Property Expo
×

ဒုတိယကမၻာစစ္ပြဲဟာ ၁၉၃၉ ခုႏွစ္ကေန ၁၉၄၅ ခုႏွစ္အထိ ေျခာက္ႏွစ္ၾကာျမင့္ခဲ့ပါတယ္။ ဂ်ာမနီ၊ ဂ်ပန္၊ အီတလီ၊ ဟန္ေဂရီစတဲ့ ၀င္ရိုးစြန္းႏိုင္ငံမ်ားအဖြဲ နဲ ့ဆုိဗီယက္ယူနီယံ(ရုရွား)၊ ျဗိတိန္၊ တရုတ္၊ျပင္သစ္၊ အေမရိကန္ျပည္ေထာင္စု စတဲ့ မဟာမိတ္ႏိုင္ငံေတြက တစ္ဖက္ တုိက္ပြဲဆင္ႏႊဲခဲ့ၾကျပီး ကမၻာ့လူဦးေရ သန္းေပါင္း ၅၀ ကေန ၈၀ အထိ ေသဆုံးခဲ့ျပီး လူသားသမိုင္းတစ္ေလွ်ာက္ လူအေသအေပ်ာက္အမ်ားဆုံး စစ္ပြဲ တစ္ပြဲအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။
ဒုတိယကမၻာစစ္နဲ ့ပတ္သတ္ျပီး သင္မသိေသးတဲ့ အခ်က္ (၁၀) ခ်က္ကို ၾကည့္ၾကည့္ရေအာင္။
၁။ ဒုတိယကမၻာစစ္အတြင္းမွာ ဂ်ပန္တပ္မေတာ္ဟာ တရုတ္ႏိုင္ငံအေပၚ ပလိပ္ေရာဂါကူးစက္ေနတဲ့ သန္း၊မႊား ေတြ ဗုံးၾကဲခ်ခဲ့ပါတယ္။

၂။ ဒုတိယကမၻာစစ္အတြင္း အသက္ ၁၃ ႏွစ္ကေန ၇၀ အရြယ္ ဂ်ာမနီအမ်ိဳးသမီးေပါင္း ၂ သန္းခန္ ့ကို ဆုိဗီယက္ယူနီယံရဲ့ တပ္နီေတာ္က မုဒိန္းက်င့္ခဲ့ပါတယ္။

၃။ ဒုတိယကမၻာစစ္ျပီးဆုံးျပီး ႏွစ္ေပါင္း ၂၉ ႏွစ္ၾကာျမင့္ျပီးတဲ့အထိ ဂ်ပန္ဘုရင့္တပ္မေတာ္က စစ္သားတစ္ေယာက္ဟာ လက္နက္ခ်အညံ့မခံဘဲ ဖိလစ္ပုိင္က ကၽြန္းတစ္ကၽြန္းမွာ ပုန္းေအာင္းေနခဲ့ပါတယ္။ ႏွစ္ေပါင္းသုံးဆယ္ခန္ ့ၾကာျမင့္ျပီး ၁၉၇၄ ခုႏွစ္က်မွ သူ ့ရဲ့ တပ္မွဴးေဟာင္းက စစ္ျပီးဆုံးသြားျပီလုိ ့ မ်က္ႏွာခ်င္းဆုိင္ ေတြ ့ဆုံျပီး သြားေဖ်ာင္းဖ်ခဲ့မွ လက္နက္ခ်ခဲ့တာပါ။

၄။ ျဗိတိသွ်ဘုရင္မ Queen Elizabeth II ဟာ ဒုတိယကမၻာစစ္အတြင္း စက္ျပင္တစ္ေယာက္အေနနဲ ့ပါ၀င္ အမွဳထမ္းခဲ့ျပီး ယာဥ္ေမာင္းအေနနဲ ့ပါ တာ၀န္ယူခဲ့ပါေသးတယ္။

၅။ ဒုတိယကမၻာစစ္အတြင္း ဂ်ပန္ေတြရဲ့ သတ္ျဖတ္ျခင္းကို ခံခဲ့ရတဲ့ တရုတ္လူမ်ိဳးအေရအတြက္ဟာ ဂ်ာမန္နာဇီေတြရဲ့  သတ္ျဖတ္ျခင္းကို ခံခဲ့ရတဲ့ ဂ်ဴးလူမ်ိဳးအေရအတြက္ထက္ ပုိမ်ားျပားပါတယ္။

