Property Expo
×

 ေထာပတ္သီးသည္ ႏုပ်ိဳက်န္းမာျခင္းအတြက္ သဘာ၀၏ လက္ေဆာင္မြန္ ေဆးေကာင္း၀ါးေကာင္းတစ္လက္ ျဖစ္ေနေၾကာင္း သုေတသီမ်ားက ေျပာၾကားခဲ့သည္။
ခႏၶာကိုယ္ကိုအႏၱရာယ္ ေပးႏုိင္သည့္ ေမာ္လီက်ဴးမ်ားကို ေထာပတ္သီးကဖယ္ရွားေပးႏုိင္စြမ္းရွိေနေၾကာင္း သိပၸံပညာရွင္မ်ားကဆိုသည္။
အထူးသျဖင့္အိုမင္းရင့္ ေရာ္မႈကို ျဖစ္ေပၚေစေသာဓာတ္သဘာ၀မ်ားကို ေထာပတ္သီးက
 ေႏွာင့္ေႏွးေစသလို ႏွလံုးႏွင့္ကင္ဆာေရာဂါမ်ားမျဖစ္ေအာင္အကာအကြယ္ ေပးႏုိင္ေၾကာင္းသိရသည္။

ထိုသစ္သီးမွထြက္ေသာ အဆီဓာတ္သည္ခႏၶာကိုယ္ကိုအဆိပ္သင့္ေစေသာ ေမာ္လီက်ဴးမ်ားအားတိုက္ဖ်က္ေပးတတ္ၿပီး ဓာတုေဗဒ ေဘးထြက္ဆိုးက်ိဳးမ်ားကို ေခ်ဖ်က္ေပးႏုိင္သည္။

အိုမင္းရင့္ေရာ္မႈကိုတားဆီးေပးသည့္အာနိသင္သည္အာလူးႏွင့္မုန္လာဥနီတို႔တြင္ ေတြ႕ျမင္ရ တတ္ေသာ္လည္းထိုအေနအထားသည္ဆဲလ္အစုအေ၀းအတြင္းစိမ့္၀င္ႏုိင္ေလာက္ေသာဖြဲ႕စည္းပံုမ်ိဳး မရွိေခ်။

ေထာပတ္သီးကမူဆဲလ္အဖြဲ႕အစည္းထိအက်ံဳး၀င္သက္ေရာက္ႏုိင္သည့္ သဘာ၀ သတၱိထူးမ်ိဳး ပိုင္ဆိုင္ထားေၾကာင္း ဇီ၀ဓာတုႏွင့္ ေမာ္လီက်ဴးဆိုင္ရာ ဇီ၀ေဗဒ ႏွစ္ပတ္လည္ အစည္းအေ၀းတြင္ အေမရိကန္ သုေတသီခရစၥတီယန္ ေကာ္တက္စ္ရိုဂ်ိဳက ေျပာၾကားသြားခဲ့သည္။
“တျခားအစားအေသာက္ေတြကAntioxidantေတြဟာဆဲလ္အစုအေ၀းထဲမထိုးေဖာက္ႏုိင္ဘူး။
ဒီေတာ့ဆဲလ္ကလုပ္ငန္းရပ္ဆိုင္ၿပီး ေသဆံုးသြားတယ္။တကယ္လို႔ဆီေတြယိုစိမ့္ေနတဲ့ ေရကန္မွာ ကၽြန္ေတာ္တို႔ကဆီကိုသန္႔စင္ၿပီးဆီယိုေနတဲ့အေပါက္ကိုမပိတ္ရင္ငါးေတြကေသမွာပဲေလ။
ဒီသေဘာပဲေပါ့”ဟုရိုဂ်ိဳကဆိုသည္။

ဆဲလ္မ်ား၏အေျခခံအက်ဆံုးအဖြဲ႕အစည္းထိ ေထာပတ္သီးမွAntioxidantမ်ားကစိမ့္၀င္ႏုိင္ျခင္းေၾကာင့္ ဆဲလ္မ်ားကိုရွင္သန္ရွည္ၾကာေစေၾကာင္း၎က ေျပာၾကားခဲ့သည္။

