Property Expo
×

အစိုးရသစ္တက္လာေပမဲ့ ေျမာက္ကိုရီးယားနဲ႔ ဆက္ဆံေရးရွိေနဆဲျဖစ္ျပီး အဆိုပါက်န္ရွိေနတဲ့ ဆက္ဆံေရးကို ျဖတ္ေတာက္ဖို႔ အေမရိကန္က တုိက္တြန္းလိုက္တယ္လို႔ ျပည္တြင္းသတင္းစာၾကီးတစ္ေစာင္က ေဖာ္ျပပါတယ္။

 ျမန္မာတပ္မေတာ္အတြင္းမွာ ေျမာက္ကိုရီးယားနဲ႔ အျပန္အလွန္ဆက္ဆံမႈရွိတဲ့ လူတစ္ခ်ိဳ႕ရွိႏုိင္တယ္လို႔ အေမရိကန္အထက္လြတ္ေတာ္ႏုိင္ငံျခားေရးဆပ္ေကာ္မတီမွ လႊတ္ေတာ္အမတ္ ေကာ္ရီဂါ့ဒ္နာက ေျပာၾကားထားပါတယ္။  ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အိမ္ျဖဴ ေတာ္ခရီးစဥ္မွာလည္း အရပ္သားအစိုးရအေနနဲ႔ စစ္တပ္နဲ႔ လက္တြဲျပီး က်န္ရွိေနႏုိင္ေသးတဲ့ ေျမာက္ကုိရီးယားနဲ႔ ပူးေပါင္းေဆာင္ရြက္မႈကို ေဖာ္ထုတ္တားဆီးဖို႔ အေရးႀကီးေၾကာင္း သမၼတ အိုဘားမားက တိုက္တြန္းခဲ့တယ္လို႔လည္း မစၥတာရပ္ဆဲလ္က ဆုိပါတယ္။

၂၀၁၃ ဇူလိုင္က ျမန္မာမစ္ဇုိင္းသုေတသနႏွင့္ ဖြံ႕ၿဖိဳးေရးဌာန အႀကီးအကဲ၊ ကာကြယ္ေရးပစၥည္း ထုတ္လုပ္ေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သိန္းေဌးကို ေျမာက္ကိုရီးယားမွ စစ္ဘက္လက္နက္ကိရိယာမ်ားႏွင့္ ပစၥည္းမ်ားဝယ္ယူမႈအတြက္ အေမရိကန္ျပည္ေထာင္စု ဘ႑ာေရးဌာနက အမည္ပ်က္စာရင္းသြင္းကာ အေရးယူ ဒဏ္ခတ္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အစိုးရသစ်တက်လာပေမဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးရှိနေဆဲဖြစ်ပြီး အဆိုပါကျန်ရှိနေတဲ့ ဆက်ဆံရေးကို ဖြတ်တောက်ဖို့ အမေရိကန်က တိုက်တွန်းလိုက်တယ်လို့ ပြည်တွင်းသတင်းစာကြီးတစ်စောင်က ဖော်ပြပါတယ်။

 မြန်မာတပ်မတော်အတွင်းမှာ မြောက်ကိုရီးယားနဲ့ အပြန်အလှန်ဆက်ဆံမှုရှိတဲ့ လူတစ်ချို့ရှိနိုင်တယ်လို့ အမေရိကန်အထက်လွတ်တော်နိုင်ငံခြားရေးဆပ်ကော်မတီမှ လွှတ်တော်အမတ် ကော်ရီဂါ့ဒ်နာက ပြောကြားထားပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ဖြူ တော်ခရီးစဉ်မှာလည်း အရပ်သားအစိုးရအနေနဲ့ စစ်တပ်နဲ့ လက်တွဲပြီး ကျန်ရှိနေနိုင်သေးတဲ့ မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ထုတ်တားဆီးဖို့ အရေးကြီးကြောင်း သမ္မတ အိုဘားမားက တိုက်တွန်းခဲ့တယ်လို့လည်း မစ္စတာရပ်ဆဲလ်က ဆိုပါတယ်။

 ၂၀၁၃ ဇူလိုင်က မြန်မာမစ်ဇိုင်းသုတေသနနှင့် ဖွံ့ဖြိုးရေးဌာန အကြီးအကဲ၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုရီးယားမှ စစ်ဘက်လက်နက်ကိရိယာများနှင့် ပစ္စည်းများဝယ်ယူမှုအတွက် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဌာနက အမည်ပျက်စာရင်းသွင်းကာ အရေးယူ ဒဏ်ခတ်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top