Kantharyar Centre
×

သင္ကလူတစ္ေယာက္ကို ခ်စ္တဲ့စိတ္ ျပင္းျပင္းျပျပ ခံစားေနရျပီး သူ႔ကိုရာႏႈန္းျပည့္ တစ္သက္တာလုံး ခ်စ္သြားမယ္ဆိုတာ ေသခ်ာခ်င္ရင္ ဒီစာေလးကို အခ်ိန္ေပးျပီးဖတ္လုိက္ပါ။ ထာဝရအခ်စ္ဆုိတာ အခ်စ္ဝတၳဳေတြ၊ ရုပ္ရွင္ေတြထဲမွာတင္ မဟုတ္ဘဲ အမွန္တကယ္ကို လက္ေတြ႔ကမၻာမွာ ရွိပါတယ္။ စိတ္ကူးယဥ္သက္သက္ေရးထားတာ မဟုတ္ဘဲ ထာဝရအခ်စ္စစ္ဆုိတာ ရွိလုိ႔သာေက်ာ္ၾကားတဲ့ အခ်စ္ဝတၳုေတြ ရုပ္ရွင္ေတြအျဖစ္ အသက္သြင္းျပီးေအာင္ျမင္ခဲ့တာဆုိရင္ ပိုမွန္ပါလိမ့္မယ္။

ထာဝရအခ်စ္ဆိုတာဘယ္ေတာ့မွ အဆုံးမရွိတဲ့ အခ်စ္ပါ။ အခ်စ္ဆုိတဲ့ ခံစားခ်က္ကအရမ္းကုိႏူးညံ့ေပမဲ့ အံ့အားသင့္ေလာက္ေအာင္ အားေကာင္းတဲ့ ခံစားမႈလည္းျဖစ္ပါတယ္။မျမင္ႏုိင္ေပမဲ့ ခုိင္မာလြန္းတဲ့အတြက္ထာဝရအခ်စ္နဲ႔ခ်စ္ေနတဲ့ လူႏွစ္ေယာက္ကို ဘယ္လိုအရာကမွ မခြဲျခားႏုိင္ပါဘူး။ ေသဆုံးသြားျပီးေနာက္မွာေတာင္ အခ်စ္စစ္ကထာဝရတည္တံ့ႏုိင္ပါတယ္လို႔ ဆုိပါတယ္။

သိပၸံပညာရွင္ေတြက အခ်စ္ဆုိတဲ့ ခံစားခ်က္တကယ္ရွိမရွိကို လက္ေတြ႔သုေတသန ျပဳျပီးေနာက္မွာ အခ်စ္ဆိုတာ အမွန္တကယ္ရွိေနတဲ့ အရာတစ္ခုလုိ႔ လက္ခံသြားၾကျပီျဖစ္ပါတယ္။ အရင္က အခ်စ္ဆုိတာ မ်ဳိးဆက္ျပန္႔ပြားဖုိ႔ ရည္ရြယ္ခ်က္ သက္သက္အတြက္ လူႏွစ္ေယာက္အၾကာၾကီး အတူေနႏုိင္ေအာင္ စိတ္ကိုလွည့္စားထားတဲ့ ခံစားမႈတစ္ခုလုိ႔ ထင္ျမင္ခဲ့ၾကပါတယ္။ဒါေပမဲ့ အႏွစ္ႏွစ္ဆယ္ေက်ာ္ အတူတကြေပါင္းသင္းလာတဲ့ အရမ္းကိုခ်စ္ၾကပါတယ္ဆုိတဲ့ စုံတြဲေပါင္းမ်ားစြာနဲ႔ စမ္းသပ္ၾကည့္တဲ့အခါ အခ်စ္ဆုိတဲ့အရာကဦးေႏွာက္ရဲ႕ လုပ္ငန္းစဥ္ေတြနဲ႔ အစိတ္အပိုင္းေတြကုိေတာင္ ေျပာင္းလဲပစ္ႏုိင္တဲ့အထိလက္ေတြ႔မွာတကယ္ရွိေနတဲ့ အရာျဖစ္တာကိုသက္ေသထူႏုိင္ခဲ့ၾကပါတယ္။

