Property Expo
×

အေမရိကန္သမၼတဘာရက္ အိုဘားမားသည္ ဗီယက္နမ္ခရီးစဥ္အတြင္း ဟႏြိဳင္းၿမိဳ႕ရွိ နာမည္ႀကီးေသာ ၀က္သားေခါက္ဆြဲကို Bun Cha Huong Lien စားေသာက္ဆိုင္၌ ပလတ္စတစ္ထိုင္ခံု တစ္လံုးျဖင့္ ထိုင္ကာ စားေသာက္ခဲ့သည္မွာ ေလးလၾကာၿပီျဖစ္သည္။ ယင္းေၾကာင့္ လက္ရွိအခ်ိန္တြင္ အဆိုပါစားေသာက္ဆိုင္သည္ အရသာျမည္းစမ္းရန္ ေရာက္လာၾကေသာ လူအေျမာက္အျမားေၾကာင့္ အက်ဳိးျဖစ္ထြန္းေနသည္။
ယခင္က Bun Cha Huong Lien စားေသာက္ဆိုင္၏ အဓိကေဖာက္သည္မ်ားမွာ ျပည္တြင္း စားသံုးသူမ်ားသာ ျဖစ္ၾကသည္။ သို႔ေသာ္ အိုဘားမားေရာက္လာၿပီးေနာက္ပိုင္း Obama bun cha ဟု လူသိ ပိုမ်ားလာေသာ ထိုစားေသာက္ဆိုင္တြင္ ၀က္သားကင္ႏွင့္ ဆန္ေခါက္ဆြဲကို စားရန္ ႏုိင္ငံျခားသားေျမာက္ျမားစြာ ေရာက္လာၾကေၾကာင္း သိရသည္။ ထို၀က္သားေခါက္ဆြဲမွာ ဟႏြိဳင္း၏ ပင္တိုင္ ေန႔လယ္စာတစ္မ်ဳိးျဖစ္သည္။

“အိုဘားမားက ဘာျဖစ္လို႔မ်ား ဒီစားေသာက္ဆိုင္ကို ေရြးခဲ့တယ္ဆိုတာ သိခ်င္ၾကတဲ့အတြက္ လူေတြ အမ်ားႀကီးက လာစားေနၾကတာ ျဖစ္ပါတယ္” ဟု ထိုစားေသာက္ဆိုင္ကို ၂၃ ႏွစ္ၾကာ ဖြင့္ခဲ့သည့္ ဆိုင္ပိုင္ရွင္အမ်ဳိးသမီး ငုယင္သီလိုင္က ေျပာၾကားခဲ့သည္။

လက္ရွိတြင္ လိုင္သည္ ေန႔လယ္စာ အထူးေခါက္ဆြဲတစ္ပြဲ၊ ေကာ္ျပန္႔ေၾကာ္တစ္ပြဲႏွင့္ ဟႏြိဳင္း ဘီယာတစ္မ်ဳိးပါ၀င္ေသာ Combo Obama ဟု အမည္ေပးထားသည့္ တစ္ဆက္စာကို ေလးေဒၚလာျဖင့္ ေရာင္းခ်ေနသည္။ သို႔ေသာ္ လိုင္က ေစ်းတက္၍ ေရာင္းျခင္း လံုး၀မရွိဟု အခိုင္အမာ ေျပာၾကားခဲ့သည္။

“ေရာက္လာၾကတဲ့လူေတြ တအားမ်ားေတာ့ ကြၽန္မတို႔လည္း သူတို႔အားလံုးကိုေတာ့ အကုန္ ဧည့္မခံႏိုင္ဘူးေပါ့” ဟု လိုင္က ဆိုသည္။

ယခုဆိုလွ်င္ လိုင္၏ ႏွစ္ထပ္စားေသာက္ဆိုင္တြင္ အိုဘားမား၊ ၎ႏွင့္အတူ လာေရာက္စားသံုးခဲ့သည့္ ကမၻာလွည့္ေနေသာ အေမရိကန္စားဖိုမွဴး အန္ေထာ္နီေဘာ္ဒြင္တို႔၏ ပံုမ်ားကို ခ်ိတ္ထားလ်က္ရွိသည္။

