Property Expo
×

ဝက္ဖို႔ဒ္ကို ႐ံႈးနိမ့္ခဲ့တဲ့ပြဲမွာ ဂိုးေပးခဲ့ရတာဟာ လုခ္ေရွာရဲ႕ ေပါ့ဆမႈေၾကာင့္ ျဖစ္တယ္လို႔ အသင္းနည္းျပ ေမာ္ရင္ဟိုက ေဝဖန္ေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ ပြဲကိုတာဝန္ယူခဲ့တဲ့ စည္းၾကပ္ဒိုင္ရဲ႕ ဆံုးျဖတ္ခ်က္ေတြကိုလည္း ေမာ္ရင္ဟိုက ေဝဖန္ခဲ့ပါေသးတယ္။ ေနာက္က်မွ ေပးခဲ့ရတဲ့ ပင္နယ္တီ ဂိုးအပါအဝင္ ၃-၁ ဂိုးနဲ႔ ႐ံႈးခဲ့ၿပီးေနာက္ မန္ယူအသင္းဟာ ၿပိဳင္ပြဲစံု သံုးပြဲဆက္တိုက္ ႐ံႈးတဲ့အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ တစ္ဖက္တစ္ဂိုးစီ သေရက်ေနတဲ့အခ်ိန္မွာ ဝက္ဖို႔ဒ္အသင္းရဲ႕ ဦးေဆာင္ဂိုးကို ခြင့္ျပဳလိုက္ရတာဟာ လုခ္ေရွာရဲ႕ နည္းစနစ္အမွားေၾကာင့္လို႔ ေမာ္ရင္ဟိုက ဆိုပါတယ္။

" ကၽြန္ေတာ္တို႔ဂိုးဧရိယာနဲ႔ ၂၅ ကိုက္ေလာက္အကြာကေန ၿပိဳင္ဘက္ကစားသမား ေဘာလံုးဆြဲလာတဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔ဘက္က သူ႔ကို ေနရာလြတ္ေတြ အမ်ားႀကီးေပးခဲ့မိတယ္။ အဲဒီကစားသမား ကၽြန္ေတာ္တို႔ ဂိုးဧရိယာထဲ ေရာက္လာေတာ့လည္း ယံုၾကည္ခ်က္ရွိွရွိနဲ႔ ဖ်က္မထုတ္ႏုိင္ခဲ့ဘူး" လို႔ ေမာ္ရင္ဟိုက လုခ္ေရွာကို ရည္႐ြယ္ၿပီးေျပာခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


 #Unicode Version

ဝက်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဂိုးပေးခဲ့ရတာဟာ လုခ်ရှောရဲ့ ပေါ့ဆမှုကြောင့် ဖြစ်တယ်လို့ အသင်းနည်းပြ မော်ရင်ဟိုက ဝေဖန်ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ပွဲကိုတာဝန်ယူခဲ့တဲ့ စည်းကြပ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း မော်ရင်ဟိုက ဝေဖန်ခဲ့ပါသေးတယ်။ နောက်ကျမှ ပေးခဲ့ရတဲ့ ပင်နယ်တီ ဂိုးအပါအဝင် ၃-၁ ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် မန်ယူအသင်းဟာ ပြိုင်ပွဲစုံ သုံးပွဲဆက်တိုက် ရှုံးတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ တစ်ဖက်တစ်ဂိုးစီ သရေကျနေတဲ့အချိန်မှာ ဝက်ဖို့ဒ်အသင်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုလိုက်ရတာဟာ လုခ်ရှောရဲ့ နည်းစနစ်အမှားကြောင့်လို့ မော်ရင်ဟိုက ဆိုပါတယ်။

" ကျွန်တော်တို့ဂိုးဧရိယာနဲ့ ၂၅ ကိုက်လောက်အကွာကနေ ပြိုင်ဘက်ကစားသမား ဘောလုံးဆွဲလာတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က သူ့ကို နေရာလွတ်တွေ အများကြီးပေးခဲ့မိတယ်။ အဲဒီကစားသမား ကျွန်တော်တို့ ဂိုးဧရိယာထဲ ရောက်လာတော့လည်း ယုံကြည်ချက်ရှှိရှိနဲ့ ဖျက်မထုတ်နိုင်ခဲ့ဘူး" လို့ မော်ရင်ဟိုက လုခ်ရှောကို ရည်ရွယ်ပြီးပြောခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top