ေငြရတုတစ္ခုနီးပါးျဖတ္သန္းခဲ့ၾကတဲ့ စုံတြဲေတြကုိခ်စ္သူရဲ႕ ပုံကုိျပျပီးဦးေႏွာက္ရဲ႕ အလုပ္လုပ္ပုံကို စကင္ဖတ္ၾကည့္တဲ့အခါမွာ စုံတြဲတစ္တြဲစီတုိင္းရဲ႕ ဦးေႏွာက္အလုပ္လုပ္ပုံေတြကထူးထူးျခားျခားထပ္တူျဖစ္ေနတာကိုေတြ႔ရပါတယ္။ဒါကိုသိပၸံနည္းက် စဥ္းစားၾကည့္မယ္ဆုိရင္ တျခားအခ်က္ေတြေၾကာင့္မဟုတ္ဘဲအခ်စ္ဆိုတဲ့ ခံစားမႈေၾကာင့္ျဖစ္တယ္ဆုိတာသက္ေသျပလိုက္တာပါ။ ေနာက္ထပ္ေလ့လာမႈတစ္ခုအရခ်စ္တဲ့သူရဲ႕ ဓာတ္ပုံကို ျပလိုက္တဲ့အခါမွာ ေၾကာင္းက်ဳိးဆင္ျခင္ျပီး ဆုံးျဖတ္ခ်က္ခ်တာေတြကုိ လုပ္ေဆာင္ရတဲ့ ဦးေႏွာက္ရဲ႕ အေရွ႕ျခမ္းကပိတ္သြားပါတယ္။ ဒါကလည္းအခ်စ္ဆုိတဲ့ ခံစားမႈကို ၾကံဳလုိက္တဲ့ တခဏမွာ အေၾကာင္းျပခ်က္ေတြ၊ ယုတၱိယုတၱာေတြကုိခဏစြန္႔လႊတ္လိုက္တယ္ဆိုတဲ့ သေဘာပဲ ျဖစ္ပါတယ္။

ဒါေပမဲ့ အခ်စ္ဆိုတာ တကယ္မရွိပါဘူး။ လူတစ္ေယာက္ကို တစ္ဘဝလုံးခ်စ္သြားဖုိ႔ဆုိတာမျဖစ္ႏုိင္ပါဘူးလုိ႔ ေျပာတဲ့သူေတြ အမ်ားၾကီးရွိသလုိအခ်စ္ကို အယုံအၾကည္မရွိတဲ့သူေတြလည္းအမ်ားၾကီးပါပဲ။ ဒီလိုေျပာရတဲ့ အေၾကာင္းရင္းကတစ္ခုပဲရွိပါတယ္ ။အဲ့ဒါကေတာ့ သူတို႔ဒီလုိေျပာၾကတာက သူတုိ႔ဟာအခ်စ္စစ္နဲ႔ မေတြ႔ဘူးလို႔ပဲ ျဖစ္ပါတယ္။ ထာဝရအခ်စ္ဆုိတာဘာလဲ။ ဘယ္လုိအခ်စ္မ်ဳိးကိုထာဝရခ်စ္ႏုိင္မယ့္ အခ်စ္မ်ဳိးလုိ႔ သတ္မွတ္ရမွာလဲလုိ႔ သိခ်င္သူေတြအတြက္ အခ်စ္ဆုိတာ ရွာစရာမလုိပါဘူး။ သူ႔အလိုအေလ်ာက္ရင္ထဲက ျဖစ္တည္လာသလို ထာဝရခ်စ္ႏုိင္မယ့္သူတစ္ေယာက္ကို ေတြ႔ျပီဆုိရင္လည္း ဘယ္လုိမွ မမွားယြင္းႏုိင္ဘဲအလိုလုိကိုသိလာပါလိမ့္မယ္။ဘယ္သူ႔ကိုမွ ေမးေနစရာမလုိဘဲ ကိုယ့္စိတ္က အေျဖေပးပါလိမ့္မယ္။

