Property Expo
×








#Unicode Version

  ငွေကြေးပိုင်ဆိုင်မှု သန်းနဲ့ချီပိုင်ဆိုင်နေတဲ့ သန်းကြွယ်သူဌေးတစ် ယောက်အဖို့ သူ့ရဲ့ဝင်ငွေရဖို့အလုပ်အကိုင်အတွက် သိပ်ပြီးတော့ ခက်ခဲပင်ပန်းကြမ်းတမ်းတော့မှာ မဟုတ်တော့ဘူးလို့ပဲ ထင်ကြမှာ ပါ။

 သို့ပေမယ့် ဗြိတိန်က သန်းကြွယ်သူဌေးရှေ့နေ အမျိုးသားတစ်ဦးက တော့ သူ့ရဲ့ဝင်ငွေအမြောက်အများဝင်နေတဲ့ အလုပ်အကိုင်ကနေ ထွက်ပြီးတော့ တကယ့်ကိုစိတ်လှုပ်ရှားပြီး ခက်ခဲအန္တရာယ်များတဲ့ အလုပ်အကိုင်ကို ပြောင်းလဲရွေးချယ်ခဲ့ပါတယ်။

 အသက် ၃၀ အရွယ်ရှိတဲ့ အောက်စ်ဖို့ဘွဲ့ရ ဂရေးစတော့ကာ တစ် ယောက် ကနူးဘောလုံးပစ် လူသားဘောလုံးတစ်ခုအဖြစ် ရပ်တည် ဖို့ စိတ်ဝင်စားနေပါတယ်။ အသက်မွေးဝမ်းကြောင်းအလုပ်အပြင် တခြားစိတ်အားထက်သန်နေတဲ့ စတန့်ပြသကွက်တွေကို ပြသဖို့ အတွက် ဒီစိတ်ကူးကိုရခဲ့တာဖြစ်ပါတယ်။

ငွေကြေးပေါင် ထောင်နဲ့ချီပြီးတော့ အကုန်ကျခံကာ စတန့်သမား အယောက် ၂၀ ကျော်၊ ဗြိတိန်မှာအကြီးဆုံးဖြစ်မယ့် စတန့်တဲနဲ့ ထိုင်ခံပေါင်း တစ်သောင်းကျော်ကို ဝယ်ယူပြီးတော့ စတန့်ပြသမှု တွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီစတန့်မှာ ကနူးဘောလုံးပစ်အတွက် ကို လူသားကနူးဘောလုံးအဖြစ် သူကိုယ်တိုင်ပါဝင် ပြသခဲ့တာ ဖြစ် ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top