Kantharyar Centre
×

တစ္ႏွစ္ကို အစိုးရေထာက္ပံ့ေၾကး ေပါင္ ၁၅,၀၀၀ (ေဒၚလာ ႏွစ္ေသာင္းနီးနီး) ရတဲ့ အလုပ္လက္မဲ့ ဆယ္ေက်ာ္သက္တစ္ဦးဟာ သူ အရမ္းႀကိဳက္တဲ့ ေဒးဗစ္ဘက္ခမ္းနဲ႔ တူညီဖုိ႔အတြက္ ေပါင္ ၂ ေသာင္း (ေဒၚလာ ၂၆,၀၀၀ ခန္႔) သံုးစြဲခဲ့ၿပီးပါၿပီ။

အဂၤလန္ႏုိင္ငံ၊ ေနာ္တင္ဟန္ၿမိဳ႕မွာေနထုိင္တဲ့ အသက္ ၁၉ ႏွစ္အရြယ္ ဂ်က္ခ္ဂၽြန္ဆင္ဟာ ေဒးဗစ္ဘက္ခမ္းကို အ႐ူးအမူး ႀကိဳက္ႏွစ္သက္သူျဖစ္ၿပီး ဘက္ခမ္းနဲ႔တူဖို႔ Botox ထုိးျခင္း၊ ႏႈတ္ခမ္းနဲ႔ သြားေတြကို Filler ျဖည့္ျခင္းတုိ႔ အပါအဝင္ မ်က္ႏွာျပဳျပင္မႈအတြက္ ေဒၚလာေထာင္နဲ႔ခ်ီ သံုးခဲ့ပါတယ္။

ေဘာလံုးပရိသတ္မဟုတ္ဘူးလုိ႔ ဝန္္ခံခဲ့တဲ့ ဂ်က္ခ္ဟာ အခြန္ထမ္းေတြရဲ႕ေငြနဲ႔ အခုလို သံုးလုိက္တာကို တကယ့္ကို ထိုက္တန္ပါတယ္လို႔ ဆုိခဲ့ပါတယ္။

"သူနဲ႔ အရမ္းကို တူခ်င္တာ။ သူ႔ကို ႐ုပ္ဆုိးတယ္လို႔ ေျပာတဲ့သူ ဒီကမာၻေပၚမွာ တစ္ေယာက္မွ မရွိဘူးေလ" လို႔ ဂ်က္ခ္က Nottingham Post ကိုေျပာခဲ့ပါတယ္။

အဂၤလန္ေဘာလုံးသမားေဟာင္းႀကီးနဲ႔တူဖို႔အတြက္ ဂ်က္ခ္က လစဥ္ အသားညိဳေဆးေတြ ထုိးေနတဲ့အျပင္ ဆံပင္ကို ျပန္စိုက္ဖို႔နဲ႔ တက္တူးေတြထိုးဖုိ႔လည္ စီစဥ္ထားပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

တစ်နှစ်ကို အစိုးရထောက်ပံ့ကြေး ပေါင် ၁၅,၀၀၀ (ဒေါ်လာ နှစ်သောင်းနီးနီး) ရတဲ့ အလုပ်လက်မဲ့ ဆယ်ကျော်သက်တစ်ဦးဟာ သူ အရမ်းကြိုက်တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ တူညီဖို့အတွက် ပေါင် ၂ သောင်း (ဒေါ်လာ ၂၆,၀၀၀ ခန့်) သုံးစွဲခဲ့ပြီးပါပြီ။

အင်္ဂလန်နိုင်ငံ၊ နော်တင်ဟန်မြို့မှာနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် ဂျက်ခ်ဂျွန်ဆင်ဟာ ဒေးဗစ်ဘက်ခမ်းကို အရူးအမူး ကြိုက်နှစ်သက်သူဖြစ်ပြီး ဘက်ခမ်းနဲ့တူဖို့ Botox ထိုးခြင်း၊ နှုတ်ခမ်းနဲ့ သွားတွေကို Filler ဖြည့်ခြင်းတို့ အပါအဝင် မျက်နှာပြုပြင်မှုအတွက် ဒေါ်လာထောင်နဲ့ချီ သုံးခဲ့ပါတယ်။

ဘောလုံးပရိသတ်မဟုတ်ဘူးလို့ ဝန်ခံခဲ့တဲ့ ဂျက်ခ်ဟာ အခွန်ထမ်းတွေရဲ့ငွေနဲ့ အခုလို သုံးလိုက်တာကို တကယ့်ကို ထိုက်တန်ပါတယ်လို့ ဆိုခဲ့ပါတယ်။

"သူနဲ့ အရမ်းကို တူချင်တာ။ သူ့ကို ရုပ်ဆိုးတယ်လို့ ပြောတဲ့သူ ဒီကမ္ဘာပေါ်မှာ တစ်ယောက်မှ မရှိဘူးလေ" လို့ ဂျက်ခ်က Nottingham Post ကိုပြောခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးသမားဟောင်းကြီးနဲ့တူဖို့အတွက် ဂျက်ခ်က လစဉ် အသားညိုဆေးတွေ ထိုးနေတဲ့အပြင် ဆံပင်ကို ပြန်စိုက်ဖို့နဲ့ တက်တူးတွေထိုးဖို့လည် စီစဉ်ထားပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top