Property Expo
×

 ေရာက္ခဲလွတဲ့ဘုရားမုိ႔ ေရႊသကၤန္းကပ္ရေအာင္ ဆုိၿပီး အေၿပးေလး သြား၀ယ္လုိက္ပါတယ္။ စိတ္ၾကည္ႏူးစြာနဲ႔ ၀ယ္ၿပီးထြက္အလာ “အမ်ိဳးသမီးမ်ားတက္ခြင့္မၿပဳ” ဆုိတဲ့ စာတန္းကို ၿမင္လိုက္ရတဲ့အခ်ိန္ သူ႔ေၿခလွမ္းေတြအားလံုးု ရပ္တန္႔ခဲ့ရတယ္။ အဲဒါနဲ႔ပဲ သူ၀ယ္လာတဲ့ ေရႊသကၤန္းကို ေယာက်ာ္းေလးတစ္ေယာက္ဆီ လက္ဆင့္ကမ္းေပးရင္း သူ႔အစားကပ္ေပးဖုိ႔ အကူအညီေတာင္းလိုက္ရရွာတယ္။ ခပ္လွမ္းလွမ္းေရာက္မွ ေအာ္ေၿပာရေသးတယ္၊ “ကၽြန္မအတြက္ ဓါတ္ပံုေလးပါ ရုိက္ခဲ့ေပးပါ” တဲ့။

သူ႔အစား ေရႊသကၤန္းကပ္ေပးတဲ့ ေယာက်ာ္းေလးဟာ သူတစ္ပါးအသက္သတ္တဲ့သူ၊ သူတစ္ပါးပစၥည္းခုိးတဲ့သူ၊ သူမ်ားသမီးပ်ိဳကို ၿပစ္မွားတဲ့သူ၊ မုသားစကားဆိုတတ္သူ၊ ဒါမွမဟုတ္ အရက္ေသစာေသာက္စားေလ့ရွိသူ ၿဖစ္ခ်င္ၿဖစ္ေနႏုိင္တယ္။ ဒါေပမဲ့ “ဘုရားအဆံုးအမ လိုက္နာၿခင္း လိုက္မနာၿခင္း”ထက္ “ေယာက်ာ္းေလးၿဖစ္ၿခင္း”ဆုိတဲ့ အခ်က္တစ္ခ်က္တည္းက သူ႔ကို ေရႊသကၤန္းကပ္ခြင့္ရေစခဲ့တယ္။ ဘယ္ေလာက္ပဲ ငါးပါးသီလကို ၿမဲၿမံေအာင္ ေစာင့္ထိန္းတဲ့သူ ၿဖစ္ပါေစ၊ မိန္းကေလးၿဖစ္ေနရင္ေတာ့ အဲဒီအခြင့္အေရးကို ဘယ္လုိမွ ရႏုိင္မွာ မဟုတ္ပါဘူး။

ဒါဆုိ ကၽြန္ေတာ္တုိ႔ရဲ႔ ဘာသာတရားက အမ်ိဳးသမီးေတြအေပၚ ႏွိမ့္ခ်ဆက္ဆံတဲ့ အယူ၀ါဒလား။

မဟုတ္ပါဘူး။ ဒီလိုတားၿမစ္ခ်က္ေတြဟာ ဘာသာေရးအရ ၿမတ္စြာဘုရားက ကန္႔သတ္ခဲ့တာေတြ မဟုတ္ပါဘူး။ ပါေမာကၡခ်ဳပ္ဆရာေတာ္ၾကီးလည္း ေဟာဖူးပါတယ္။ အဲဒါ religion မဟုတ္ဘူး၊ Tradition ပါတဲ့။ တကယ္ေတာ့ ဒါေတြဟာ “လူတစ္ေယာက္ရဲ႔တန္ဖုိးကို သူ႔လုပ္ရပ္ေတြနဲ႔ မတုိင္းတာဘဲ ေယာက်ာ္းၿဖစ္ၿခင္း မိန္းမၿဖစ္ၿခင္း ဆိုတဲ့အခ်က္ေပၚမွာပဲ အဓိကထား ဆံုးၿဖတ္ေနၾကတဲ့ ရုိးရာအစဥ္အလာေတြရဲ႔ တားၿမစ္ခ်က္”သာ ၿဖစ္ပါတယ္။

