Kantharyar Centre
×

‘အ’မဂၤလာ
လူသတ္မႈနဲ႕ ေသမႈေသခင္း သတင္းေတြ ခပ္စိပ္စိပ္ ေတြ႔လာေနရတယ္

ျမန္မာေတြရဲ႕အစဥ္အလာ လူ႔အဖြဲ႔အစည္းက မဂၤလာရွိတဲ့လူ႔အဖြဲ႔အစည္းျဖစ္တယ္။ လူတဦးနဲ႔ တဦးေတြ႔ဆုံလုိ႔ ႏႈတ္ဆက္တဲ့အခါ မဂၤလာပါလုိ႔ ႏႈတ္ဆက္ၾကတယ္။ ၃၈ ျဖာမဂၤလာကုိ ျပည္သူ႔နီတိသဖြယ္ သေဘာထားခဲ့ၾကတယ္။

၃၈ ျဖာ မဂၤလာအတုိင္း က်င့္ႀကံေနထုိင္တာကုိလည္း မဂၤလာတရားေတာ္နဲ႔ အညီ ေနထုိင္တယ္လုိ႔ ဂုဏ္ယူခဲ့ၾကသူေတြ ျဖစ္တယ္။ ေမြးစကေန ကြယ္လြန္ခ်ိန္ထိ မဂၤလာေတြနဲ႔ ထုံမႊန္း ရစ္ပတ္ဖြဲ႔ေႏွာင္တဲ့ လူ႔အဖြဲ႔အစည္းလည္းျဖစ္တယ္။

ေခါင္းေဆးမဂၤလာ၊ အမည္ေပး ကင္ပြန္းတပ္မဂၤလာ၊ ရွင္ျပဳနားသမဂၤလာ၊ လက္ထပ္မဂၤလာ၊ အိမ္သစ္တုိက္သစ္တက္ မဂၤလာစတဲ့ မဂၤလာေတြ ျပည့္ႏွက္ေနပါတယ္။ ဒါေပမယ့္ ဒီေန႔ေခတ္ လူ႔အဖြဲ႔အစည္းမွာ မဂၤလာတရားေတာ္နဲ႔အညီ ေနထုိင္ၾက ပါေသးရဲ႕လား။

ေလာဘ၊ ေဒါသ၊ ေမာဟေတြေနာက္ ေကာက္ေကာက္ပါေအာင္လုိက္ၿပီး အမုိက္အေမွာင္ ဖုံးေနၾကၿပီလား ေမးခြန္းထုတ္ရပါလိမ့္မယ္။

ျမန္မာႏိုင္ငံရဲ႕အထင္ကရၿမိဳ႕ႀကီးေတြျဖစ္တဲ့ ရန္ကုန္ၿမိဳ႕နဲ႔ ေတာင္ႀကီးၿမိဳ႕ေတြမွာ မိသားစုလုိက္ အစုလုိက္ အၿပံဳလုိက္ သတ္ ျဖတ္ခံရမႈ၊ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ တပ္ကုန္းၿမိဳ႕နယ္မွာ လင္မယားႏွစ္ေယာက္ သတ္ျဖတ္ခံရမႈ၊ မႏၲေလးၿမိဳ႕မွာ မိန္းကေလးက သူ႔ခ်စ္သူ အမ်ဳိးသားကုိ ဓားနဲ႔ ထုိးသတ္မႈ၊ ရန္ကုန္ၿမိဳ႕လယ္က အေဒၚျဖစ္သူ တုိက္ခန္းမွာ တူျဖစ္သူက အႏုၾကမ္း စီးရင္း အသတ္ခံရမႈ အစရွိတာေတြဟာ လက္တေလာျမင္ေနၾကားေနရတာေတြပါ။

ဟိုးတေလာေလးကလည္း အၿငိမ္းစား စသုံးလုံး ညႊန္မႉး အသတ္ခံရမႈ၊ မုံရြာ-ေက်ာကၠာလမ္း ဓားခုတ္ခံရၿပီး ေသဆုံးမႈ၊ ရဲတပ္ဖြဲ႔၀င္ အခ်င္းခ်င္း ပစ္ခတ္ေသဆုံးမႈ၊ မႏၲေလးရတနာပုံေစ်း အေပၚထပ္ကေန ကုမၸဏီ၀န္ထမ္းတေယာက္ ျပဳတ္က်ေသဆုံး မႈ၊ မႏၲေလး နန္းေရွ႕မွာ ယာဥ္ထိန္းရဲတေယာက္ တာ၀န္ထမ္းေဆာင္ေနစဥ္ ဓားထုိးခံရၿပီး ေသဆုံးမႈစတဲ့ လူသတ္မႈနဲ႔ လူ ေသမႈျဖစ္စဥ္ေတြကုိ ခပ္စိပ္စိပ္ ေတြ႔လာေနရတယ္။