၆။ ရုရွားႏိုင္ငံနဲ ့ဂ်ပန္ႏိုင္ငံဟာ ဒုတိယကမၻာစစ္ျပီးဆုံးတဲ့ ျငိမ္းခ်မ္းေရးစာခ်ဳပ္ကို လက္မွတ္ေရးထုိးျခင္း မရွိခဲ့ပါဘူး။ တရား၀င္စာခ်ဳပ္သေဘာအရဆုိရင္ ရုရွားနဲ ့ဂ်ပန္ဟာ အခုအခ်ိန္ထိ စစ္ပြဲျဖစ္ေနတုန္းလုိ ့ ဆုိႏိုင္ပါတယ္။ Kuril ကၽြန္းစုပုိင္ဆုိင္မွဳ အျငင္းအခုံေၾကာင့္ လက္မွတ္မေရးထုိးခဲ့တာျဖစ္ျပီး ၂၀၁၃ ခုႏွစ္အထိ ဒီျပႆနာက ေျပလည္ျခင္းမရွိခဲ့ပါဘူး။
၇။ ၁၉၂၃ ခုႏွစ္အတြင္း ေမြးဖြားခဲ့တဲ့ ဆုိဗီယက္လူမ်ိဳး ေယာက်ၤား ၈၀ ရာခိုင္ႏွဳန္းဟာ ဒုတိယကမၻာစစ္အတြင္း က်ဆုံးခဲ့ရပါတယ္။
၈။ ဒုတိယကမၻာစစ္ကို အႏိုင္ရေအာင္ျမင္ျပီး ၁၉၄၅ ျဗိတိန္အေထြေထြေရြးေကာက္ပြဲမွာ ၀င္စတန္ခ်ာခ်ီ က်ရွဳံးခဲ့ပါတယ္။

၉။ ဟစ္တလာ ဟာ အေမရိကန္ေရတပ္မေတာ္ထဲ ၀င္ျပီး ဂ်ာမနီကို တုိက္ခုိက္ဖုိ ့လုပ္ခဲ့တဲ့ လီဗာပူးလ္ျမိဳ ့က သူ့ရဲ့ တူျဖစ္သူေနအိမ္ကို ဗုံးၾကဲခ်ခဲ့ပါတယ္။
၁၀။ တကယ္လုိ ့စစ္သားတစ္ေယာက္ေယာက္ဟာ သူ ့ရဲ့ ဘာသာတရားယုံၾကည္ခ်က္ေတြက စစ္ပြဲတုိက္ခုိက္ဖုိ ့ ပိတ္ပင္ထားတယ္ဆုိရင္ အထူးတပ္ဖြဲ ့မွာ တာ၀န္ထမ္းေဆာင္ႏိုင္ခဲ့ပါတယ္။
Ref: thoughtcatalog.com, uncensoredhistory.blogspot.com

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ဒုတိယကမ္ဘာစစ်ပွဲဟာ ၁၉၃၉ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ခြောက်နှစ်ကြာမြင့်ခဲ့ပါတယ်။ ဂျာမနီ၊ ဂျပန်၊ အီတလီ၊ ဟန်ဂေရီစတဲ့ ဝင်ရိုးစွန်းနိုင်ငံများအဖွဲ နဲ့ဆိုဗီယက်ယူနီယံ(ရုရှား)၊ ဗြိတိန်၊ တရုတ်၊ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု စတဲ့ မဟာမိတ်နိုင်ငံတွေက တစ်ဖက် တိုက်ပွဲဆင်နွှဲခဲ့ကြပြီး ကမ္ဘာ့လူဦးရေ သန်းပေါင်း ၅၀ ကနေ ၈၀ အထိ သေဆုံးခဲ့ပြီး လူသားသမိုင်းတစ်လျှောက် လူအသေအပျောက်အများဆုံး စစ်ပွဲ တစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်နဲ့ပတ်သတ်ပြီး သင်မသိသေးတဲ့ အချက် (၁၀) ချက်ကို ကြည့်ကြည့်ရအောင်။

