Property Expo
×

လိႈင္ၿမိဳ႕နယ္တြင္ အမ်ဳိးသားတစ္ဦးအား လူေျခာက္ဦးခန္႔က လက္သီးျဖင့္ထုိး အုတ္ခဲျဖင့္ ၀ုိင္းထုမႈ ျဖစ္ပြားခဲ့ေၾကာင္း စက္တင္ဘာ ၁၇ တြင္ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ စုံစမ္း သိရိွရသည္။
စက္တင္ဘာ ၁၄ ရက္ ည ၉ နာရီခန္႔တြင္ လိႈင္ၿမိဳ႕နယ္ေန ကုိ…. (၂၁ ႏွစ္) သည္ ၎အလုပ္လုပ္ကုိင္သည့္ အလုပ္မွ ဖယ္ရီယာဥ္ျဖင့္ ေနအိမ္သုိ႔ျပန္လာစဥ္ လိႈင္ၿမိဳ႕နယ္ (၁၃) ရပ္ကြက္ သီရိၿမိဳင္ (၂) လမ္း အေရာက္တြင္ ၎တုိ႔ စီးနင္းလာသည့္ ဖယ္ရီယာဥ္ေရွ႕မွ ပ႐ုိေဘာက္ အျဖဴေရာင္ယာဥ္မွာ လမ္းပိတ္ေနသျဖင့္ ကုိ…. (၂၁ ႏွစ္) မွ အဆုိပါ ယာဥ္ေမာင္းအား ေနာက္ဆုတ္ေပးရန္ ေျပာဆုိခဲ့သည္။

ထုိသုိ႔ ေျပာသည့္ အခ်ိန္တြင္ ပ႐ိုေဘာက္ ယာဥ္ေမာင္းက “ငါ႔ဘာသာငါ ဆုတ္ခ်င္ဆုတ္မယ္။ မင္းအပူ မပါဘူး” ဟု ေျပာသည့္ အခ်ိန္တြင္ ကုိ…. (၂၁ ႏွစ္မွာ) ယာဥ္ေပၚက ဆင္း၍ ရပ္ေနစဥ္ အဆုိပါ ယာဥ္ေမာင္းမွ ထပ္မံ၍ ညစ္ညမ္းစြာ ဆဲဆုိခဲ့ေၾကာင္း သိရသည္။

ထုိ႔ေနာက္ အဆုိပါ ယာဥ္ေပၚမွ အမ်ဳိးသမီး တစ္ဦးက ကုိ…..(၂၁ ႏွစ္) အား “နင္ငါ႔ေမာင္ကုိ ဘာလုပ္တာလဲ” ဟု ေျပာဆုိၿပီး လည္ပင္းကုိ ညႇစ္ခဲ့ေၾကာင္း သိရသည္။

ထုိ႔ေနာက္ အမည္မသိ အမ်ဳိးသား၊ အမ်ဳိးသမီး ေျခာက္ဦးခန္႔ ထပ္မံ ေရာက္ရိွလာၿပီး ကုိ…. (၂၁ ႏွစ္) အား လက္သီးျဖင့္ထုိး၊ အုတ္ခဲျဖင့္ ၀ုိင္းထုသျဖင့္ နဖူး ဖူးေရာင္၊ ႏွာေခါင္း ဖူးေရာင္၊ ယာမ်က္လုံး ညိဳမည္း ဖူးေရာင္၊ ယာနားရြက္ ေနာက္ပြန္းႏွင့္ ၀ဲလက္ေမာင္း ပြန္းပဲ့ဒဏ္ရာမ်ား ရရိွကာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ တင္ပုိ႔ကုသခဲ့ရေၾကာင္း သိရသည္။

ထုိ႔ေၾကာင့္ ကုိ…. (၂၁ ႏွစ္) က စက္တင္ဘာ ၁၆ ရက္တြင္ လိႈင္ၿမိဳ႕မ ရဲစခန္းသုိ႔ သြားေရာက္တုိင္ၾကားသျဖင့္ သက္ဆုိင္ရာ ရဲစခန္းက (ပ) ၉၄၈/၂၀၁၆၊ ရာဇသတ္ႀကီး ပုဒ္မ ၃၂၅/၂၉၄/၁၁၄ ျဖင့္ အမႈဖြင့္ထားၿပီး က်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven News

#Unicode  Version
လှိုင်မြို့နယ်တွင် အမျိုးသားတစ်ဦးအား လူခြောက်ဦးခန့်က လက်သီးဖြင့်ထိုး အုတ်ခဲဖြင့် ဝိုင်းထုမှု ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၁၇ တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။
စက်တင်ဘာ ၁၄ ရက် ည ၉ နာရီခန့်တွင် လှိုင်မြို့နယ်နေ ကို…. (၂၁ နှစ်) သည် ၎င်းအလုပ်လုပ်ကိုင်သည့် အလုပ်မှ ဖယ်ရီယာဉ်ဖြင့် နေအိမ်သို့ပြန်လာစဉ် လှိုင်မြို့နယ် (၁၃) ရပ်ကွက် သီရိမြိုင် (၂) လမ်း အရောက်တွင် ၎င်းတို့ စီးနင်းလာသည့် ဖယ်ရီယာဉ်ရှေ့မှ ပရိုဘောက် အဖြူရောင်ယာဉ်မှာ လမ်းပိတ်နေသဖြင့် ကို…. (၂၁ နှစ်) မှ အဆိုပါ ယာဉ်မောင်းအား နောက်ဆုတ်ပေးရန် ပြောဆိုခဲ့သည်။

ထိုသို့ ပြောသည့် အချိန်တွင် ပရိုဘောက် ယာဉ်မောင်းက “ငါ့ဘာသာငါ ဆုတ်ချင်ဆုတ်မယ်။ မင်းအပူ မပါဘူး” ဟု ပြောသည့် အချိန်တွင် ကို…. (၂၁ နှစ်မှာ) ယာဉ်ပေါ်က ဆင်း၍ ရပ်နေစဉ် အဆိုပါ ယာဉ်မောင်းမှ ထပ်မံ၍ ညစ်ညမ်းစွာ ဆဲဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါ ယာဉ်ပေါ်မှ အမျိုးသမီး တစ်ဦးက ကို…..(၂၁ နှစ်) အား “နင်ငါ့မောင်ကို ဘာလုပ်တာလဲ” ဟု ပြောဆိုပြီး လည်ပင်းကို ညှစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အမည်မသိ အမျိုးသား၊ အမျိုးသမီး ခြောက်ဦးခန့် ထပ်မံ ရောက်ရှိလာပြီး ကို…. (၂၁ နှစ်) အား လက်သီးဖြင့်ထိုး၊ အုတ်ခဲဖြင့် ဝိုင်းထုသဖြင့် နဖူး ဖူးရောင်၊ နှာခေါင်း ဖူးရောင်၊ ယာမျက်လုံး ညိုမည်း ဖူးရောင်၊ ယာနားရွက် နောက်ပွန်းနှင့် ဝဲလက်မောင်း ပွန်းပဲ့ဒဏ်ရာများ ရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ကုသခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ကို…. (၂၁ နှစ်) က စက်တင်ဘာ ၁၆ ရက်တွင် လှိုင်မြို့မ ရဲစခန်းသို့ သွားရောက်တိုင်ကြားသဖြင့် သက်ဆိုင်ရာ ရဲစခန်းက (ပ) ၉၄၈/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၂၉၄/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top