Property Expo
×




Credit : Duwun

#Unicode Version

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ မြေပြင်ကိုဆင်းသက်စဉ်မှာ မတော်တဆတိုက်မိခဲ့တယ်လို့ သိရပါတယ်။

တနင်္လာနေ့ ညနေပိုင်းက ဘာစီလိုနာမြို့ရှိ အယ်လ် ပရတ်လေဆိပ်ကို ဆင်းသက်စဉ်မှာ ဖြစ်ပွားခဲ့တာပါ။ လေယာဉ်ရဲ့အဆင်းဂီယာ ကျိုးသွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ကြောင့် ပြေးလမ်းကိုပါ ပိတ်ခဲ့ရတယ်လို့ သတင်းတွေမှာရေးသားထားပါတယ်။

အန္တရာယ်များလှတဲ့ အခိုက်အတန့်မှာ လေယာဉ်ပိုင်းလော့ ဒဏ်ရာအသေးအမွှားရသွားခဲ့တာကလွဲရင် အားလုံးဘေးကင်းခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုလည်း လေယာဉ်ပေါ်မှာ မလိုက်လာတာ ကံကောင်းသွားတာပါပဲ။ မတော်တဆမှုဖြစ်ချိန်က ဒိုလေးဟာ ဂျာမနီကိုရောက်နေခဲ့တာပါ။ Gulfstream G200 အမျိုးအစား ဂျက်လေယာဉ်ကို ပြီးခဲ့တဲ့နှစ်ကမှ ပေါင် ၁၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top