အမႈက်ဴးလြန္ၾကသူေတြထဲမွာ ေခတ္ပညာတတ္ဘြဲ႔ရေတြလည္း ပါ၀င္တယ္ဆုိတာ သတိျပဳၾကေစလုိပါတယ္။ တခ်ဳိ႕က်ဴး လြန္သူေတြထဲမွာ ဆရာ၀န္၊ အင္ဂ်င္နီယာ၊ ရဲအရာရွိ၊ တကၠသုိလ္ေက်ာင္းသား အခ်ဳိ႕လည္း ပါ၀င္ေနၾကတယ္။ သူတုိ႔ေတြဟာ ေခတ္ပညာေတြ တတ္ေျမာက္ပါရဲ႕နဲ႔ ဘာေၾကာင့္ ရာဇ၀တ္မႈေတြ က်ဴးလြန္ခဲ့ၾကပါသလဲ။

တခ်ဳိ႕အမႈျဖစ္စဥ္ေတြမွာ လူေသဆုံးတဲ့အထိ မျဖစ္ခဲ့ေပမယ့္ မၾကား၀ံ့မနာသာ အမႈေတြလည္း အမ်ားအျပား ရွိတယ္။ ကုိယ့္ အိမ္ထဲမွာ ထုိင္ေနရင္း ေန႔ခင္းေၾကာင္ေတာင္ အလုယက္ခံရတာ၊ လမ္းမွာ သြားရင္းလာရင္း ပုိက္ဆံအိတ္လုခံရတာ ဆြဲ ႀကိဳးျဖတ္ခံရတာအစရွိတဲ့ ဒုစ႐ိုက္မႈေတြလည္း ေန႔စဥ္နဲ႔အမွ် ၾကားေနရတယ္။

ခ်စ္သူရည္းစားေတြက လက္၀တ္လက္စားယူ႐ံုမက ကာမပါ လိမ္လည္ရယူသြားတာ၊ ေသြးရင္းသားရင္းေတြ ကုိယ္တုိင္က လူကုန္ကူးေရာင္းစားခဲ့ၾကတာ၊ အရြယ္မေရာက္ေသးတဲ့ ကေလးငယ္ေတြနဲ႔ ကာမရယူၾကတဲ့အထဲမွာ ရင္းႏွီးကြ်မ္း၀င္သူ ေတြ ပါ၀င္ေနတာစတဲ့ အမႈေတြလည္း ရွိေနပါတယ္။

မူးယစ္ေဆး၀ါး၊ ေငြေၾကးကိစၥနဲ႔ လူမႈေရး အ႐ႈပ္အရွင္းေတြမွာ အႏုပညာသမားအခ်ဳိ႕ပါ၀င္ပတ္သက္မႈ ရွိေနပါတယ္။ မူးယစ္ ေဆးေၾကာင့္ ေထာင္က်ေနတဲ့ ရုပ္ရွင္မင္းသားရွိသလုိ တရားရင္ဆုိင္ေနရဆဲ မင္းသားတေယာက္လည္း ရွိေနတယ္။ အဆုိ ေတာ္နဲ႔ ႐ုပ္ရွင္မင္းသားတခ်ဳိ႕ မူးယစ္သားေကာင္ဘ၀ ေရာက္ခဲ့ၿပီး ဘ၀ပ်က္ခဲ့ၾကရသူေတြရွိတယ္။

တခ်ဳိ႕မင္းသားေတြကေတာ့ မူးယစ္ေဆးေၾကာင့္ အသက္ပါဆုံးခဲ့ရတဲ့ သာဓကေတြလည္း ရွိခဲ့ပါတယ္။ မင္းသမီး အခ်ဳိ႕ လည္း လူမႈေရး အ႐ႈပ္အရွင္းနဲ႔ ေငြေၾကးျပႆနာေတြ ရွိေနၿပီး တရားရင္ဆုိင္ေနၾကရတယ္။ မင္းသား၊ မင္းသမီးနဲ႔ အဆုိ ေတာ္ေတြက လူငယ္ေတြရဲ႕ဟီးရုိးျဖစ္တာေၾကာင့္ အေနအထုိင္ အေျပာအဆုိ ပုိၿပီး ဆင္ျခင္ၾကရမွာျဖစ္ပါတယ္။

ျပႆနာေတြ ရာဇ၀တ္မႈေတြ ဆင္းရဲႏြမ္းပါးမႈေတြ ထူေျပာလာျခင္းက လူေတြကုိ မလုံမျခံဳျဖစ္ေစပါတယ္။ မဂၤလာရွိတဲ့ လူ႔ အဖြဲ႔အစည္းအျဖစ္က ယုတ္ေလ်ာ့ေစတယ္။ အမဂၤလာ ျဖစ္ေစတယ္။ မဂၤလာရွိၿပီး လြတ္လပ္ေပ်ာ္ရႊင္တဲ့ လူ႔အဖြဲ႔အစည္းျဖစ္ ဖုိ႔ ဘယ္လုိတည္ေဆာက္ၾကမလဲ။