အဲဒီလို အစဥ္အလာ သတ္မွတ္ခ်က္ေတြေၾကာင့္ ဘာေတြၿဖစ္လာရသလဲ။

ႏုိင္ငံတစ္ခုမွာ တစ္အိမ္ေထာင္ ကေလးတစ္ေယာက္ပဲေမြးရမယ္ ဆုိတဲ့ ေပၚလစီရွိတယ္။ ရုိးရာအယူအဆအရ ေယာက်ာ္းေလးကိုမွ ပိုလိုခ်င္ၾကေတာ့ ေနာက္ဆက္တြဲအၿဖစ္ မိန္းကေလးမွန္း သိတာနဲ႔ ကုိယ္၀န္ဖ်က္ခ်တာ၊ ေမြးၿပီးမွ စြန္႔ပစ္ခဲ့တာေတြ ၿဖစ္လာတယ္။ ၾကာလာေတာ့ ေယာက်ာ္းမိန္းမအခ်ိဳးက မညီမမွ် ၿဖစ္လာၿပီး သတို႔သမီး ရွားပါးလာတဲ့အခါ တစ္ဖက္ႏုိင္ငံထဲက ဆင္းရဲတဲ့မိန္းကေလးေတြ၊ အသိပညာမရွိတဲ့မိန္းကေလးေတြကို လူကုန္ကူးမႈေတြ တြင္တြင္က်ယ္က်ယ္ ၿဖစ္လာတယ္။ အဲဒီ “ဆင္းရဲတဲ့ တစ္ဖက္ႏုိင္ငံ”ဆုိတာ ကၽြန္ေတာ္တုိ႔ႏုိင္ငံပဲ ၿဖစ္ပါတယ္။

ေက်းရြာေတြမွာ ‘မိန္းကေလးပဲ၊ ေသစာရွင္စာတတ္ရင္ ေတာ္ၿပီေပါ့’ လို႔ ထင္ေနတဲ့သူေတြ ဒီေန႔ထိ ရွိေနေသးတယ္ဆုိ မအံ့ၾသပါနဲ႔။ သားနဲ႔သမီးအတူတူမွာ တစ္ေယာက္ကို ေက်ာင္းထုတ္ရေတာ့မယ္ဆုိ သမီးၿဖစ္သူကိုပဲ ေက်ာင္းထုတ္တယ္။ ေယာက်ာ္းေလးဆုိတာ တခ်ိန္က် မိသားစုကို ဦးေဆာင္ရမွာမို႔ ပညာတတ္ဖုိ႔ လိုသတဲ့။ အဲဒီမိန္းကေလးေတြ ပညာမၿပည္႔မစံုနဲ႔ အရြယ္ေရာက္လာတဲ့အခါ လမ္းမွားေရာက္ဖုိ႔ အင္မတန္လြယ္ကူတယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ အိမ္ေထာင္က်တယ္။ ကေလးေမြးတယ္။ ပညာကမတတ္ေတာ့ အလုပ္အကိုင္ေကာင္းေကာင္းမရဘူး။ စီးပြါးေရးအဆင္မေၿပဘူး။ က်န္းမာေရးကို ဘယ္လိုေစာင့္ေရွာက္ရမယ္ မသိဘူး။ ဒီေတာ့ အဲဒီမိသားစုေတြ အဲဒီကေလးေတြ ဆင္းရဲတြင္းနက္တယ္၊ အေသအေပ်ာက္မ်ားတယ္။

အိမ္ေထာင္ၿပဳၿပီးရင္လည္း ကိုယ္က စီးပြါးမရွာႏုိင္တာမို႔ လင္ေယာက်ာ္းအေပၚ လံုးလံုးလ်ားလ်ား မွီခုိေနရတယ္။ သူ အႏုိင္က်င့္သမွ် ၿငိမ္ခံရတယ္။ သူ ေၿပာသမွ် နားေထာင္ရတယ္။ လြန္ဆန္လုိ႔မရဘူး။ လင္ေယာက်ာ္း ဆံုးပါးသြားခဲ့ရင္လည္း ကုိယ့္ဘာသာကိုယ္ မရပ္တည္ႏုိင္တာမို႔ သားသမီးေတြနဲ႔ ဒုကၡပင္လယ္ေ၀ၿပီး က်န္ခဲ့ရရွာတယ္။ ေနာက္ေယာက်ာ္းယူတယ္၊ အဲဒီေယာက်ာ္းက ကုိယ့္သမီးအပ်ိဳေပါက္ကို ေၿခေတာ္တင္တယ္။

