Property Expo
×

ပါ၀င္ပစၥည္းမ်ား

င႐ုတ္သီး အနီေတာင့္ရွည္ ထက္ျခမ္းခြဲၿပီး အေစ့ထုတ္ထားပါ        ၂ ေတာင့္

ၾကက္သြန္ျဖဴ    အခြံႏႊာထားပါ    ၄-၅ ႁမြာ

ၾကက္သြန္နီဥေသး        အခြံႏႊာထားပါ    ၃ ဥ

ပုစြန္ငါးပိ         လက္ဖက္ရည္ဇြန္း        ½ ဇြန္း

ဆီ      စားပြဲဇြန္း         ၂ ဇြန္း

ပုစြန္ေဘာ့ခ်ိတ္  အခြံခြာေခ်းေၾကာင္းထုတ္          ၂၀၀ ဂရမ္

ၾကက္အ႐ိုးမပါ ရင္အံုသား         ေသးေသးတံုးပါ ၁၅၀ ဂရမ္

ဆားလက္ဖက္ရည္ဇြန္း   ½ ဇြန္း

င႐ုတ္ေကာင္းမႈန္႔အမည္း လက္ဖက္ရည္ဇြန္း        ½ ဇြန္း

သၾကား လက္ဖက္ရည္ဇြန္း        ½ ဇြန္း

ပဲေတာင့္ရွည္ အေနေတာ္လွီးထားပါ       ၆၀ ဂရမ္

ထမင္း  အေအးခံၿပီး      ၄၀၀ ဂရမ္

ျပဳလုပ္ပံု အဆင့္ဆင့္

၁။ င႐ုတ္သီး၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီႏွင့္ ပုစြန္ငါးပိတို႔ကုိ ေမႊစက္တစ္ခုတြင္ ထည့္ေမႊပါ။ ေမႊစက္၏ အသြားလည္ပတ္ရာတြင္ ေခ်ာေမြ႕မႈရွိေစရန္ ဆီအနည္းငယ္ ထည့္ေမႊေပးႏိုင္ပါသည္။

၂။ ဒယ္အိုး တစ္လံုးတြင္ ဆီထည့္ၿပီး မီးေအးေအးေပးထားပါ။ ဆီပူလာလွ်င္ င႐ုတ္ၾကက္သြန္ ေမႊထားေသာ အႏွစ္ကုိ ထည့္ေၾကာ္ပါ။ ရနံ႔ေမႊးႀကိဳင္လာၿပီး  ဆီသတ္ၿပီး အေနအထားရေအာင္ ေၾကာ္ပါ။ ငါးမိနစ္ခန္႔ ၾကာပါလိမ့္မည္။

၃။ မီးအရွိန္ကုိ ျမႇင့္လိုက္ပါ။ ပုစြန္၊ ၾကက္သား၊ ဆား၊ င႐ုတ္ေကာင္း၊ သၾကားထည့္ၿပီး ႏွစ္မိနစ္ခန္႔ ေမႊေၾကာ္ပါ။ ပဲေတာင့္ရွည္ လွီးထားသည္မ်ားကုိ ထည့္ေမႊပါ။ ႏွစ္မိနစ္ခန္႔ေမႊပါ။ ထမင္းထည့္ၿပီး ႏွစ္မိနစ္မွ သံုးမိနစ္အထိ သမေအာင္ ေမႊေပးပါ။ ထမင္းမ်ား ႏွံ႔စပ္စြာ ပူလာၿပီ ဆိုပါက သံုးေဆာင္ႏိုင္ပါၿပီ။

ျပင္ဆင္ခ်ိန္    -       ၁၅ မိနစ္

ခ်က္ျပဳတ္ခ်က္ -       ၁၅ မိနစ္

သံုးေဆာင္ရန္  -       ၄ ေယာက္စာ

မမေလး၏ “မေလးရွား ေက်းလက္စတိုင္” စာအုပ္မွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger

Unicode Version
ပါဝင်ပစ္စည်းများ

ငရုတ်သီး အနီတောင့်ရှည် ထက်ခြမ်းခွဲပြီး အစေ့ထုတ်ထားပါ        ၂ တောင့်

ကြက်သွန်ဖြူ    အခွံနွှာထားပါ    ၄-၅ မြွာ

ကြက်သွန်နီဥသေး        အခွံနွှာထားပါ    ၃ ဥ

ပုစွန်ငါးပိ         လက်ဖက်ရည်ဇွန်း        ½ ဇွန်း

ဆီ      စားပွဲဇွန်း         ၂ ဇွန်း

ပုစွန်ဘော့ချိတ်  အခွံခွာချေးကြောင်းထုတ်          ၂၀၀ ဂရမ်

ကြက်အရိုးမပါ ရင်အုံသား         သေးသေးတုံးပါ ၁၅၀ ဂရမ်

ဆားလက်ဖက်ရည်ဇွန်း   ½ ဇွန်း

ငရုတ်ကောင်းမှုန့်အမည်း လက်ဖက်ရည်ဇွန်း        ½ ဇွန်း

သကြား လက်ဖက်ရည်ဇွန်း        ½ ဇွန်း

ပဲတောင့်ရှည် အနေတော်လှီးထားပါ       ၆၀ ဂရမ်

ထမင်း  အအေးခံပြီး      ၄၀၀ ဂရမ်

ပြုလုပ်ပုံ အဆင့်ဆင့်

၁။ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ပုစွန်ငါးပိတို့ကို မွှေစက်တစ်ခုတွင် ထည့်မွှေပါ။ မွှေစက်၏ အသွားလည်ပတ်ရာတွင် ချောမွေ့မှုရှိစေရန် ဆီအနည်းငယ် ထည့်မွှေပေးနိုင်ပါသည်။

၂။ ဒယ်အိုး တစ်လုံးတွင် ဆီထည့်ပြီး မီးအေးအေးပေးထားပါ။ ဆီပူလာလျှင် ငရုတ်ကြက်သွန် မွှေထားသော အနှစ်ကို ထည့်ကြော်ပါ။ ရနံ့မွှေးကြိုင်လာပြီး  ဆီသတ်ပြီး အနေအထားရအောင် ကြော်ပါ။ ငါးမိနစ်ခန့် ကြာပါလိမ့်မည်။

၃။ မီးအရှိန်ကို မြှင့်လိုက်ပါ။ ပုစွန်၊ ကြက်သား၊ ဆား၊ ငရုတ်ကောင်း၊ သကြားထည့်ပြီး နှစ်မိနစ်ခန့် မွှေကြော်ပါ။ ပဲတောင့်ရှည် လှီးထားသည်များကို ထည့်မွှေပါ။ နှစ်မိနစ်ခန့်မွှေပါ။ ထမင်းထည့်ပြီး နှစ်မိနစ်မှ သုံးမိနစ်အထိ သမအောင် မွှေပေးပါ။ ထမင်းများ နှံ့စပ်စွာ ပူလာပြီ ဆိုပါက သုံးဆောင်နိုင်ပါပြီ။

ပြင်ဆင်ချိန်    -       ၁၅ မိနစ်

ချက်ပြုတ်ချက် -       ၁၅ မိနစ်

သုံးဆောင်ရန်  -       ၄ ယောက်စာ

မမလေး၏ “မလေးရှား ကျေးလက်စတိုင်” စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top