Property Expo
×

ပူျပင္းတဲ့ ေႏြရာသီမ်ိဳးမွာ ပန္ကာေလခံတာဟာ အသက္ၾကီးပိုင္းေတြရဲ႕ က်န္းမာေရးကို ဆိုးဝါးေစႏိုင္တယ္လို႔ သုေတသနတစ္ခုက ေဖာ္ျပပါတယ္။

လူငယ္ေတြအတြက္ ပန္ကာေလဟာ ေခၽြးေတြကို ေပ်ာက္ကြယ္သြားေစျပီး ခႏၶာကိုယ္အပူခ်ိန္ကို ေလွ်ာ့ခ်လိုက္တာ ျဖစ္ေပမဲ့ အဆုိပါသုေတသနအရ အသက္ၾကီးတဲ့လူေတြအတြက္ေတာ့ ႏွလံုးခုန္ႏႈန္းကို ျမင့္တက္ေစကာ ခႏၶာကိုယ္အပူခ်ိန္ကို ျမင့္တက္ေစတယ္လို႔ သိရပါတယ္။

သုေတသနကို Texas တကၠသိုလ္ ေဆးပညာစင္တာတစ္ခုက ျပဳလုပ္ခဲ့တာျဖစ္ျပီး အေမရိကန္ေဆးပညာအသင္းဂ်ာနယ္မွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။  သုေတသနဟာ ပွ်မ္းမွ် အသက္ ၆၈ႏွစ္အရြယ္ေတြကို ေလ့လာခဲ့တာျဖစ္ျပီး ဒီလိုျဖစ္ရတဲ့ အေၾကာင္းအရင္းဟာ အသက္ၾကီးလာတာနဲ႔အမွ် ေခၽြးထြက္ႏႈန္း နည္းလာတာေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ပူပြင်းတဲ့ နွေရာသီမျိုးမှာ ပန်ကာလေခံတာဟာ အသက်ကြီးပိုင်းတွေရဲ့ ကျန်းမာရေးကို ဆိုးဝါးစေနိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

လူငယ်တွေအတွက် ပန်ကာလေဟာ ချွေးတွေကို ပျောက်ကွယ်သွားစေပြီး ခန္ဓာကိုယ်အပူချိန်ကို လျှော့ချလိုက်တာ ဖြစ်ပေမဲ့ အဆိုပါသုတေသနအရ အသက်ကြီးတဲ့လူတွေအတွက်တော့ နှလုံးခုန်နှုန်းကို မြင့်တက်စေကာ ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေတယ်လို့ သိရပါတယ်။

သုတေသနကို Texas တက္ကသိုလ် ဆေးပညာစင်တာတစ်ခုက ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်ဆေးပညာအသင်းဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။  သုတေသနဟာ ပျှမ်းမျှ အသက် ၆၈နှစ်အရွယ်တွေကို လေ့လာခဲ့တာဖြစ်ပြီး ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းဟာ အသက်ကြီးလာတာနဲ့အမျှ ချွေးထွက်နှုန်း နည်းလာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top