အရွိတရားကုိ လက္ခံၿပီး ေရာင့္ရဲ တင္းတိမ္ႏုိင္ၾကမွသာ စစ္မွန္တဲ့ေပ်ာ္ရႊင္မႈကုိ ရရွိမွာျဖစ္တယ္။ လုိခ်င္တပ္မက္မႈ ရသတဏွာေနာက္ ေကာက္ေကာက္ပါေအာင္ လုိက္ေနရင္ ရေလလုိေလ အုိတေစၦျဖစ္ၿပီး ပုိင္ဆုိင္မႈ တုိးပြားေကာင္း တုိးပြားလာ ေပမယ့္ ေပ်ာ္ရႊင္မႈ အစစ္အမွန္ကုိ မရႏုိင္ပါဘူး။

စား၀တ္ေနေရးကုိ အေရးတႀကီး ေျဖရွင္းေနရပါမ်ားေတာ့ လူေတြမွာ ေလာဘ၊ ေဒါသ၊ ေမာဟေတြ မ်ားသထက္ မ်ားလာတယ္။ လူအမ်ားစုက ေအးေအးလူလူ စီးပြားရွာဖုိ႔ အခြင့္အေရးမရွိဘူး။ ေက်ာတခင္းစာအတြက္ မိသားစု၀င္ေငြရဲ႕ ထက္၀က္ကုိ သုံးေနၾကရသူေတြရွိတယ္။

ေန႔စဥ္ဘ၀ေတြမွာလည္း အလုပ္သြား အလုပ္ျပန္ မြန္းက်ပ္ ပိတ္ေလွာင္တဲ့ ခပ္ညံ့ညံ့ သယ္ယူပုိ႔ေဆာင္ေရးစနစ္ကုိ မသုံးခ်င္ဘဲ သုံးေနၾကရတယ္။ သက္ေသာင့္သက္သာနဲ႔ လုိရာခရီးကုိ အခ်ိန္တုိအတြင္း လုံျခံဳစိတ္ခ် သြားလာႏိုင္ေအာင္ ဘယ္သူကမွ စီစဥ္မေပးႏုိင္ေသးဘူး။

ယာဥ္ေၾကာ က်ပ္တည္းမႈဒဏ္ အလြန္ခံစားရတဲ့ ရန္ကုန္သူ ရန္ကုန္သားေတြက ဒီမုိကေရစီေတြ လူ႔အခြင့္အေရးေတြ မရ ခ်င္ေနပါေစ။ ဘတ္စ္ကားစီးတဲ့အခါ စိတ္လြတ္ ကုိယ္လြတ္ စီးခြင့္ရရင္ ေတာ္ပါၿပီဆိုမလားဘဲ။

အလုပ္ခြင္ ဖိစီးမႈ၊ အလုပ္သြား အလုပ္ျပန္ အဆင္မေျပမႈ၊ အေျခခံစားကုန္ေတြ ေစ်းႀကီးျမင့္မႈစတဲ့ ေန႔စဥ္ဘ၀ရဲ႕အဆင္မေျပ မႈေတြက လူေတြရဲ႕စိတ္ေတြကုိ ပုိၿပီး ၾကြပ္ဆတ္လာေစေတာ့တာပါပဲ။

နန္းေတာ္ေရွ႕ဆရာတင္က သူေဌး၀ါဒသီခ်င္းမွာ အခုလုိ ေရးဖြဲ႔ခဲ့တယ္။

စိန္လုိခ်င္ရင္ စိန္ျဖစ္ရမယ္××× အိမ္လုိခ်င္ရင္ အိမ္ျဖစ္ရမယ္×××လူ႔စိတ္ဓာတ္ဟာ ေလာက အျမတ္ဆုံးကြယ္ ××× တ ကယ္ခ်စ္တဲ့ ရည္းစား ××× စြဲလန္းေတာ့×××မၾကာဧကန္ ရတတ္တယ္။ ဤပမာလုိ ×××မွတ္ၾကကြယ္ ×××ေမာင္လုိ ခ်င္တာ ×××ရေစ့မယ္။ ခင္လုိခ်င္တာ××× ပုိ႔လုိက္မယ္။ နန္းေတာ္ေရွ႕ကုိ ေမးလာၾကရင္××× သူေဌး၀ါဒကုိ ××× က် ေနာ္ ေျပာျပလုိက္ပါ့မယ္…..။