အိုဘားမားသည္ ေမလက ဗီယက္နမ္ ခရီးစဥ္အတြင္း ေဘာ္ဒင္းႏွင့္အတူ ညေနပိုင္း၌ ေခါက္ဆြဲ လာစားခဲ့ျခင္းျဖစ္သည္။ ထိုစဥ္က ေဘာ္ဒြင္ကလည္း ‘လူမသိေသးသည့္ ေနရာမ်ား’ ဟု အမည္ေပးထားေသာ ၎၏ CNN တနဂၤေႏြ ႐ုပ္သံအစီအစဥ္ကို အိုဘားမားႏွင့္အတူ ႐ိုက္ကူးသြားခဲ့သည္။ ထိုခရီးစဥ္ေၾကာင့္ အိုဘားမားသည္ ဗီယက္နမ္စစ္ပြဲၿပီးခဲ့သည့္ ၁၉၇၅ ခုႏွစ္ေနာက္ပိုင္း ဗီယက္နမ္သို႔ ေရာက္လာခဲ့သည့္ ရာထူးထမ္းေဆာင္ဆဲ တတိယေျမာက္သမၼတ ျဖစ္လာခဲ့သည္။

ထိုအစီအစဥ္၏ အစမ္းျပသကြက္ တစ္ခုထဲတြင္ တူျဖင့္ ကြၽမ္းက်င္စြာ ေခါက္ဆြဲစားေနေသာ အိုဘားမား၏ တူကိုင္စြမ္းရည္ကို ေဘာ္ဒြင္က ခ်ီးက်ဴးခဲ့သည္ကို ေတြ႕ရသည္။ အိုဘားမားကလည္း ေဒသ အစားအစာ ေခါက္ဆြဲကို သေဘာက် ႀကိဳက္ႏွစ္သက္ခဲ့ပံု ရခဲ့သည္။

ဟႏြိဳင္း၏ ခရီးသြားဆြဲေဆာင္ရာ ေနရာတစ္ခုပင္ျဖစ္လာေသာ ထို ၀က္သားေခါက္ဆြဲဆိုင္သို႔ လာေရာက္ စားသံုးသူဦးေရသည္ ႏွစ္ဆ ျမင့္တက္လာခဲ့သည္ဟု ဆိုင္ပိုင္ရွင္ လိုင္က ဆိုသည္။

“အိုဘားမားလည္း ဒီကိုလာတယ္။ အန္ေထာ္နီေဘာ္ဒြင္လည္း ဒီကိုလာတယ္။ သူတို႔ၾကည့္ရတာလည္း စားေကာင္းခဲ့ပံုရတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္လည္း ဒီကိုလာၿပီး ဟုတ္၊ မဟုတ္ လာစားတာပါ” ဟု အေမရိကန္ခရီးသြား အင္ဒ႐ူးလာလာက ေျပာၾကားခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven News

#Unicode Version
အမေရိကန်သမ္မတဘာရက် အိုဘားမားသည် ဗီယက်နမ်ခရီးစဉ်အတွင်း ဟနွိုင်းမြို့ရှိ နာမည်ကြီးသော ဝက်သားခေါက်ဆွဲကို Bun Cha Huong Lien စားသောက်ဆိုင်၌ ပလတ်စတစ်ထိုင်ခုံ တစ်လုံးဖြင့် ထိုင်ကာ စားသောက်ခဲ့သည်မှာ လေးလကြာပြီဖြစ်သည်။ ယင်းကြောင့် လက်ရှိအချိန်တွင် အဆိုပါစားသောက်ဆိုင်သည် အရသာမြည်းစမ်းရန် ရောက်လာကြသော လူအမြောက်အမြားကြောင့် အကျိုးဖြစ်ထွန်းနေသည်။
ယခင်က Bun Cha Huong Lien စားသောက်ဆိုင်၏ အဓိကဖောက်သည်များမှာ ပြည်တွင်း စားသုံးသူများသာ ဖြစ်ကြသည်။ သို့သော် အိုဘားမားရောက်လာပြီးနောက်ပိုင်း Obama bun cha ဟု လူသိ ပိုများလာသော ထိုစားသောက်ဆိုင်တွင် ဝက်သားကင်နှင့် ဆန်ခေါက်ဆွဲကို စားရန် နိုင်ငံခြားသားမြောက်မြားစွာ ရောက်လာကြကြောင်း သိရသည်။ ထိုဝက်သားခေါက်ဆွဲမှာ ဟနွိုင်း၏ ပင်တိုင် နေ့လယ်စာတစ်မျိုးဖြစ်သည်။