၁။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တပ်မတော်ဟာ တရုတ်နိုင်ငံအပေါ် ပလိပ်ရောဂါကူးစက်နေတဲ့ သန်း၊မွှား တွေ ဗုံးကြဲချခဲ့ပါတယ်။

၂။ ဒုတိယကမ္ဘာစစ်အတွင်း အသက် ၁၃ နှစ်ကနေ ၇၀ အရွယ် ဂျာမနီအမျိုးသမီးပေါင်း ၂ သန်းခန့်ကို ဆိုဗီယက်ယူနီယံရဲ့ တပ်နီတော်က မုဒိန်းကျင့်ခဲ့ပါတယ်။

၃။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး နှစ်ပေါင်း ၂၉ နှစ်ကြာမြင့်ပြီးတဲ့အထိ ဂျပန်ဘုရင့်တပ်မတော်က စစ်သားတစ်ယောက်ဟာ လက်နက်ချအညံ့မခံဘဲ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ ပုန်းအောင်းနေခဲ့ပါတယ်။ နှစ်ပေါင်းသုံးဆယ်ခန့်ကြာမြင့်ပြီး ၁၉၇၄ ခုနှစ်ကျမှ သူ့ရဲ့ တပ်မှူးဟောင်းက စစ်ပြီးဆုံးသွားပြီလို့ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး သွားဖျောင်းဖျခဲ့မှ လက်နက်ချခဲ့တာပါ။

၄။ ဗြိတိသျှဘုရင်မ Queen Elizabeth II ဟာ ဒုတိယကမ္ဘာစစ်အတွင်း စက်ပြင်တစ်ယောက်အနေနဲ့ပါဝင် အမှုထမ်းခဲ့ပြီး ယာဉ်မောင်းအနေနဲ့ပါ တာဝန်ယူခဲ့ပါသေးတယ်။

၅။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ တရုတ်လူမျိုးအရေအတွက်ဟာ ဂျာမန်နာဇီတွေရဲ့  သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ဂျူးလူမျိုးအရေအတွက်ထက် ပိုများပြားပါတယ်။

၆။ ရုရှားနိုင်ငံနဲ့ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပါဘူး။ တရားဝင်စာချုပ်သဘောအရဆိုရင် ရုရှားနဲ့ဂျပန်ဟာ အခုအချိန်ထိ စစ်ပွဲဖြစ်နေတုန်းလို့ ဆိုနိုင်ပါတယ်။ Kuril ကျွန်းစုပိုင်ဆိုင်မှု အငြင်းအခုံကြောင့် လက်မှတ်မရေးထိုးခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်အထိ ဒီပြဿနာက ပြေလည်ခြင်းမရှိခဲ့ပါဘူး။

၇။ ၁၉၂၃ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့ ဆိုဗီယက်လူမျိုး ယောကျၤား ၈၀ ရာခိုင်နှုန်းဟာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့ရပါတယ်။

၈။ ဒုတိယကမ္ဘာစစ်ကို အနိုင်ရအောင်မြင်ပြီး ၁၉၄၅ ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ ဝင်စတန်ချာချီ ကျရှုံးခဲ့ပါတယ်။

၉။ ဟစ်တလာ ဟာ အမေရိကန်ရေတပ်မတော်ထဲ ဝင်ပြီး ဂျာမနီကို တိုက်ခိုက်ဖို့လုပ်ခဲ့တဲ့ လီဗာပူးလ်မြို့က သူ့ရဲ့ တူဖြစ်သူနေအိမ်ကို ဗုံးကြဲချခဲ့ပါတယ်။

၁၀။ တကယ်လို့စစ်သားတစ်ယောက်ယောက်ဟာ သူ့ရဲ့ ဘာသာတရားယုံကြည်ချက်တွေက စစ်ပွဲတိုက်ခိုက်ဖို့ ပိတ်ပင်ထားတယ်ဆိုရင် အထူးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နိုင်ခဲ့ပါတယ်။

Ref: thoughtcatalog.com, uncensoredhistory.blogspot.com



 ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top