည်နူးဖွယ် ပြုံးရွှင်ပွေ့ဖက်နေပုံများကို လူမှု ကွန်ရက်ပေါ်တွင် လူထောင်ပေါင်းများစွာက ထပ်ဆင့်ဖြန့်ဝေခဲ့ကြသည်။

‘‘သူ့သားကို ပြေးဖက်လိုက် တဲ့အမေအိုရဲ့ အပျော်က တော် တော်လေးကြည်နူးရတယ်။ ကျန် တဲ့အချိန်တွေမှာ အမေအို မိသား စုနဲ့ ပျော်ပါစေ၊ ငြိမ်းချမ်းပါစေ’’ ဟု ကိုမင်းမင်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မြေးကြီးဖြစ်ပြီး ကင်မ်၏ သားကြီး Jimmy နှင့် သမီးငယ် Jocelyn တို့သည် အဘွားဖြစ်သူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သည်ဟုဆိုကြသည်။

၁၉၈၉က ဒီမိုကရေစီလှုပ်ရှားမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်ဖမ်းဆီးခံရချိန်တွင် ၎င်း၏ သားနှစ်ဦးအနက် သားငယ် ကင်မ်မှာအသက်(၁၁)နှစ်အရွယ်သာရှိသေးသည်။ နှစ်ပေါင်းများစွာအကြာ ၂၀၀၀ပြည့်နှစ် ဒီဇင်ဘာတွင် ကင်မ်နှင့်  တစ်ကြိမ်တွေ့ဆုံခွင့်ရခဲ့ပြီးနောက် စစ်အစိုးရက ၎င်း၏ ပြည်ဝင်ခွင့်ကို ဆယ်နှစ်ခန့်ဆက်တိုက် ငြင်းပယ်ခဲ့သည်။

ထို့နောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ချိန်၌ ကင်မ်သည် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ရခဲ့ပြီး သားအမိနှစ်ဦး ပြန်လည်တွေ့ဆုံနိုင်ခဲ့သည်။ ထို့နောက် ၂ နှစ်အကြာ ၂၀၁၂ တွင်မှ ဒေါ်အောင်ဆန်းစုကြည်၏ ဗြိတိန်ခရီးစဉ်၌ သားအမိနှစ်ဦးတွေ့ဆုံခဲ့ကြ သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ဗြိတိန်နိုင်ငံ ခရီးစဉ်အပြီး တွင် အမေရိကန်သို့ ဆက်လက် သွားရောက်မည်ဖြစ်ရာ ၎င်း၏ သားကြီး အလက်ဇန်းဒါးခေါ် ကိုမြင့်ဆန်းအာင်နှင့် တွေ့ဆုံရန် မျှော်လင့်နေကြသည်။

ဗြိတိန်နိုင်ငံသို့ လေးရက် ကြာ ရောက်ရှိနေသော ဒေါ် အောင်ဆန်းစုကြည်သည် စက် တင်ဘာ ၁၁ ရက်က လန်ဒန်ရှိ မြန်မာသံရုံးတွင် ဥရောပ၊အရှေ့ အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံ များ၌ တာဝန်ထမ်းဆောင်နေ သော မြန်မာသံအမတ်ကြီး ၁၂ ဦးကို တွေ့ဆုံ၍ အစိုးရသစ်၏ မူ ဝါဒများအား ရှင်းလင်းဆွေးနွေးခဲ့ သည်။

စက်တင်ဘာ ၁၂နှင့် ၁၃ရက် များတွင် ဗြိတိန်လွှတ်တော်၊ အစိုး ရခေါင်းဆောင်များနှင့်တွေ့ဆုံ မည်ဖြစ်ပြီး ဗြိတိန်ကာကွယ်ရေး တက္ကသိုလ်သို့ သွားရောက်လေ့ လာမည်ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်းဒေးဗစ်ကင်မရွန်းနှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ လက်ရှိဝန်ကြီးချုပ်သစ် ထရီဆာမေနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။



 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top