Property Expo
×

 ယာဥ္ေၾကာက်ပ္တည္း မႈႏွင့္ ယာဥ္စည္းကမ္းခ်ဳိးေဖာက္မႈ မ်ားကို စီမံခ်က္ျဖင့္အေရးယူ ေဆာင္ရြက္ရာတြင္ ကနဦးအေန ျဖင့္ ျပည္လမ္းႏွင့္ ကမၻာေအးဘု ရားလမ္းရွိ ေနရာ ၁၆ ခု၌ စတင္ ေဆာင္ရြက္ေနေၾကာင္း အမွတ္ (၂) ယာဥ္ထိန္းတပ္ဖြဲ႕ခြဲမွဴး႐ုံးမွသ တင္းရရွိသည္။

 ယာဥ္သြားလာမႈ မ်ားျပား ေသာ အထက္ပါလမ္းႏွစ္ခုတြင္ ယာဥ္ထိန္းရဲႏွင့္ သက္ဆုိင္ရာဌာနမ်ား ပါ၀င္ေသာအဖြဲ႕မ်ားျဖင့္ ယာဥ္ေၾကာ ရွင္းလင္းျခင္းႏွင့္ယာဥ္စည္းကမ္း ခ်ဳိးေဖာက္ျခင္း မ်ားကို စီမံခ်က္ျဖင့္ ဖမ္းဆီးအေရးယူမည္ျဖစ္ေၾကာင္း စက္တင္ဘာ ၂ရက္က ျပဳလုပ္သည့္ယာဥ္ထိန္းရဲတပ္ဖြဲ႕မီဒီယာရွင္းလင္းပြဲတြင္ အမွတ္(၂)ယာဥ္ထိန္းတပ္ဖြဲ႕ခြဲမွဴး႐ုံးမွ ဒုရဲမွဴးႀကီးေအာင္ကိုဦးကေျပာသည္။

 ‘‘စီမံခ်က္အရ လမ္း ၁၁ ခုသတ္မွတ္ထားတယ္။ လက္ရွိ လမ္း ႏွစ္ခုကို စတင္ၿပီး ယာဥ္ ေၾကာပိတ္ဆုိ႔မႈအမ်ားဆုံးျဖစ္တဲ့ ေနရာ ၁၆ခုကို ေရြးခ်ယ္ၿပီးစတင္ လုပ္ေဆာင္သြားမယ္။ တျခား လမ္းေတြမွာျဖစ္ေပၚေနတဲ့ယာဥ္ စည္းကမ္းခ်ဳိးေဖာက္မႈေတြကို လည္း ျပည္သူေတြဗုိက္ဘာကေန တစ္ဆင့္ ဓာတ္ပုံ႐ုိက္ၿပီး တုိင္ ၾကားႏုိင္တယ္။ ဖမ္းဆီးအေရးယူ မႈေတြကိုလည္း တုိင္းေဒသႀကီးအ စုိးရအဖြဲ႕ကို တင္ျပမွာျဖစ္တယ္’’ဟု ၎ကေျပာသည္။

ယခုစီမံခ်က္ျဖင့္ အေရးယူ ရန္ စတင္လုပ္ေဆာင္ေသာေနရာ ၁၆ခုမွာ ျပည္လမ္းရွိ ခေရပင္လမ္းဆုံ၊ ေစာ္ဘြားႀကီးကုန္း၊ ၉မုိင္၊ ၁၀မုိင္၊ မရမ္းကုန္း၊ ပါရမီလမ္းဆုံ၊ လွည္းတန္းလမ္းဆုံ၊ေျမနီကုန္း၊ ျပည္သူ႔ရင္ျပင္၊ ေတာ္၀င္စင္တာေရွ႕ႏွင့္ ကမၻာေဘးဘုရားလမ္းတြင္ ကမၻာေအးဘုရားေရွ႕၊ ကမၻာေအးပါရမီလမ္းဆုံ၊ စက္မႈ(၁)၊ ေရႊဂုံတုိင္လမ္းဆုံ၊ ဗဟန္း(၃)လမ္း၊ဗဟန္း အ၀ုိင္းစသည့္ေနရာမ်ားျဖစ္ေၾကာင္း သတင္းရရွိသည္။

ရန္ကုန္ၿမိဳ႕အတြင္း ယာဥ္ ေၾကာက်ပ္တည္းမႈမ်ားႏွင့္ ခရီး သည္တင္ယာဥ္စည္းကမ္းခ်ဳိး ေဖာက္မႈမ်ားကို စက္တင္ဘာ ၁ ရက္ကစ၍ စီမံခ်က္ျဖင့္ ယာဥ္ စည္းကမ္းေဖာက္္ဖ်က္ပါက အနိမ့္ဆုံး ဒဏ္ေငြငါးေသာင္းက်ပ္ တပ္႐ုိက္မည္ျဖစ္ေၾကာင္း သယ္ယူ ပုိ႔ေဆာင္ေရးႀကီးၾကပ္မႈ အာဏာပုိင္အဖြဲ႕ အတြင္းေရးမွဴး ေဒါက္တာေမာင္ေအာင္က ေျပာ သည္။