ပညာသင္ခြင့္ရခဲ့လို႔ လုပ္ငန္းခြင္ထဲ ေရာက္လာရင္လည္း လုပ္ခလစာ အညီအမွ် အေပးမခံရဘူး။ ဦးေဆာင္ႏုိင္စြမ္းမရွိဘူးလို႔ တစ္ထစ္ခ် သတ္မွတ္ၿပီး ေခါင္းေဆာင္ေနရာ ေပးဖို႔ဆိုလည္း အားလံုးက ၀န္ေလးတတ္ၾကတယ္။

ေနာက္ဆံုးတစ္ခုကေတာ့ အဓမၼၿပဳက်င့္မႈ။ ကေလးဘ၀ကေန ေနာက္ဆံုး သက္ၾကီးရြယ္အုိေတြအထိ အခ်ိန္မေရြး ၾကံဳသြားရႏုိင္တယ္။

ဒီအေၿခအေနေတြအားလံုးကို ေက်ာ္ၿဖတ္ၿပီး အမ်ိဳးသမီးတစ္ေယာက္ ေရွ႔တန္းေရာက္လာဖုိ႔ဆိုတာ ေတာ္ေတာ္ေလး ခဲယဥ္းပါတယ္။ ေသခ်ာၿပန္ၾကည္႔ရင္ အမ်ိဳးသမီးေတြခ်ည္း ဒုကၡေရာက္ရတာေတာ့ မဟုတ္ဘူး။ အနာဂတ္ကို ဖန္တီးၾကမဲ့ ကေလးေတြလည္း ဒုကၡေရာက္ရတယ္၊ မိသားစုေတြ၊ ဘ၀ေတြ၊ ေနာက္ၿပီး အထက္စီးမွာ ရွိေနၾကတဲ့ ေယာက်ာ္းေတြပါ အဲဒီရဲ႔ အက်ိဳးဆက္ကို ခံၾကရတယ္။

ဒီအၿဖစ္အပ်က္ေတြအားလံုးရဲ႔ အဓိကဇစ္ၿမစ္ကေတာ့ “အမ်ိဳးသမီးေတြအေပၚ ခြဲၿခားႏွိမ့္ခ် ဆက္ဆံၿခင္း”ေၾကာင့္ပါပဲ။

ဘုရားေတြေပၚမွာ ေတြ႔ေတြ႔ေနရတဲ့ ဒီစာသားေတြဟာ အမ်ိဳးသမီးေတြအေပၚ ႏွိမ့္ခ်ဆက္ဆံေနတဲ့ ကၽြန္ေတာ္တုိ႔ရဲ႔ အစဥ္အလာေတြကုိ ၿပသေနတာ ၿဖစ္သလို၊ ေလာကၾကီးဆီက ခုမွသင္ယူေနတဲ့ ကေလးငယ္ေတြကိုလည္း “ေယာက်ာ္းက မိန္းမထက္ ပိုၿမတ္တယ္”ဆုိတဲ့ အယူအဆကို သြင္းေပးေနရာလည္း ေရာက္ပါတယ္။

တကယ္ေတာ့ အဲဒီလိုသေဘာသက္ေရာက္တဲ့ စာသားေတြ အၿပဳအမူမ်ိဳးေတြကုိ ရုပ္ရွင္ေတြ၊ သီခ်င္းေတြ၊ လက္ဖက္ရည္ဆုိင္က စကား၀ုိင္းေတြ၊ ေက်ာင္းစာသင္ခန္းေတြ၊ ေရွးလူၾကီးေတြရဲ႔ စကားေတြ၊ ကၽြန္ေတာ္တုိ႔ရဲ႔ ေန႔စဥ္ဘ၀ေတြထဲမွာ အမ်ားအၿပားပဲ ေတြ႔ႏုိင္ပါတယ္။ ဒီလိုနည္းလမ္းေပါင္းစံုနဲ႔ သင္ၾကားခံခဲ့ရၿပီးတဲ့ေနာက္မွာ ကၽြန္ေတာ္တုိ႔ေတြ၊ ေနာက္ဆံုး၊ မိန္းကေလးေတြကုိယ္တုိင္ကပါ လက္ခံလိုက္ပါေတာ့တယ္
“မိန္းမဆုိတာ နိမ့္က်တဲ့သူေတြပါလား”