အခ်စ္ဆုိတာ အမွန္တကယ္ရွိတဲ့ အရာတစ္ခုပါ။ ထာဝရတည္တံံ့ေနႏုိင္တဲ့ ခံစားမႈတစ္ခုလည္း ျဖစ္ပါတယ္။ ဘဝမွာ ေလးေလးနက္နက္ ခ်စ္ရမယ့္သူတစ္ေယာက္ရွိရင္ ေမွ်ာ္လင့္ခ်က္ေတြရွိမယ္။ ေမွ်ာ္လင့္ခ်က္ေတြကေန ရည္မွန္းခ်က္ေတြျဖစ္ျပီး အေကာင္အထည္ေဖာ္ဖုိ႔ ၾကိဳးစားခ်င္လာမယ္။ဒါဆုိဘဝကအေပါင္းလကၡဏာေဆာင္ျပီးေပ်ာ္ရႊင္ႏုိင္မွာပဲ ျဖစ္ပါတယ္။ဒါေၾကာင့္ အခ်စ္စစ္မရွိႏုိင္ပါဘူးလုိ႔ ေပါ့တန္တန္မေတြးဘဲအခ်စ္စစ္ကိုရွာေဖြေတြ႔ျပီးေပ်ာ္ရႊင္ခ်မ္းေျမ့တဲ့ဘဝေတြ
ကိုပိုင္ဆုိင္ႏုိင္ပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

သင်ကလူတစ်ယောက်ကို ချစ်တဲ့စိတ် ပြင်းပြင်းပြပြ ခံစားနေရပြီး သူ့ကိုရာနှုန်းပြည့် တစ်သက်တာလုံး ချစ်သွားမယ်ဆိုတာ သေချာချင်ရင် ဒီစာလေးကို အချိန်ပေးပြီးဖတ်လိုက်ပါ။ ထာဝရအချစ်ဆိုတာ အချစ်ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာတင် မဟုတ်ဘဲ အမှန်တကယ်ကို လက်တွေ့ကမ္ဘာမှာ ရှိပါတယ်။ စိတ်ကူးယဉ်သက်သက်ရေးထားတာ မဟုတ်ဘဲ ထာဝရအချစ်စစ်ဆိုတာ ရှိလို့သာကျော်ကြားတဲ့ အချစ်ဝတ္ထုတွေ ရုပ်ရှင်တွေအဖြစ် အသက်သွင်းပြီးအောင်မြင်ခဲ့တာဆိုရင် ပိုမှန်ပါလိမ့်မယ်။

ထာဝရအချစ်ဆိုတာဘယ်တော့မှ အဆုံးမရှိတဲ့ အချစ်ပါ။ အချစ်ဆိုတဲ့ ခံစားချက်ကအရမ်းကိုနူးညံ့ပေမဲ့ အံ့အားသင့်လောက်အောင် အားကောင်းတဲ့ ခံစားမှုလည်းဖြစ်ပါတယ်။မမြင်နိုင်ပေမဲ့ ခိုင်မာလွန်းတဲ့အတွက်ထာဝရအချစ်နဲ့ချစ်နေတဲ့ လူနှစ်ယောက်ကို ဘယ်လိုအရာကမှ မခွဲခြားနိုင်ပါဘူး။ သေဆုံးသွားပြီးနောက်မှာတောင် အချစ်စစ်ကထာဝရတည်တံ့နိုင်ပါတယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေက အချစ်ဆိုတဲ့ ခံစားချက်တကယ်ရှိမရှိကို လက်တွေ့သုတေသန ပြုပြီးနောက်မှာ အချစ်ဆိုတာ အမှန်တကယ်ရှိနေတဲ့ အရာတစ်ခုလို့ လက်ခံသွားကြပြီဖြစ်ပါတယ်။ အရင်က အချစ်ဆိုတာ မျိုးဆက်ပြန့်ပွားဖို့ ရည်ရွယ်ချက် သက်သက်အတွက် လူနှစ်ယောက်အကြာကြီး အတူနေနိုင်အောင် စိတ်ကိုလှည့်စားထားတဲ့ ခံစားမှုတစ်ခုလို့ ထင်မြင်ခဲ့ကြပါတယ်။ဒါပေမဲ့ အနှစ်နှစ်ဆယ်ကျော် အတူတကွပေါင်းသင်းလာတဲ့ အရမ်းကိုချစ်ကြပါတယ်ဆိုတဲ့ စုံတွဲပေါင်းများစွာနဲ့ စမ်းသပ်ကြည့်တဲ့အခါ အချစ်ဆိုတဲ့အရာကဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေနဲ့ အစိတ်အပိုင်းတွေကိုတောင် ပြောင်းလဲပစ်နိုင်တဲ့အထိလက်တွေ့မှာတကယ်ရှိနေတဲ့ အရာဖြစ်တာကိုသက်သေထူနိုင်ခဲ့ကြပါတယ်။

