Property Expo
×

 လႈိင္းဘဲြၿမိဳ႕နယ္တြင္အိမ္တစ္အိမ္ကို ဓားျပတိုက္ကာ လူႏွစ္ဦးအား သတ္သြားသူမ်ားဟု သံသယရွိေသာ ကရင္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕မွ တပ္ဖြဲ႕၀င္ႏွစ္ဦးကို ဖမ္းဆီးစစ္ေဆးေနေၾကာင္း ကရင္ျပည္နယ္ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။


လႈိင္းဘြဲၿမိဳ႕နယ္ ပိုင္က်ံဳၿမိဳ႕ ၀င္းဖရေက်းရြာအုပ္စု ေတာင္ပ ေလာင္ေက်းရြာတြင္ အိမ္တစ္ အိမ္ ဓားျပတိုက္ခံရမႈ စက္တင္ ဘာ ၆ ရက္ညက ျဖစ္ပြားၿပီး အိမ္ ရွင္သားအမိကို ေသနတ္ျဖင့္ ပစ္ သတ္ခဲ့ျခင္းျဖစ္သည္။

ယင္းျဖစ္စဥ္တြင္ ေသဆံုး သူ အိမ္ရွင္အမ်ိဳးသမီး၏ သမီး ျဖစ္သူကိုလည္း ဓားျပအဖြဲ႕က သတ္ရန္ႀကိဳးစားၿပီး ဒဏ္ရာျပင္း ထန္စြာရခဲ့ေသာ္လည္း အသက္ ေသဆံုးမႈမရွိေၾကာင္း ကရင္ျပည္ နယ္ ရဲတပ္ဖြဲ႕မွ အမႈစစ္ရဲအရာရွိ တစ္ဦးကေျပာသည္။

ရဲတပ္ဖြဲ႕က ရက္သတၱႏွစ္ ပတ္ခန္႔အၾကာ စစ္ေဆးမႈမ်ား ျပဳလုပ္္ၿပီးေနာက္ ျပစ္မႈက်ဴးလြန္သူဦးေရမွာ ေလးဦးျဖစ္ေၾကာင္း အတည္ျပဳၿပီး ႏွစ္ဦးကို စက္တင္ဘာ ၁၄ ရက္၌ ဖမ္းဆီးခဲ့ေၾကာင္း အထက္ပါ ရဲအရာရွိကေျပာသည္။ ျပစ္မႈက်ဴးလြန္သူမ်ား၏ မိခင္ လက္နက္ကိုင္အဖြဲ႕အမည္ကို အတိအက် မေျပာေသာ္လည္း ေဒသတြင္း အင္အားႀကီး လက္နက္ကိုင္အဖြဲ႕ျဖစ္ေသာ KNU ႏွင့္ DKBA တပ္ဖြဲ႕၀င္မ်ား မဟုတ္ ေၾကာင္း အခိုင္အမာေျပာၾကား သည္။

အမည္ထုတ္ေဖာ္ေျပာၾကား ျခင္းမရွိေသာ အဆုိပါ လက္နက္ ကိုင္အဖြဲ႕ ေခါင္းေဆာင္ပိုင္းႏွင့္ ေဆြးေႏြးကာ ပူးေပါင္းဖမ္းဆီးျခင္းျဖစ္ေၾကာင္း သတင္းရရွိ သည္။ ယင္းဓားျပတိုက္မႈျဖစ္စဥ္ တြင္ အသက္မေသဘဲ က်န္ရစ္ခဲ့သူ အမ်ိဳးသမီးသည္ ရရွိေသာဒဏ္ရာေၾကာင့္ ဘားအံၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ံု၌ ကုသခဲ့ၿပီး ျပစ္မႈ က်ဴးလြန္သူမ်ားကို လူသတ္မႈ၊ဓားျပမႈအပါအ၀င္ ပုဒ္မေလးခု ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 လှိုင်းဘွဲမြို့နယ်တွင်အိမ်တစ်အိမ်ကို ဓားပြတိုက်ကာ လူနှစ်ဦးအား သတ်သွားသူများဟု သံသယရှိသော ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့ ဝင်းဖရကျေးရွာအုပ်စု တောင်ပ လောင်ကျေးရွာတွင် အိမ်တစ် အိမ် ဓားပြတိုက်ခံရမှု စက်တင် ဘာ ၆ ရက်ညက ဖြစ်ပွားပြီး အိမ် ရှင်သားအမိကို သေနတ်ဖြင့် ပစ် သတ်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်တွင် သေဆုံး သူ အိမ်ရှင်အမျိုးသမီး၏ သမီး ဖြစ်သူကိုလည်း ဓားပြအဖွဲ့က သတ်ရန်ကြိုးစားပြီး ဒဏ်ရာပြင်း ထန်စွာရခဲ့သော်လည်း အသက် သေဆုံးမှုမရှိကြောင်း ကရင်ပြည် နယ် ရဲတပ်ဖွဲ့မှ အမှုစစ်ရဲအရာရှိ တစ်ဦးကပြောသည်။

ရဲတပ်ဖွဲ့က ရက်သတ္တနှစ် ပတ်ခန့်အကြာ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပြစ်မှုကျူးလွန်သူဦးရေမှာ လေးဦးဖြစ်ကြောင်း အတည်ပြုပြီး နှစ်ဦးကို စက်တင်ဘာ ၁၄ ရက်၌ ဖမ်းဆီးခဲ့ကြောင်း အထက်ပါ ရဲအရာရှိကပြောသည်။ ပြစ်မှုကျူးလွန်သူများ၏ မိခင် လက်နက်ကိုင်အဖွဲ့အမည်ကို အတိအကျ မပြောသော်လည်း ဒေသတွင်း အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်သော KNU နှင့် DKBA တပ်ဖွဲ့ဝင်များ မဟုတ် ကြောင်း အခိုင်အမာပြောကြား သည်။

အမည်ထုတ်ဖော်ပြောကြား ခြင်းမရှိသော အဆိုပါ လက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးကာ ပူးပေါင်းဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။ ယင်းဓားပြတိုက်မှုဖြစ်စဉ် တွင် အသက်မသေဘဲ ကျန်ရစ်ခဲ့သူ အမျိုးသမီးသည် ရရှိသောဒဏ်ရာကြောင့် ဘားအံမြို့နယ် ပြည်သူ့ဆေးရုံ၌ ကုသခဲ့ပြီး ပြစ်မှု ကျူးလွန်သူများကို လူသတ်မှု၊ဓားပြမှုအပါအဝင် ပုဒ်မလေးခု ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top