ဒါေၾကာင့္ အမိ်ဳးသမီးေတြဘ၀ တုိးတက္လာဖုိ႔ဆုိရင္ အဓိက ဖယ္ရွားပစ္ရမွာ “အမ်ိဳးသမီးမ်ားတက္ခြင့္မၿပဳ” ဆိုတဲ့ စာတန္းေတြ မဟုတ္ပါဘူး။ တကယ္ဖယ္ရွားပစ္ရမွာက မိန္းမဆုိတာနိမ့္က်တယ္လို႔ ကေလးဘ၀ကတည္းက နည္းလမ္းေပါင္းစံုနဲ႔ အေရးခံထားရတဲ့ ကၽြန္ေတာ္တို႔ရင္ထဲက စာတန္းေတြကိုပဲ ၿဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေဒါက္တာျဖိဳးသီဟ

#Unicode Version
 ရောက်ခဲလှတဲ့ဘုရားမို့ ရွှေသင်္ကန်းကပ်ရအောင် ဆိုပြီး အပြေးလေး သွားဝယ်လိုက်ပါတယ်။ စိတ်ကြည်နူးစွာနဲ့ ဝယ်ပြီးထွက်အလာ “အမျိုးသမီးများတက်ခွင့်မပြု” ဆိုတဲ့ စာတန်းကို မြင်လိုက်ရတဲ့အချိန် သူ့ခြေလှမ်းတွေအားလုံးု ရပ်တန့်ခဲ့ရတယ်။ အဲဒါနဲ့ပဲ သူဝယ်လာတဲ့ ရွှေသင်္ကန်းကို ယောကျာ်းလေးတစ်ယောက်ဆီ လက်ဆင့်ကမ်းပေးရင်း သူ့အစားကပ်ပေးဖို့ အကူအညီတောင်းလိုက်ရရှာတယ်။ ခပ်လှမ်းလှမ်းရောက်မှ အော်ပြောရသေးတယ်၊ “ကျွန်မအတွက် ဓါတ်ပုံလေးပါ ရိုက်ခဲ့ပေးပါ” တဲ့။

သူ့အစား ရွှေသင်္ကန်းကပ်ပေးတဲ့ ယောကျာ်းလေးဟာ သူတစ်ပါးအသက်သတ်တဲ့သူ၊ သူတစ်ပါးပစ္စည်းခိုးတဲ့သူ၊ သူများသမီးပျိုကို ပြစ်မှားတဲ့သူ၊ မုသားစကားဆိုတတ်သူ၊ ဒါမှမဟုတ် အရက်သေစာသောက်စားလေ့ရှိသူ ဖြစ်ချင်ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ “ဘုရားအဆုံးအမ လိုက်နာခြင်း လိုက်မနာခြင်း”ထက် “ယောကျာ်းလေးဖြစ်ခြင်း”ဆိုတဲ့ အချက်တစ်ချက်တည်းက သူ့ကို ရွှေသင်္ကန်းကပ်ခွင့်ရစေခဲ့တယ်။ ဘယ်လောက်ပဲ ငါးပါးသီလကို မြဲမြံအောင် စောင့်ထိန်းတဲ့သူ ဖြစ်ပါစေ၊ မိန်းကလေးဖြစ်နေရင်တော့ အဲဒီအခွင့်အရေးကို ဘယ်လိုမှ ရနိုင်မှာ မဟုတ်ပါဘူး။

ဒါဆို ကျွန်တော်တို့ရဲ့ ဘာသာတရားက အမျိုးသမီးတွေအပေါ် နှိမ့်ချဆက်ဆံတဲ့ အယူဝါဒလား။

မဟုတ်ပါဘူး။ ဒီလိုတားမြစ်ချက်တွေဟာ ဘာသာရေးအရ မြတ်စွာဘုရားက ကန့်သတ်ခဲ့တာတွေ မဟုတ်ပါဘူး။ ပါမောက္ခချုပ်ဆရာတော်ကြီးလည်း ဟောဖူးပါတယ်။ အဲဒါ religion မဟုတ်ဘူး၊ Tradition ပါတဲ့။ တကယ်တော့ ဒါတွေဟာ “လူတစ်ယောက်ရဲ့တန်ဖိုးကို သူ့လုပ်ရပ်တွေနဲ့ မတိုင်းတာဘဲ ယောကျာ်းဖြစ်ခြင်း မိန်းမဖြစ်ခြင်း ဆိုတဲ့အချက်ပေါ်မှာပဲ အဓိကထား ဆုံးဖြတ်နေကြတဲ့ ရိုးရာအစဉ်အလာတွေရဲ့ တားမြစ်ချက်”သာ ဖြစ်ပါတယ်။