ငွေရတုတစ်ခုနီးပါးဖြတ်သန်းခဲ့ကြတဲ့ စုံတွဲတွေကိုချစ်သူရဲ့ ပုံကိုပြပြီးဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို စကင်ဖတ်ကြည့်တဲ့အခါမှာ စုံတွဲတစ်တွဲစီတိုင်းရဲ့ ဦးနှောက်အလုပ်လုပ်ပုံတွေကထူးထူးခြားခြားထပ်တူဖြစ်နေတာကိုတွေ့ရပါတယ်။ဒါကိုသိပ္ပံနည်းကျ စဉ်းစားကြည့်မယ်ဆိုရင် တခြားအချက်တွေကြောင့်မဟုတ်ဘဲအချစ်ဆိုတဲ့ ခံစားမှုကြောင့်ဖြစ်တယ်ဆိုတာသက်သေပြလိုက်တာပါ။ နောက်ထပ်လေ့လာမှုတစ်ခုအရချစ်တဲ့သူရဲ့ ဓာတ်ပုံကို ပြလိုက်တဲ့အခါမှာ ကြောင်းကျိုးဆင်ခြင်ပြီး ဆုံးဖြတ်ချက်ချတာတွေကို လုပ်ဆောင်ရတဲ့ ဦးနှောက်ရဲ့ အရှေ့ခြမ်းကပိတ်သွားပါတယ်။ ဒါကလည်းအချစ်ဆိုတဲ့ ခံစားမှုကို ကြုံလိုက်တဲ့ တခဏမှာ အကြောင်းပြချက်တွေ၊ ယုတ္တိယုတ္တာတွေကိုခဏစွန့်လွှတ်လိုက်တယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အချစ်ဆိုတာ တကယ်မရှိပါဘူး။ လူတစ်ယောက်ကို တစ်ဘဝလုံးချစ်သွားဖို့ဆိုတာမဖြစ်နိုင်ပါဘူးလို့ ပြောတဲ့သူတွေ အများကြီးရှိသလိုအချစ်ကို အယုံအကြည်မရှိတဲ့သူတွေလည်းအများကြီးပါပဲ။ ဒီလိုပြောရတဲ့ အကြောင်းရင်းကတစ်ခုပဲရှိပါတယ် ။အဲ့ဒါကတော့ သူတို့ဒီလိုပြောကြတာက သူတို့ဟာအချစ်စစ်နဲ့ မတွေ့ဘူးလို့ပဲ ဖြစ်ပါတယ်။ ထာဝရအချစ်ဆိုတာဘာလဲ။ ဘယ်လိုအချစ်မျိုးကိုထာဝရချစ်နိုင်မယ့် အချစ်မျိုးလို့ သတ်မှတ်ရမှာလဲလို့ သိချင်သူတွေအတွက် အချစ်ဆိုတာ ရှာစရာမလိုပါဘူး။ သူ့အလိုအလျောက်ရင်ထဲက ဖြစ်တည်လာသလို ထာဝရချစ်နိုင်မယ့်သူတစ်ယောက်ကို တွေ့ပြီဆိုရင်လည်း ဘယ်လိုမှ မမှားယွင်းနိုင်ဘဲအလိုလိုကိုသိလာပါလိမ့်မယ်။ဘယ်သူ့ကိုမှ မေးနေစရာမလိုဘဲ ကိုယ့်စိတ်က အဖြေပေးပါလိမ့်မယ်။

အချစ်ဆိုတာ အမှန်တကယ်ရှိတဲ့ အရာတစ်ခုပါ။ ထာဝရတည်တံံ့နေနိုင်တဲ့ ခံစားမှုတစ်ခုလည်း ဖြစ်ပါတယ်။ ဘဝမှာ လေးလေးနက်နက် ချစ်ရမယ့်သူတစ်ယောက်ရှိရင် မျှော်လင့်ချက်တွေရှိမယ်။ မျှော်လင့်ချက်တွေကနေ ရည်မှန်းချက်တွေဖြစ်ပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားချင်လာမယ်။ဒါဆိုဘဝကအပေါင်းလက္ခဏာဆောင်ပြီးပျော်ရွှင်နိုင်မှာပဲ ဖြစ်ပါတယ်။ဒါကြောင့် အချစ်စစ်မရှိနိုင်ပါဘူးလို့ ပေါ့တန်တန်မတွေးဘဲအချစ်စစ်ကိုရှာဖွေတွေ့ပြီးပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတွေ

ကိုပိုင်ဆိုင်နိုင်ပါစေ။


ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top