ထို႔အျပင္ ေထာပတ္သီးသည္ ေသြးေၾကာမ်ားထိခိုက္မႈႏွင့္ကင္ဆာေရာဂါ ျဖစ္ႏုိင္ေျခတို႔ကို တားဆီးေပးေၾကာင္းလည္းရိုဂ်ိဳက၎၏သုေတသနအဖြဲ႕ ေတြ႕ရွိမႈမ်ားကိုအစည္းအေ၀းတြင္တင္ျပ
 ေဆြးေႏြးသြားခဲ့ေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

 ထောပတ်သီးသည် နုပျိုကျန်းမာခြင်းအတွက် သဘာဝ၏ လက်ဆောင်မွန် ဆေးကောင်းဝါးကောင်းတစ်လက် ဖြစ်နေကြောင်း သုတေသီများက ပြောကြားခဲ့သည်။
ခန္ဓာကိုယ်ကိုအန္တရာယ် ပေးနိုင်သည့် မော်လီကျူးများကို ထောပတ်သီးကဖယ်ရှားပေးနိုင်စွမ်းရှိနေကြောင်း သိပ္ပံပညာရှင်များကဆိုသည်။
အထူးသဖြင့်အိုမင်းရင့် ရော်မှုကို ဖြစ်ပေါ်စေသောဓာတ်သဘာဝများကို ထောပတ်သီးက
 နှောင့်နှေးစေသလို နှလုံးနှင့်ကင်ဆာရောဂါများမဖြစ်အောင်အကာအကွယ် ပေးနိုင်ကြောင်းသိရသည်။

ထိုသစ်သီးမှထွက်သော အဆီဓာတ်သည်ခန္ဓာကိုယ်ကိုအဆိပ်သင့်စေသော မော်လီကျူးများအားတိုက်ဖျက်ပေးတတ်ပြီး ဓာတုဗေဒ ဘေးထွက်ဆိုးကျိုးများကို ချေဖျက်ပေးနိုင်သည်။

အိုမင်းရင့်ရော်မှုကိုတားဆီးပေးသည့်အာနိသင်သည်အာလူးနှင့်မုန်လာဥနီတို့တွင် တွေ့မြင်ရ တတ်သော်လည်းထိုအနေအထားသည်ဆဲလ်အစုအဝေးအတွင်းစိမ့်ဝင်နိုင်လောက်သောဖွဲ့စည်းပုံမျိုး မရှိချေ။

ထောပတ်သီးကမူဆဲလ်အဖွဲ့အစည်းထိအကျုံးဝင်သက်ရောက်နိုင်သည့် သဘာ၀ သတ္တိထူးမျိုး ပိုင်ဆိုင်ထားကြောင်း ဇီဝဓာတုနှင့် မော်လီကျူးဆိုင်ရာ ဇီဝဗေဒ နှစ်ပတ်လည် အစည်းအဝေးတွင် အမေရိကန် သုတေသီခရစ္စတီယန် ကော်တက်စ်ရိုဂျိုက ပြောကြားသွားခဲ့သည်။
“တခြားအစားအသောက်တွေကAntioxidantတွေဟာဆဲလ်အစုအဝေးထဲမထိုးဖောက်နိုင်ဘူး။
ဒီတော့ဆဲလ်ကလုပ်ငန်းရပ်ဆိုင်ပြီး သေဆုံးသွားတယ်။တကယ်လို့ဆီတွေယိုစိမ့်နေတဲ့ ရေကန်မှာ ကျွန်တော်တို့ကဆီကိုသန့်စင်ပြီးဆီယိုနေတဲ့အပေါက်ကိုမပိတ်ရင်ငါးတွေကသေမှာပဲလေ။
ဒီသဘောပဲပေါ့”ဟုရိုဂျိုကဆိုသည်။

ဆဲလ်များ၏အခြေခံအကျဆုံးအဖွဲ့အစည်းထိ ထောပတ်သီးမှAntioxidantများကစိမ့်ဝင်နိုင်ခြင်းကြောင့် ဆဲလ်များကိုရှင်သန်ရှည်ကြာစေကြောင်း၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ထောပတ်သီးသည် သွေးကြောများထိခိုက်မှုနှင့်ကင်ဆာရောဂါ ဖြစ်နိုင်ခြေတို့ကို တားဆီးပေးကြောင်းလည်းရိုဂျိုက၎င်း၏သုတေသနအဖွဲ့ တွေ့ရှိမှုများကိုအစည်းအဝေးတွင်တင်ပြ
 ဆွေးနွေးသွားခဲ့ကြောင်း သိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top