စစ္ေဆးဖမ္းဆီးေရးအဖြဲ႕ တြင္ ယာဥ္ထိန္း၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးအဖြဲ႕၊ မထသ၊ စည္ပင္၊ က ညနစေသာဌာနဆုိင္ရာအဖြဲ႕၀င္ ကုိးဦးပူးေပါင္းပါ၀င္ၿပီးအထက္ ပါေနရာတစ္ခုစီတြင္ တာ၀န္ခ် ထားေဆာင္ရြက္မည္ျဖစ္ေၾကာင္း ဒုရဲမွဴးႀကီးေအာင္ကိုဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ယာဉ်ကြောကျပ်တည်း မှုနှင့် ယာဉ်စည်းကမ်းချိုးဖောက်မှု များကို စီမံချက်ဖြင့်အရေးယူ ဆောင်ရွက်ရာတွင် ကနဦးအနေ ဖြင့် ပြည်လမ်းနှင့် ကမ္ဘာအေးဘု ရားလမ်းရှိ နေရာ ၁၆ ခု၌ စတင် ဆောင်ရွက်နေကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှသ တင်းရရှိသည်။

 ယာဉ်သွားလာမှု များပြား သော အထက်ပါလမ်းနှစ်ခုတွင် ယာဉ်ထိန်းရဲနှင့် သက်ဆိုင်ရာဌာနများ ပါဝင်သောအဖွဲ့များဖြင့် ယာဉ်ကြော ရှင်းလင်းခြင်းနှင့်ယာဉ်စည်းကမ်း ချိုးဖောက်ခြင်း များကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း စက်တင်ဘာ ၂ရက်က ပြုလုပ်သည့်ယာဉ်ထိန်းရဲတပ်ဖွဲ့မီဒီယာရှင်းလင်းပွဲတွင် အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီးအောင်ကိုဦးကပြောသည်။

 ‘‘စီမံချက်အရ လမ်း ၁၁ ခုသတ်မှတ်ထားတယ်။ လက်ရှိ လမ်း နှစ်ခုကို စတင်ပြီး ယာဉ် ကြောပိတ်ဆို့မှုအများဆုံးဖြစ်တဲ့ နေရာ ၁၆ခုကို ရွေးချယ်ပြီးစတင် လုပ်ဆောင်သွားမယ်။ တခြား လမ်းတွေမှာဖြစ်ပေါ်နေတဲ့ယာဉ် စည်းကမ်းချိုးဖောက်မှုတွေကို လည်း ပြည်သူတွေဗိုက်ဘာကနေ တစ်ဆင့် ဓာတ်ပုံရိုက်ပြီး တိုင် ကြားနိုင်တယ်။ ဖမ်းဆီးအရေးယူ မှုတွေကိုလည်း တိုင်းဒေသကြီးအ စိုးရအဖွဲ့ကို တင်ပြမှာဖြစ်တယ်’’ဟု ၎င်းကပြောသည်။

ယခုစီမံချက်ဖြင့် အရေးယူ ရန် စတင်လုပ်ဆောင်သောနေရာ ၁၆ခုမှာ ပြည်လမ်းရှိ ခရေပင်လမ်းဆုံ၊ စော်ဘွားကြီးကုန်း၊ ၉မိုင်၊ ၁၀မိုင်၊ မရမ်းကုန်း၊ ပါရမီလမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊မြေနီကုန်း၊ ပြည်သူ့ရင်ပြင်၊ တော်ဝင်စင်တာရှေ့နှင့် ကမ္ဘာဘေးဘုရားလမ်းတွင် ကမ္ဘာအေးဘုရားရှေ့၊ ကမ္ဘာအေးပါရမီလမ်းဆုံ၊ စက်မှု(၁)၊ ရွှေဂုံတိုင်လမ်းဆုံ၊ ဗဟန်း(၃)လမ်း၊ဗဟန်း အဝိုင်းစသည့်နေရာများဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့အတွင်း ယာဉ် ကြောကျပ်တည်းမှုများနှင့် ခရီး သည်တင်ယာဉ်စည်းကမ်းချိုး ဖောက်မှုများကို စက်တင်ဘာ ၁ ရက်ကစ၍ စီမံချက်ဖြင့် ယာဉ် စည်းကမ်းဖောက်ဖျက်ပါက အနိမ့်ဆုံး ဒဏ်ငွေငါးသောင်းကျပ် တပ်ရိုက်မည်ဖြစ်ကြောင်း သယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြော သည်။

စစ်ဆေးဖမ်းဆီးရေးအဖွဲ့ တွင် ယာဉ်ထိန်း၊ မြို့နယ်အုပ်ချုပ် ရေးအဖွဲ့၊ မထသ၊ စည်ပင်၊ က ညနစသောဌာနဆိုင်ရာအဖွဲ့ဝင် ကိုးဦးပူးပေါင်းပါဝင်ပြီးအထက် ပါနေရာတစ်ခုစီတွင် တာဝန်ချ ထားဆောင်ရွက်မည်ဖြစ်ကြောင်း ဒုရဲမှူးကြီးအောင်ကိုဦးက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top