Property Expo
×

မိန္းမကို အသုံးျပဳျပီးသား ကားအေဟာင္းနဲ႔ ႏႈိုင္းျပီး eBay ေပၚတင္ေရာင္းခဲ့တဲ့ ေယာက္်ားက တကယ္ေတာ့ မိန္းမဆီက ကိုယ္ခ်င္းစာနာစိတ္ကို လိုခ်င္လို႔ပါလို႔ ဆုိပါတယ္။ အဂၤလန္ႏုိင္ငံ ေယာ့ခ္ရႈိင္းယားမွာေနထုိင္တဲ့ အသက္ ၃၃ႏွစ္ အရြယ္ Simon O’Kane ဆုိတဲ့ အမ်ဳိးသားက ကားေလလံေၾကာ္ျငာ ဝက္ဘ္ဆုိက္တစ္ခုမွာ ဇနီးျဖစ္သူ Leandra ကုိေရာင္းခ်ဖို႔ ေၾကာ္ျငာခဲ့ပါတယ္တဲ့။

အေၾကာင္းကေတာ့ သူေနမေကာင္းျဖစ္ေနတဲ့အခ်ိန္အတြင္း သူ႔မိန္းမက သူ႔ကို ဂရုတစိုက္ျပဳစုမႈ မရွိခဲ့တာေၾကာင့္ ဇနီးဆီက ကိုယ္ခ်င္းစာစိတ္ကို ရရွိေစဖို႔ ျဖစ္ပါတယ္။ သူ႔ေၾကာ္ျငာထဲမွာ ေလလံဆြဲခ်င္တဲ့သူေတြ ဆုံးျဖတ္ႏုိင္ဖို႔အတြက္ အသုံးျပဳျပီးသား ဇနီးတစ္ေယာက္ရဲ႕ ေကာင္းက်ိဳး၊ဆုိးက်ဳိးေတြကို ေဖာ္ျပထားပါတယ္။ ေကာင္းက်ဳိး- ခႏၶာကိုယ္အတြက္ ေလ့က်င့္ခန္း ေကာင္းေကာင္း ရေစတယ္။ ဆိုးက်ဳိး- ေဟာင္းႏြမ္းေနတဲ့ အစိတ္အပိုင္းေတြကို အသစ္တစ္ခုခုနဲ႔ မလဲႏုိင္ဘူး ဆုိရင္ေတာ့ ဆူညံသံေတြမၾကာခဏ ၾကားေနရပါလိမ့္မယ္တဲ့။ ေနာက္ထပ္ ေရးထားေသး တာကေတာ့ ေမာ္ဒယ္အသစ္ေလးနဲ႔ လဲခ်င္တယ္ဆုိရင္လည္း အလုိက္ေပးျပီးလဲခ်င္ပါတယ္လို႔ မိန္းမကို ကားအေဟာင္းနဲ႔ ႏႈိင္းျပီး ေၾကာ္ျငာခဲ့ပါတယ္။

ထူးျခားစြာပဲ ၾကမ္းခင္းေစ်း ေပါင္ ၆၅၀၀ လုိ႔ သတ္မွတ္ထားတာကို စိတ္ဝင္တစားနဲ႔ ဝယ္လုိပါတယ္လို႔ ကမ္းလွမ္းလာတဲ့သူ အမ်ားအျပားရွိေပမယ့္ Simon က ေၾကာ္ျငာကို eBay ကေနျပန္ျဖဳတ္ထားလုိက္ပါျပီ။ ကံေကာင္းစြာနဲ႔ Leandra ကလည္း ဟာသဓာတ္ခံရွိတဲ့သူတစ္ေယာက္ ျဖစ္တာေၾကာင့္ Simon ကုိ စိတ္မဆိုးဘဲ ခြင့္လႊတ္ေပးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

မိန်းမကို အသုံးပြုပြီးသား ကားအဟောင်းနဲ့ နှိုင်းပြီး eBay ပေါ်တင်ရောင်းခဲ့တဲ့ ယောက်ျားက တကယ်တော့ မိန်းမဆီက ကိုယ်ချင်းစာနာစိတ်ကို လိုချင်လို့ပါလို့ ဆိုပါတယ်။ အင်္ဂလန်နိုင်ငံ ယော့ခ်ရှိုင်းယားမှာနေထိုင်တဲ့ အသက် ၃၃နှစ် အရွယ် Simon O’Kane ဆိုတဲ့ အမျိုးသားက ကားလေလံကြော်ငြာ ဝက်ဘ်ဆိုက်တစ်ခုမှာ ဇနီးဖြစ်သူ Leandra ကိုရောင်းချဖို့ ကြော်ငြာခဲ့ပါတယ်တဲ့။

အကြောင်းကတော့ သူနေမကောင်းဖြစ်နေတဲ့အချိန်အတွင်း သူ့မိန်းမက သူ့ကို ဂရုတစိုက်ပြုစုမှု မရှိခဲ့တာကြောင့် ဇနီးဆီက ကိုယ်ချင်းစာစိတ်ကို ရရှိစေဖို့ ဖြစ်ပါတယ်။ သူ့ကြော်ငြာထဲမှာ လေလံဆွဲချင်တဲ့သူတွေ ဆုံးဖြတ်နိုင်ဖို့အတွက် အသုံးပြုပြီးသား ဇနီးတစ်ယောက်ရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေကို ဖော်ပြထားပါတယ်။ ကောင်းကျိုး- ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်း ကောင်းကောင်း ရစေတယ်။ ဆိုးကျိုး- ဟောင်းနွမ်းနေတဲ့ အစိတ်အပိုင်းတွေကို အသစ်တစ်ခုခုနဲ့ မလဲနိုင်ဘူး ဆိုရင်တော့ ဆူညံသံတွေမကြာခဏ ကြားနေရပါလိမ့်မယ်တဲ့။ နောက်ထပ် ရေးထားသေး တာကတော့ မော်ဒယ်အသစ်လေးနဲ့ လဲချင်တယ်ဆိုရင်လည်း အလိုက်ပေးပြီးလဲချင်ပါတယ်လို့ မိန်းမကို ကားအဟောင်းနဲ့ နှိုင်းပြီး ကြော်ငြာခဲ့ပါတယ်။

ထူးခြားစွာပဲ ကြမ်းခင်းဈေး ပေါင် ၆၅၀၀ လို့ သတ်မှတ်ထားတာကို စိတ်ဝင်တစားနဲ့ ဝယ်လိုပါတယ်လို့ ကမ်းလှမ်းလာတဲ့သူ အများအပြားရှိပေမယ့် Simon က ကြော်ငြာကို eBay ကနေပြန်ဖြုတ်ထားလိုက်ပါပြီ။ ကံကောင်းစွာနဲ့ Leandra ကလည်း ဟာသဓာတ်ခံရှိတဲ့သူတစ်ယောက် ဖြစ်တာကြောင့် Simon ကို စိတ်မဆိုးဘဲ ခွင့်လွှတ်ပေးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top