Kantharyar Centre
×

Allied ဇာတ္ကားတြင္ တြဲဖက္သ႐ုပ္ ေဆာင္ခဲ့ဖူးေသာ မင္းသမီး မာရီ ယြန္ေကာ့ေတးလာ့ဒ္ႏွင့္ မင္းသား ဘရက္ဒ္ပစ္တို႔ၾကား ခ်စ္ဇာတ္ လမ္းရွိခဲ့သည္ဆိုေသာ သတင္း မ်ားကို မာရီယြန္ေကာ့ေတးလာ့ဒ္ က ျငင္းဆိုလိုက္သည္။

ဘရက္ပစ္၏ဇနီး အန္ဂ် လီနာဂ်ဳိလီက ကြာရွင္းျပတ္စဲရန္ တရား႐ံုးသို႔ ေလွ်ာက္ထားခဲ့ျခင္း မွာ ျပင္သစ္မင္းသမီး မာရီယြန္ႏွင့္ ဘရက္ဒ္ပစ္တို႔ၾကား ခ်စ္ဇာတ္ လမ္းရွိခဲ့ျခင္းေၾကာင့္ ျဖစ္သည္ဆို ေသာ သတင္းမ်ား ပ်ံ႕ႏွံ႔လာခဲ့ သည္။သို႔ေသာ္ မာရီယြန္ (၄၀)ႏွစ္ က ၎၏ခင္ပြန္း ကန္႔နက္ႏွင့္ ဒုတိယရင္ေသြး လြယ္ထားရၿပီဟု ထုတ္ေဖာ္ေျပာဆိုကာ ဘရက္ ပစ္ႏွင့္ သတင္းမ်ားကို ျငင္းဆို လိုက္သည္။

ထိုအေတာအတြင္း ဘရက္ဒ္ပစ္၏ဇနီးေဟာင္း ဂ်နီဖာအန္နစ္စတန္က အန္ဂ်လီနာဂ်ဳိလီကို လင္လုယူေသာမိန္းမအျဖစ္ ေလွာင္ေျပာင္လိုက္ၿပီး ဂ်ဳိလီတို႔ လင္မယား ကြာရွင္းမည့္အေရးကုိ ၎က ေက်နပ္သလိုမ်ဳိး ေျပာ ၾကားသည္။ ဂ်နီဖာအန္နစ္စတန္ႏွင့္ ဘရက္ဒ္ပစ္တို႔ အိမ္ေထာင္မကြဲမီ အခ်ိန္က ဂ်ဳိလီသည္ ဘရက္ဒ္ပစ္ကို လုယူသြားခဲ့သည္ဟု အန္နစ္စတန္ႏွင့္ ရင္းႏွီးေသာသတင္းရင္း ျမစ္မ်ားက ေျပာသည္။

အန္နစ္စတန္က ဘရက္ပစ္ ကို သံေယာဇဥ္ရွိေနဆဲျဖစ္ၿပီး ဆုေတာင္းေပးေနဆဲျဖစ္သည္ဟု သတင္းရင္းျမစ္မ်ားကေျပာသည္။

ဘရက္ဒ္ပစ္ႏွင့္ ဂ်နီဖာအန္ နီစတန္တို႔သည္ Tomb Raider ႐ုပ္ရွင္ၾကယ္ပြင့္ ဂ်ဳိလီႏွင့္ ဘရက္ဒ္ပစ္တို႔ လက္မတြဲမီက အိမ္ေထာင္ သက္ငါးႏွစ္ၾကာ လက္တြဲခဲ့ၾက သည္။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

Allied ဇာတ်ကားတွင် တွဲဖက်သရုပ် ဆောင်ခဲ့ဖူးသော မင်းသမီး မာရီ ယွန်ကော့တေးလာ့ဒ်နှင့် မင်းသား ဘရက်ဒ်ပစ်တို့ကြား ချစ်ဇာတ် လမ်းရှိခဲ့သည်ဆိုသော သတင်း များကို မာရီယွန်ကော့တေးလာ့ဒ် က ငြင်းဆိုလိုက်သည်။

ဘရက်ပစ်၏ဇနီး အန်ဂျ လီနာဂျိုလီက ကွာရှင်းပြတ်စဲရန် တရားရုံးသို့ လျှောက်ထားခဲ့ခြင်း မှာ ပြင်သစ်မင်းသမီး မာရီယွန်နှင့် ဘရက်ဒ်ပစ်တို့ကြား ချစ်ဇာတ် လမ်းရှိခဲ့ခြင်းကြောင့် ဖြစ်သည်ဆို သော သတင်းများ ပျံ့နှံ့လာခဲ့ သည်။သို့သော် မာရီယွန် (၄၀)နှစ် က ၎င်း၏ခင်ပွန်း ကန့်နက်နှင့် ဒုတိယရင်သွေး လွယ်ထားရပြီဟု ထုတ်ဖော်ပြောဆိုကာ ဘရက် ပစ်နှင့် သတင်းများကို ငြင်းဆို လိုက်သည်။

ထိုအတောအတွင်း ဘရက်ဒ်ပစ်၏ဇနီးဟောင်း ဂျနီဖာအန်နစ်စတန်က အန်ဂျလီနာဂျိုလီကို လင်လုယူသောမိန်းမအဖြစ် လှောင်ပြောင်လိုက်ပြီး ဂျိုလီတို့ လင်မယား ကွာရှင်းမည့်အရေးကို ၎င်းက ကျေနပ်သလိုမျိုး ပြော ကြားသည်။ ဂျနီဖာအန်နစ်စတန်နှင့် ဘရက်ဒ်ပစ်တို့ အိမ်ထောင်မကွဲမီ အချိန်က ဂျိုလီသည် ဘရက်ဒ်ပစ်ကို လုယူသွားခဲ့သည်ဟု အန်နစ်စတန်နှင့် ရင်းနှီးသောသတင်းရင်း မြစ်များက ပြောသည်။

အန်နစ်စတန်က ဘရက်ပစ် ကို သံယောဇဉ်ရှိနေဆဲဖြစ်ပြီး ဆုတောင်းပေးနေဆဲဖြစ်သည်ဟု သတင်းရင်းမြစ်များကပြောသည်။

ဘရက်ဒ်ပစ်နှင့် ဂျနီဖာအန် နီစတန်တို့သည် Tomb Raider ရုပ်ရှင်ကြယ်ပွင့် ဂျိုလီနှင့် ဘရက်ဒ်ပစ်တို့ လက်မတွဲမီက အိမ်ထောင် သက်ငါးနှစ်ကြာ လက်တွဲခဲ့ကြ သည်။ 

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top