Property Expo
×

မိခင္ေလာင္းေတြအေနနဲ႔ ကိုယ္၀န္ေဆာင္ေနစဥ္မွာ ပါရာစီတေမာ ေသာက္သံုးျခင္းဟာ မေမြးရေသးတဲ့ ဗိုက္ထဲက ကေလးကို ထိခိုက္ေစႏိုင္တယ္လို႔ ေဆးပညာကၽြမ္းက်င္သူေတြက သတိေပးလိုက္ပါတယ္။

အကယ္၍ ေမြးလာမယ့္ကေလးက ေယာက်ာၤးေလးသာဆိုရင္ေတာ့ ေရပန္းအစားဆံုး နာက်င္မႈ ေပ်ာက္ကင္းေဆးျဖစ္တဲ့ ပါရာစီတေမာ ဟာ ထိုေမြးလာမယ့္ ေယာက်ာၤးေလးေတြကို မ်ိဳးမေအာင္ျခင္းကေန ကင္ဆာေရာဂါ အထိ ဘ၀ တစ္ေလွ်ာက္လံုး ထိခိုက္ေစမယ့္ ေရာဂါမ်ိဳးေတြ ျဖစ္လာေစႏိုင္ပါတယ္။

Edinburgh တကၠသိုလ္က သုေတသီေတြ တိုက္တြန္းခဲ့တာကေတာ့ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြအေနနဲ႔ ကိုယ္၀န္ေဆာင္ေနစဥ္ ပါရာစီတေမာ ေသာက္မယ္ဆိုရင္ ၂ ႀကိမ္ ၂ ခါ စဥ္းစားဖို႔လိုလိမ့္မယ္ဆိုတာပါပဲ။ ပါရာစီတေမာ ေသာက္သံုးလိုက္လို႔ နာက်င္မႈေတြသက္သာ သြားခဲ့တယ္ဆိုရင္လည္း ခဏတာ ေလးအတြင္းမွာ ထိေရာက္မႈ အနည္းငယ္ကိုသာ ရရွိမွာပါ။ ေမြးလာမယ့္ကေလးငယ္ကေတာ့ ဘ၀တစ္ေလွ်ာက္လံုး ခံစားသြားရႏိုင္ပါတယ္။

ေလ့လာမႈမ်ားစြာကေန သိခဲ့ရတာက ပါရာစီတေမာ ဟာ သားအိမ္အတြင္းမွာပင္ ရွိေနေသးတဲ့ ကေလးငယ္ရဲ႕  အမ်ိဳးသား မ်ိဳးပြား စနစ္ ဖြံ႕ၿဖိဳးမႈကို ေႏွာင့္ယွက္ ဟန္႔တားလိုက္ပါတယ္။ ထိုစနစ္ဟာ အေရးႀကီးပါတယ္။ ထို စနစ္ရဲ႕ ဖြံ႕ၿဖိဳးမႈဟာ မိခင္သားအိမ္ထဲမွာ ရွိေနစဥ္ကတည္းက  မွားယြင္းသြားခဲ့မယ္ဆိုရင္ အသက္ႀကီးလာတဲ့အခါ သေႏၶေအာင္ ေလာက္ေအာင္ မ်ိဳးပြားျခင္းမွာ မစြမ္းေဆာင္ႏိုင္ေတာ့ပဲ ေယာက်ာၤးေလးတစ္ေယာက္အေနနဲ႔ လူျဖစ္ရံႈးသြားရႏိုင္ပါတယ္။

ပိုဆိုးတာက အမ်ိဳးသားေတြရဲ႕ အျဖစ္အမ်ားဆံုး ေ၀ွးေစ့နဲ႔ဆိုင္တဲ့ (Testicular) ကင္ဆာေရာဂါ အထိ ျဖစ္သြားေစႏိုင္ပါတယ္။ေ၀ွးေစ့ အတြင္းမွာ ရွိတဲ့ အမ်ိဳးသား မ်ိဳးပြားစနစ္ရဲ႕ အဓိက ေဟာ္မုန္းကို Testosterone လို႔ ေခၚပါတယ္။ အကယ္၍ ကိုယ္၀န္ေဆာင္မိခင္က ကိုယ္၀န္ေဆာင္ေနစဥ္မွာ ပါရာစီတေမာ ေသာက္သံုးလိုက္မယ္ဆိုရင္ သားအိမ္ထဲက မေမြးေသးတဲ့ ကေလးငယ္(ေယာက်ာၤးေလး) ရဲ႕ အမ်ိဳးသား မ်ိဳးပြားစနစ္ ဖြံ႕ၿဖိဳးမႈမွာ Testosterone ေဟာ္မုန္း ပမာဏ ကို ပါရာစီတေမာ က ေလ်ာ့ခ် ပစ္လိုက္မွာ ျဖစ္ပါတယ္။