အဲဒီလို အစဉ်အလာ သတ်မှတ်ချက်တွေကြောင့် ဘာတွေဖြစ်လာရသလဲ။

နိုင်ငံတစ်ခုမှာ တစ်အိမ်ထောင် ကလေးတစ်ယောက်ပဲမွေးရမယ် ဆိုတဲ့ ပေါ်လစီရှိတယ်။ ရိုးရာအယူအဆအရ ယောကျာ်းလေးကိုမှ ပိုလိုချင်ကြတော့ နောက်ဆက်တွဲအဖြစ် မိန်းကလေးမှန်း သိတာနဲ့ ကိုယ်ဝန်ဖျက်ချတာ၊ မွေးပြီးမှ စွန့်ပစ်ခဲ့တာတွေ ဖြစ်လာတယ်။ ကြာလာတော့ ယောကျာ်းမိန်းမအချိုးက မညီမမျှ ဖြစ်လာပြီး သတို့သမီး ရှားပါးလာတဲ့အခါ တစ်ဖက်နိုင်ငံထဲက ဆင်းရဲတဲ့မိန်းကလေးတွေ၊ အသိပညာမရှိတဲ့မိန်းကလေးတွေကို လူကုန်ကူးမှုတွေ တွင်တွင်ကျယ်ကျယ် ဖြစ်လာတယ်။ အဲဒီ “ဆင်းရဲတဲ့ တစ်ဖက်နိုင်ငံ”ဆိုတာ ကျွန်တော်တို့နိုင်ငံပဲ ဖြစ်ပါတယ်။

ကျေးရွာတွေမှာ ‘မိန်းကလေးပဲ၊ သေစာရှင်စာတတ်ရင် တော်ပြီပေါ့’ လို့ ထင်နေတဲ့သူတွေ ဒီနေ့ထိ ရှိနေသေးတယ်ဆို မအံ့သြပါနဲ့။ သားနဲ့သမီးအတူတူမှာ တစ်ယောက်ကို ကျောင်းထုတ်ရတော့မယ်ဆို သမီးဖြစ်သူကိုပဲ ကျောင်းထုတ်တယ်။ ယောကျာ်းလေးဆိုတာ တချိန်ကျ မိသားစုကို ဦးဆောင်ရမှာမို့ ပညာတတ်ဖို့ လိုသတဲ့။ အဲဒီမိန်းကလေးတွေ ပညာမပြည့်မစုံနဲ့ အရွယ်ရောက်လာတဲ့အခါ လမ်းမှားရောက်ဖို့ အင်မတန်လွယ်ကူတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတယ်။ ကလေးမွေးတယ်။ ပညာကမတတ်တော့ အလုပ်အကိုင်ကောင်းကောင်းမရဘူး။ စီးပွါးရေးအဆင်မပြေဘူး။ ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်ရမယ် မသိဘူး။ ဒီတော့ အဲဒီမိသားစုတွေ အဲဒီကလေးတွေ ဆင်းရဲတွင်းနက်တယ်၊ အသေအပျောက်များတယ်။

အိမ်ထောင်ပြုပြီးရင်လည်း ကိုယ်က စီးပွါးမရှာနိုင်တာမို့ လင်ယောကျာ်းအပေါ် လုံးလုံးလျားလျား မှီခိုနေရတယ်။ သူ အနိုင်ကျင့်သမျှ ငြိမ်ခံရတယ်။ သူ ပြောသမျှ နားထောင်ရတယ်။ လွန်ဆန်လို့မရဘူး။ လင်ယောကျာ်း ဆုံးပါးသွားခဲ့ရင်လည်း ကိုယ့်ဘာသာကိုယ် မရပ်တည်နိုင်တာမို့ သားသမီးတွေနဲ့ ဒုက္ခပင်လယ်ဝေပြီး ကျန်ခဲ့ရရှာတယ်။ နောက်ယောကျာ်းယူတယ်၊ အဲဒီယောကျာ်းက ကိုယ့်သမီးအပျိုပေါက်ကို ခြေတော်တင်တယ်။