“အိုဘားမားက ဘာဖြစ်လို့များ ဒီစားသောက်ဆိုင်ကို ရွေးခဲ့တယ်ဆိုတာ သိချင်ကြတဲ့အတွက် လူတွေ အများကြီးက လာစားနေကြတာ ဖြစ်ပါတယ်” ဟု ထိုစားသောက်ဆိုင်ကို ၂၃ နှစ်ကြာ ဖွင့်ခဲ့သည့် ဆိုင်ပိုင်ရှင်အမျိုးသမီး ငုယင်သီလိုင်က ပြောကြားခဲ့သည်။

လက်ရှိတွင် လိုင်သည် နေ့လယ်စာ အထူးခေါက်ဆွဲတစ်ပွဲ၊ ကော်ပြန့်ကြော်တစ်ပွဲနှင့် ဟနွိုင်း ဘီယာတစ်မျိုးပါဝင်သော Combo Obama ဟု အမည်ပေးထားသည့် တစ်ဆက်စာကို လေးဒေါ်လာဖြင့် ရောင်းချနေသည်။ သို့သော် လိုင်က ဈေးတက်၍ ရောင်းခြင်း လုံးဝမရှိဟု အခိုင်အမာ ပြောကြားခဲ့သည်။

“ရောက်လာကြတဲ့လူတွေ တအားများတော့ ကျွန်မတို့လည်း သူတို့အားလုံးကိုတော့ အကုန် ဧည့်မခံနိုင်ဘူးပေါ့” ဟု လိုင်က ဆိုသည်။

ယခုဆိုလျှင် လိုင်၏ နှစ်ထပ်စားသောက်ဆိုင်တွင် အိုဘားမား၊ ၎င်းနှင့်အတူ လာရောက်စားသုံးခဲ့သည့် ကမ္ဘာလှည့်နေသော အမေရိကန်စားဖိုမှူး အန်ထော်နီဘော်ဒွင်တို့၏ ပုံများကို ချိတ်ထားလျက်ရှိသည်။

အိုဘားမားသည် မေလက ဗီယက်နမ် ခရီးစဉ်အတွင်း ဘော်ဒင်းနှင့်အတူ ညနေပိုင်း၌ ခေါက်ဆွဲ လာစားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဘော်ဒွင်ကလည်း ‘လူမသိသေးသည့် နေရာများ’ ဟု အမည်ပေးထားသော ၎င်း၏ CNN တနင်္ဂနွေ ရုပ်သံအစီအစဉ်ကို အိုဘားမားနှင့်အတူ ရိုက်ကူးသွားခဲ့သည်။ ထိုခရီးစဉ်ကြောင့် အိုဘားမားသည် ဗီယက်နမ်စစ်ပွဲပြီးခဲ့သည့် ၁၉၇၅ ခုနှစ်နောက်ပိုင်း ဗီယက်နမ်သို့ ရောက်လာခဲ့သည့် ရာထူးထမ်းဆောင်ဆဲ တတိယမြောက်သမ္မတ ဖြစ်လာခဲ့သည်။

ထိုအစီအစဉ်၏ အစမ်းပြသကွက် တစ်ခုထဲတွင် တူဖြင့် ကျွမ်းကျင်စွာ ခေါက်ဆွဲစားနေသော အိုဘားမား၏ တူကိုင်စွမ်းရည်ကို ဘော်ဒွင်က ချီးကျူးခဲ့သည်ကို တွေ့ရသည်။ အိုဘားမားကလည်း ဒေသ အစားအစာ ခေါက်ဆွဲကို သဘောကျ ကြိုက်နှစ်သက်ခဲ့ပုံ ရခဲ့သည်။

ဟနွိုင်း၏ ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုပင်ဖြစ်လာသော ထို ဝက်သားခေါက်ဆွဲဆိုင်သို့ လာရောက် စားသုံးသူဦးရေသည် နှစ်ဆ မြင့်တက်လာခဲ့သည်ဟု ဆိုင်ပိုင်ရှင် လိုင်က ဆိုသည်။

“အိုဘားမားလည်း ဒီကိုလာတယ်။ အန်ထော်နီဘော်ဒွင်လည်း ဒီကိုလာတယ်။ သူတို့ကြည့်ရတာလည်း စားကောင်းခဲ့ပုံရတယ်။ ဒါကြောင့် ကျွန်တော်လည်း ဒီကိုလာပြီး ဟုတ်၊ မဟုတ် လာစားတာပါ” ဟု အမေရိကန်ခရီးသွား အင်ဒရူးလာလာက ပြောကြားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven News

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top