ထိုေလ့လာမႈကိုေတာ့ Edinburgh တကၠသိုလ္က Dr Rod Mitchell ဦးေဆာင္တဲ့ အဖြဲ႔က ၾကြက္ေတြနဲ႔ စတင္စမ္းသပ္ခဲ့တာျဖစ္ပါတယ္။ မိခင္ေလာင္းၾကြက္ေတြကို ပါရာစီတေမာ တိုက္ေကၽြးလိုက္တဲ့အခါ ေမြးလာတဲ့ ၾကြက္အထီးေတြရဲ႕ အမ်ိဳးသားမ်ိဳးပြား စနစ္ဟာ ဖြံ႔ၿဖိဳးမႈ မရွိတာကို ေတြ႕ခဲ့ရတာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin


#Unicode Version

မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ်မှာ ပါရာစီတမော သောက်သုံးခြင်းဟာ မမွေးရသေးတဲ့ ဗိုက်ထဲက ကလေးကို ထိခိုက်စေနိုင်တယ်လို့ ဆေးပညာကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

အကယ်၍ မွေးလာမယ့်ကလေးက ယောကျာၤးလေးသာဆိုရင်တော့ ရေပန်းအစားဆုံး နာကျင်မှု ပျောက်ကင်းဆေးဖြစ်တဲ့ ပါရာစီတမော ဟာ ထိုမွေးလာမယ့် ယောကျာၤးလေးတွေကို မျိုးမအောင်ခြင်းကနေ ကင်ဆာရောဂါ အထိ ဘ၀ တစ်လျှောက်လုံး ထိခိုက်စေမယ့် ရောဂါမျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

Edinburgh တက္ကသိုလ်က သုတေသီတွေ တိုက်တွန်းခဲ့တာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ် ပါရာစီတမော သောက်မယ်ဆိုရင် ၂ ကြိမ် ၂ ခါ စဉ်းစားဖို့လိုလိမ့်မယ်ဆိုတာပါပဲ။ ပါရာစီတမော သောက်သုံးလိုက်လို့ နာကျင်မှုတွေသက်သာ သွားခဲ့တယ်ဆိုရင်လည်း ခဏတာ လေးအတွင်းမှာ ထိရောက်မှု အနည်းငယ်ကိုသာ ရရှိမှာပါ။ မွေးလာမယ့်ကလေးငယ်ကတော့ ဘဝတစ်လျှောက်လုံး ခံစားသွားရနိုင်ပါတယ်။

လေ့လာမှုများစွာကနေ သိခဲ့ရတာက ပါရာစီတမော ဟာ သားအိမ်အတွင်းမှာပင် ရှိနေသေးတဲ့ ကလေးငယ်ရဲ့  အမျိုးသား မျိုးပွား စနစ် ဖွံ့ဖြိုးမှုကို နှောင့်ယှက် ဟန့်တားလိုက်ပါတယ်။ ထိုစနစ်ဟာ အရေးကြီးပါတယ်။ ထို စနစ်ရဲ့ ဖွံ့ဖြိုးမှုဟာ မိခင်သားအိမ်ထဲမှာ ရှိနေစဉ်ကတည်းက  မှားယွင်းသွားခဲ့မယ်ဆိုရင် အသက်ကြီးလာတဲ့အခါ သန္ဓေအောင် လောက်အောင် မျိုးပွားခြင်းမှာ မစွမ်းဆောင်နိုင်တော့ပဲ ယောကျာၤးလေးတစ်ယောက်အနေနဲ့ လူဖြစ်ရှုံးသွားရနိုင်ပါတယ်။

ပိုဆိုးတာက အမျိုးသားတွေရဲ့ အဖြစ်အများဆုံး ဝှေးစေ့နဲ့ဆိုင်တဲ့ (Testicular) ကင်ဆာရောဂါ အထိ ဖြစ်သွားစေနိုင်ပါတယ်။ဝှေးစေ့ အတွင်းမှာ ရှိတဲ့ အမျိုးသား မျိုးပွားစနစ်ရဲ့ အဓိက ဟော်မုန်းကို Testosterone လို့ ခေါ်ပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင်မိခင်က ကိုယ်ဝန်ဆောင်နေစဉ်မှာ ပါရာစီတမော သောက်သုံးလိုက်မယ်ဆိုရင် သားအိမ်ထဲက မမွေးသေးတဲ့ ကလေးငယ်(ယောကျာၤးလေး) ရဲ့ အမျိုးသား မျိုးပွားစနစ် ဖွံ့ဖြိုးမှုမှာ Testosterone ဟော်မုန်း ပမာဏ ကို ပါရာစီတမော က လျော့ချ ပစ်လိုက်မှာ ဖြစ်ပါတယ်။

ထိုလေ့လာမှုကိုတော့ Edinburgh တက္ကသိုလ်က Dr Rod Mitchell ဦးဆောင်တဲ့ အဖွဲ့က ကြွက်တွေနဲ့ စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ မိခင်လောင်းကြွက်တွေကို ပါရာစီတမော တိုက်ကျွေးလိုက်တဲ့အခါ မွေးလာတဲ့ ကြွက်အထီးတွေရဲ့ အမျိုးသားမျိုးပွား စနစ်ဟာ ဖွံ့ဖြိုးမှု မရှိတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top