Property Expo
×

ရန္ကုန္ျမိဳ႕ ေက်ာက္တံတားၿမိဳ႕နယ္၊ ၃၅ လမ္းအလယ္ဘေလာက္ရိွ တိုက္အမွတ္ ၁၇၂ - ၄ လႊာရွိ ေနအိမ္သုိ႔ ယေန႔ စက္တင္ဘာ ၁၈ ရက္ေန႔ ၁၂ နာရီဝန္းက်င္က ေနအိမ္ေပၚတက္ခါ အႏုၾကမ္းစီးမႈတစ္ခု ျဖစ္ပြားခဲ့ေၾကာင္း ေက်ာက္တံတားၿမိဳ႕နယ္ ရဲတပ္ဖဲြ႔႐ုံးမွ ရသည္။


" ျဖစ္စဥ္နဲ႔ပတ္သက္ၿပီးေတာ့ အေသးစိတ္မသိရေသးဘူး။ ေနအိမ္မွာကသားအမိႏွစ္ေယာက္တည္းေနတာလုိ႔သိရတယ္။ အဘြားႀကီး ကေတာ္ေတာ္အသက္ႀကီးေနၿပီ။ အိမ္ေပၚတက္လာတဲ့သူက လူငယ္ပဲ။ တံခါးလည္းသူတုိ႔ ဖြင့္ေပးတာလုိ႔ သိရတယ္။ အဘြားႀကီးေတာ့ ဒဏ္ရာရရိွသြားတယ္။အဲဒီအခ်ိန္မွာ ပတ္ဝန္းက်င္ အကူအညီေတာင္းေတာ့ ဒီလူက ေနာက္ေဖးလမ္းၾကားဖက္ကုိ ထြက္သြား လမ္းထဲကလူေတြဝုိင္းဖမ္းတာမိသြားတယ္။အိမ္ေပၚတက္တဲ့ လူေကာ၊အဘြားကုိေရာ ရဲတပ္ဖဲြ႔က ေဆး႐ုံေခၚသြားတယ္ ဟု ေက်ာက္တံတားၿမိဳ႕နယ္ အမွတ္ (၁)တုိင္းလႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚၾကည္ျပာကေျပာသည္။


 ဖိုးသူေတာ္ (www.phothutaw.com)
Credit:News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)

#Unicode Version
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းအလယ်ဘလောက်ရှိ တိုက်အမှတ် ၁၇၂ - ၄ လွှာရှိ နေအိမ်သို့ ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့ ၁၂ နာရီဝန်းကျင်က နေအိမ်ပေါ်တက်ခါ အနုကြမ်းစီးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ ရသည်။


" ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ အသေးစိတ်မသိရသေးဘူး။ နေအိမ်မှာကသားအမိနှစ်ယောက်တည်းနေတာလို့သိရတယ်။ အဘွားကြီး ကတော်တော်အသက်ကြီးနေပြီ။ အိမ်ပေါ်တက်လာတဲ့သူက လူငယ်ပဲ။ တံခါးလည်းသူတို့ ဖွင့်ပေးတာလို့ သိရတယ်။ အဘွားကြီးတော့ ဒဏ်ရာရရှိသွားတယ်။အဲဒီအချိန်မှာ ပတ်ဝန်းကျင် အကူအညီတောင်းတော့ ဒီလူက နောက်ဖေးလမ်းကြားဖက်ကို ထွက်သွား လမ်းထဲကလူတွေဝိုင်းဖမ်းတာမိသွားတယ်။အိမ်ပေါ်တက်တဲ့ လူကော၊အဘွားကိုရော ရဲတပ်ဖွဲ့က ဆေးရုံခေါ်သွားတယ် ဟု ကျောက်တံတားမြို့နယ် အမှတ် (၁)တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကပြောသည်။





 ဖိုးသူတော် (www.phothutaw.com)
Credit:News Watch(စောင့်ကြည့်သတင်းဂျာနယ်)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top