Property Expo
×

အိုင္ဗရီကို႔စ္ကြင္းလယ္ လူယာယာတိုေရး၏ ေအးဂ်င့္ ေျပာဆိုခဲ့ေသာ စကားမ်ားအတြက္ အသင္းကို မေတာင္းပန္မီ အထိ ၎သည္ မန္စီးတီးတြင္ ျပန္လည္ပါ၀င္ကစားခြင့္ရမည္မဟုတ္ဟု နည္းျပ ပက္ဂြါဒီယိုလာက ေျပာၾကားသည္။

‘‘သူေတာင္းပန္ရမယ္။ သူ မေတာင္းပန္ရင္ ကစားရမွာ မဟုတ္ဘူး’’ ဟု ဂြါဒီယိုလာက သတင္းေထာက္မ်ားအား ေျပာၾကားသည္။

ယာယာတိုေရး (၃၃) ႏွစ္၏ ေအးဂ်င့္ ဒီမီထရီဆီလုခ္က မန္စီးတီး၏ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြ၀င္ လူစာရင္းမွ တိုေရးကို ခ်န္လွပ္ထားခဲ့ျခင္းေၾကာင့္ အရွက္ကဲြသလို ခံစားရသည္ဟု ေျပာၾကားခဲ့သည္။

‘‘ကြၽန္ေတာ္က ဘာလို႔ ေတာင္းပန္ရမွာလဲ။ ဂြါဒီယိုလာက ပဲြနည္းနည္းႏိုင္ထားေတာ့ သူဟာဘုရင္တစ္ပါးလို႔ ထင္ေနတယ္။ ကြၽန္ေတာ္က ဥေရာပမွာ ေနတာဆိုေတာ့ ကြၽန္ေတာ္ေျပာခ်င္တာေျပာလို႔ရတယ္။ ဂြါဒီယိုလာက ကြၽန္ေတာ့္ကို တားလို႔ မရဘူး’’ ဟု ဆီလု႔ခ္ကေျပာသည္။

တစ္ႏွစ္တာအေကာင္းဆံုး အာဖရိကေဘာလံုးသမားဆု ေလးႀကိမ္ရထားသည့္ ယာယာတိုေရးသည္ ၂၀၁၀ က ဂြါဒီယိုလာ ကိုင္တြယ္ေနေသာ ဘာစီလိုနာမွ ေရာက္လာၿပီးေနာက္ မန္စီးတီး၏ အေရးပါေသာ ကစားသမားတစ္ဦး ျဖစ္လာသည္။

ယခုရာသီတြင္ ၎သည္ ဘူခ်ာရက္ကို မန္စီးတီးက ၅-၀ ဂိုးျဖင့္ႏိုင္ေသာပဲြ၌ တစ္ႀကိမ္သာ ပါ၀င္ကစားရေသးသည္။ဂြါဒီယိုလာႏွင့္ ယာယာတိုေရးတုိ႔သည္ ဘာစီလိုနာတြင္လည္း ဆက္ဆံေရးမေျပလည္မႈ ျဖစ္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အိုင်ဗရီကို့စ်ကွင်းလယ် လူယာယာတိုရေး၏ အေးဂျင့် ပြောဆိုခဲ့သော စကားများအတွက် အသင်းကို မတောင်းပန်မီ အထိ ၎င်းသည် မန်စီးတီးတွင် ပြန်လည်ပါဝင်ကစားခွင့်ရမည်မဟုတ်ဟု နည်းပြ ပက်ဂွါဒီယိုလာက ပြောကြားသည်။

‘‘သူတောင်းပန်ရမယ်။ သူ မတောင်းပန်ရင် ကစားရမှာ မဟုတ်ဘူး’’ ဟု ဂွါဒီယိုလာက သတင်းထောက်များအား ပြောကြားသည်။

ယာယာတိုရေး (၃၃) နှစ်၏ အေးဂျင့် ဒီမီထရီဆီလုခ်က မန်စီးတီး၏ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် လူစာရင်းမှ တိုရေးကို ချန်လှပ်ထားခဲ့ခြင်းကြောင့် အရှက်ကွဲသလို ခံစားရသည်ဟု ပြောကြားခဲ့သည်။

‘‘ကျွန်တော်က ဘာလို့ တောင်းပန်ရမှာလဲ။ ဂွါဒီယိုလာက ပွဲနည်းနည်းနိုင်ထားတော့ သူဟာဘုရင်တစ်ပါးလို့ ထင်နေတယ်။ ကျွန်တော်က ဥရောပမှာ နေတာဆိုတော့ ကျွန်တော်ပြောချင်တာပြောလို့ရတယ်။ ဂွါဒီယိုလာက ကျွန်တော့်ကို တားလို့ မရဘူး’’ ဟု ဆီလု့ခ်ကပြောသည်။

တစ်နှစ်တာအကောင်းဆုံး အာဖရိကဘောလုံးသမားဆု လေးကြိမ်ရထားသည့် ယာယာတိုရေးသည် ၂၀၁၀ က ဂွါဒီယိုလာ ကိုင်တွယ်နေသော ဘာစီလိုနာမှ ရောက်လာပြီးနောက် မန်စီးတီး၏ အရေးပါသော ကစားသမားတစ်ဦး ဖြစ်လာသည်။

ယခုရာသီတွင် ၎င်းသည် ဘူချာရက်ကို မန်စီးတီးက ၅-၀ ဂိုးဖြင့်နိုင်သောပွဲ၌ တစ်ကြိမ်သာ ပါဝင်ကစားရသေးသည်။ဂွါဒီယိုလာနှင့် ယာယာတိုရေးတို့သည် ဘာစီလိုနာတွင်လည်း ဆက်ဆံရေးမပြေလည်မှု ဖြစ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top