Property Expo
×

ယခု ဘ႑ာႏွစ္ေလးလ အတြင္း ကားနံပါတ္အပူးေရာင္း ခ်မႈႏွင့္ စိတ္ႀကိဳက္နံပါတ္ေရာင္းခ် မႈမွ က်ပ္သိန္း ၁၂,၀၀၀ ေက်ာ္ရရွိ ထားေၾကာင္း ကုန္းလမ္းပို႔ေဆာင္ ေရး ၫႊန္ၾကားမႈဦးစီးဌာနမွ သ တင္းရရွိသည္။

ဧၿပီတြင္ ေလးလံုးပူး နံပါတ္ ကိုးခုေရာင္းခ်မႈမွ က်ပ္ ၂၆၂သိန္း ႏွင့္ စိတ္ႀကိဳက္နံပါတ္ ၂၁၁ ခု ေရာင္းခ်မႈမွ က်ပ္ ၁,၅၆၇ သိန္း ရရွိခဲ့သည္။

 ေမလတြင္  ေလးလံုးပူးနံပါတ္ ၁၇ ခု ေရာင္းခ်မႈမွ က်ပ္ ၄၀၂ သိန္းႏွင့္ စိတ္ႀကိဳက္နံပါတ္ ၆၉၈ ခု ေရာင္းခ်မႈမွ က်ပ္ ၅,၁၇၉ သိန္း၊ ဇြန္လတြင္ ေလးလံုးပူးနံ ပါတ္ ကိုးခု ေရာင္းခ်မႈမွ က်ပ္ သိန္း ၃၂၀ ႏွင့္ စိတ္ႀကိဳက္နံပါတ္ ေရာင္းခ်မႈမွ က်ပ္ ၁,၇၂၄ သိန္း၊ ဇူလိုင္တြင္ ေလးလံုးပူးနံပါတ္ ၁၃ ခု ေရာင္းခ်မႈမွ က်ပ္ ၄၅၈ သိန္း ႏွင့္ စိတ္ႀကိဳက္နံပါတ္ ၃၁၂ ခု ေရာင္းခ်မႈမွ က်ပ္ ၂,၄၅၅ သိန္း၊ ၾသဂုတ္တြင္ ေလးလံုးပူး နံပါတ္ ၁၂ ခုမွ က်ပ္သိန္း ၄၀၀ ေက်ာ္၊ စိတ္ႀကိဳက္နံပါတ္ ၃၀၀ ေက်ာ္မွ က်ပ္သိန္း ၂,၀၀၀ ေက်ာ္ ရရွိခဲ့ ေၾကာင္း ထုတ္ျပန္ခဲ့သည္။

ယခုစက္တင္ဘာလ ေရာင္း ခ်မႈစာရင္းမ်ားကို လကုန္တြင္ ထုတ္ျပန္မည္ျဖစ္ၿပီး ၾသဂုတ္က ရရွိခဲ့သည့္ ပမာဏထက္ မ်ားျပား ႏုိင္ေၾကာင္း ကနဦးမွတ္ပံုတင္ ယာဥ္ဌာနမွ ခန္႔မွန္းသည္။

ကညန ကနဦး မွတ္ပံုတင္ ဌာနတြင္ ေလးလံုးပူးနံပါတ္မ်ား ႏွင့္ စိတ္ႀကိဳက္နံပါတ္မ်ားေရာင္း ခ်မႈမွ တစ္ရက္လွ်င္ က်ပ္သိန္း ၁၀၀ ခန္႔ ပံုမွန္၀င္ေငြရရွိေနေၾကာင္း သိရသည္။

တစ္ႏုိင္ငံလံုးတြင္ ၾသဂုတ္ အထိ လူစီးယာဥ္၊ ခရီးသည္တင္ ယာဥ္ႏွင့္ ကုန္တင္ယာဥ္ စီးေရ ၈၅၀,၀၀၀ ေက်ာ္ ကနဦး မွတ္ပံု တင္ ျပဳလုပ္ထားၿပီျဖစ္ေၾကာင္း ကညနက ထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

Unicode Version

ယခု ဘဏ္ဍာနှစ်လေးလ အတွင်း ကားနံပါတ်အပူးရောင်း ချမှုနှင့် စိတ်ကြိုက်နံပါတ်ရောင်းချ မှုမှ ကျပ်သိန်း ၁၂,၀၀၀ ကျော်ရရှိ ထားကြောင်း ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနမှ သ တင်းရရှိသည်။

ဧပြီတွင် လေးလုံးပူး နံပါတ် ကိုးခုရောင်းချမှုမှ ကျပ် ၂၆၂သိန်း နှင့် စိတ်ကြိုက်နံပါတ် ၂၁၁ ခု ရောင်းချမှုမှ ကျပ် ၁,၅၆၇ သိန်း ရရှိခဲ့သည်။

 မေလတွင်  လေးလုံးပူးနံပါတ် ၁၇ ခု ရောင်းချမှုမှ ကျပ် ၄၀၂ သိန်းနှင့် စိတ်ကြိုက်နံပါတ် ၆၉၈ ခု ရောင်းချမှုမှ ကျပ် ၅,၁၇၉ သိန်း၊ ဇွန်လတွင် လေးလုံးပူးနံ ပါတ် ကိုးခု ရောင်းချမှုမှ ကျပ် သိန်း ၃၂၀ နှင့် စိတ်ကြိုက်နံပါတ် ရောင်းချမှုမှ ကျပ် ၁,၇၂၄ သိန်း၊ ဇူလိုင်တွင် လေးလုံးပူးနံပါတ် ၁၃ ခု ရောင်းချမှုမှ ကျပ် ၄၅၈ သိန်း နှင့် စိတ်ကြိုက်နံပါတ် ၃၁၂ ခု ရောင်းချမှုမှ ကျပ် ၂,၄၅၅ သိန်း၊ သြဂုတ်တွင် လေးလုံးပူး နံပါတ် ၁၂ ခုမှ ကျပ်သိန်း ၄၀၀ ကျော်၊ စိတ်ကြိုက်နံပါတ် ၃၀၀ ကျော်မှ ကျပ်သိန်း ၂,၀၀၀ ကျော် ရရှိခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုစက်တင်ဘာလ ရောင်း ချမှုစာရင်းများကို လကုန်တွင် ထုတ်ပြန်မည်ဖြစ်ပြီး သြဂုတ်က ရရှိခဲ့သည့် ပမာဏထက် များပြား နိုင်ကြောင်း ကနဦးမှတ်ပုံတင် ယာဉ်ဌာနမှ ခန့်မှန်းသည်။

ကညန ကနဦး မှတ်ပုံတင် ဌာနတွင် လေးလုံးပူးနံပါတ်များ နှင့် စိတ်ကြိုက်နံပါတ်များရောင်း ချမှုမှ တစ်ရက်လျှင် ကျပ်သိန်း ၁၀၀ ခန့် ပုံမှန်ဝင်ငွေရရှိနေကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် သြဂုတ် အထိ လူစီးယာဉ်၊ ခရီးသည်တင် ယာဉ်နှင့် ကုန်တင်ယာဉ် စီးရေ ၈၅၀,၀၀၀ ကျော် ကနဦး မှတ်ပုံ တင် ပြုလုပ်ထားပြီဖြစ်ကြောင်း ကညနက ထုတ်ပြန်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top