ပညာသင်ခွင့်ရခဲ့လို့ လုပ်ငန်းခွင်ထဲ ရောက်လာရင်လည်း လုပ်ခလစာ အညီအမျှ အပေးမခံရဘူး။ ဦးဆောင်နိုင်စွမ်းမရှိဘူးလို့ တစ်ထစ်ချ သတ်မှတ်ပြီး ခေါင်းဆောင်နေရာ ပေးဖို့ဆိုလည်း အားလုံးက ဝန်လေးတတ်ကြတယ်။

နောက်ဆုံးတစ်ခုကတော့ အဓမ္မပြုကျင့်မှု။ ကလေးဘဝကနေ နောက်ဆုံး သက်ကြီးရွယ်အိုတွေအထိ အချိန်မရွေး ကြုံသွားရနိုင်တယ်။

ဒီအခြေအနေတွေအားလုံးကို ကျော်ဖြတ်ပြီး အမျိုးသမီးတစ်ယောက် ရှေ့တန်းရောက်လာဖို့ဆိုတာ တော်တော်လေး ခဲယဉ်းပါတယ်။ သေချာပြန်ကြည့်ရင် အမျိုးသမီးတွေချည်း ဒုက္ခရောက်ရတာတော့ မဟုတ်ဘူး။ အနာဂတ်ကို ဖန်တီးကြမဲ့ ကလေးတွေလည်း ဒုက္ခရောက်ရတယ်၊ မိသားစုတွေ၊ ဘဝတွေ၊ နောက်ပြီး အထက်စီးမှာ ရှိနေကြတဲ့ ယောကျာ်းတွေပါ အဲဒီရဲ့ အကျိုးဆက်ကို ခံကြရတယ်။

ဒီအဖြစ်အပျက်တွေအားလုံးရဲ့ အဓိကဇစ်မြစ်ကတော့ “အမျိုးသမီးတွေအပေါ် ခွဲခြားနှိမ့်ချ ဆက်ဆံခြင်း”ကြောင့်ပါပဲ။

ဘုရားတွေပေါ်မှာ တွေ့တွေ့နေရတဲ့ ဒီစာသားတွေဟာ အမျိုးသမီးတွေအပေါ် နှိမ့်ချဆက်ဆံနေတဲ့ ကျွန်တော်တို့ရဲ့ အစဉ်အလာတွေကို ပြသနေတာ ဖြစ်သလို၊ လောကကြီးဆီက ခုမှသင်ယူနေတဲ့ ကလေးငယ်တွေကိုလည်း “ယောကျာ်းက မိန်းမထက် ပိုမြတ်တယ်”ဆိုတဲ့ အယူအဆကို သွင်းပေးနေရာလည်း ရောက်ပါတယ်။

တကယ်တော့ အဲဒီလိုသဘောသက်ရောက်တဲ့ စာသားတွေ အပြုအမူမျိုးတွေကို ရုပ်ရှင်တွေ၊ သီချင်းတွေ၊ လက်ဖက်ရည်ဆိုင်က စကားဝိုင်းတွေ၊ ကျောင်းစာသင်ခန်းတွေ၊ ရှေးလူကြီးတွေရဲ့ စကားတွေ၊ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေထဲမှာ အများအပြားပဲ တွေ့နိုင်ပါတယ်။ ဒီလိုနည်းလမ်းပေါင်းစုံနဲ့ သင်ကြားခံခဲ့ရပြီးတဲ့နောက်မှာ ကျွန်တော်တို့တွေ၊ နောက်ဆုံး၊ မိန်းကလေးတွေကိုယ်တိုင်ကပါ လက်ခံလိုက်ပါတော့တယ်
“မိန်းမဆိုတာ နိမ့်ကျတဲ့သူတွေပါလား”

ဒါကြောင့် အမျိုးသမီးတွေဘ၀ တိုးတက်လာဖို့ဆိုရင် အဓိက ဖယ်ရှားပစ်ရမှာ “အမျိုးသမီးများတက်ခွင့်မပြု” ဆိုတဲ့ စာတန်းတွေ မဟုတ်ပါဘူး။ တကယ်ဖယ်ရှားပစ်ရမှာက မိန်းမဆိုတာနိမ့်ကျတယ်လို့ ကလေးဘဝကတည်းက နည်းလမ်းပေါင်းစုံနဲ့ အရေးခံထားရတဲ့ ကျွန်တော်တို့ရင်ထဲက စာတန်းတွေကိုပဲ ဖြစ်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:ဒေါက်တာဖြိုးသီဟ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top