မဂၤလာရွိတဲ့ အဖြဲ႔အစည္းျဖစ္ဖုိ႔ တဦးခ်င္း တေယာက္ခ်င္းမွသည္ အရပ္ဘက္အဖြဲ႔အစည္းေတြအထိ တတ္ႏုိင္သေလာက္ ၾကိဳးစားေဖာ္ေဆာင္ၾကပါ။ မဂၤလာရွိရာ မဂၤလာစုပါလိမ့္မယ္။

(သန္းႏိုင္ဦးသည္ မႏၲေလးအေျခစိုက္ သတင္းစာဆရာျဖစ္သည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဧရာ၀တီ

#Unicode Version
‘အ’မင်္ဂလာ
လူသတ်မှုနဲ့ သေမှုသေခင်း သတင်းတွေ ခပ်စိပ်စိပ် တွေ့လာနေရတယ်

မြန်မာတွေရဲ့အစဉ်အလာ လူ့အဖွဲ့အစည်းက မင်္ဂလာရှိတဲ့လူ့အဖွဲ့အစည်းဖြစ်တယ်။ လူတဦးနဲ့ တဦးတွေ့ဆုံလို့ နှုတ်ဆက်တဲ့အခါ မင်္ဂလာပါလို့ နှုတ်ဆက်ကြတယ်။ ၃၈ ဖြာမင်္ဂလာကို ပြည်သူ့နီတိသဖွယ် သဘောထားခဲ့ကြတယ်။

၃၈ ဖြာ မင်္ဂလာအတိုင်း ကျင့်ကြံနေထိုင်တာကိုလည်း မင်္ဂလာတရားတော်နဲ့ အညီ နေထိုင်တယ်လို့ ဂုဏ်ယူခဲ့ကြသူတွေ ဖြစ်တယ်။ မွေးစကနေ ကွယ်လွန်ချိန်ထိ မင်္ဂလာတွေနဲ့ ထုံမွှန်း ရစ်ပတ်ဖွဲ့နှောင်တဲ့ လူ့အဖွဲ့အစည်းလည်းဖြစ်တယ်။

ခေါင်းဆေးမင်္ဂလာ၊ အမည်ပေး ကင်ပွန်းတပ်မင်္ဂလာ၊ ရှင်ပြုနားသမင်္ဂလာ၊ လက်ထပ်မင်္ဂလာ၊ အိမ်သစ်တိုက်သစ်တက် မင်္ဂလာစတဲ့ မင်္ဂလာတွေ ပြည့်နှက်နေပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ မင်္ဂလာတရားတော်နဲ့အညီ နေထိုင်ကြ ပါသေးရဲ့လား။

လောဘ၊ ဒေါသ၊ မောဟတွေနောက် ကောက်ကောက်ပါအောင်လိုက်ပြီး အမိုက်အမှောင် ဖုံးနေကြပြီလား မေးခွန်းထုတ်ရပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့အထင်ကရမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်မြို့နဲ့ တောင်ကြီးမြို့တွေမှာ မိသားစုလိုက် အစုလိုက် အပြုံလိုက် သတ် ဖြတ်ခံရမှု၊ နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်မှာ လင်မယားနှစ်ယောက် သတ်ဖြတ်ခံရမှု၊ မန္တလေးမြို့မှာ မိန်းကလေးက သူ့ချစ်သူ အမျိုးသားကို ဓားနဲ့ ထိုးသတ်မှု၊ ရန်ကုန်မြို့လယ်က အဒေါ်ဖြစ်သူ တိုက်ခန်းမှာ တူဖြစ်သူက အနုကြမ်း စီးရင်း အသတ်ခံရမှု အစရှိတာတွေဟာ လက်တလောမြင်နေကြားနေရတာတွေပါ။

ဟိုးတလောလေးကလည်း အငြိမ်းစား စသုံးလုံး ညွှန်မှူး အသတ်ခံရမှု၊ မုံရွာ-ကျောက္ကာလမ်း ဓားခုတ်ခံရပြီး သေဆုံးမှု၊ ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်သေဆုံးမှု၊ မန္တလေးရတနာပုံဈေး အပေါ်ထပ်ကနေ ကုမ္ပဏီဝန်ထမ်းတယောက် ပြုတ်ကျသေဆုံး မှု၊ မန္တလေး နန်းရှေ့မှာ ယာဉ်ထိန်းရဲတယောက် တာဝန်ထမ်းဆောင်နေစဉ် ဓားထိုးခံရပြီး သေဆုံးမှုစတဲ့ လူသတ်မှုနဲ့ လူ သေမှုဖြစ်စဉ်တွေကို ခပ်စိပ်စိပ် တွေ့လာနေရတယ်။

အမှုကျူးလွန်ကြသူတွေထဲမှာ ခေတ်ပညာတတ်ဘွဲ့ရတွေလည်း ပါဝင်တယ်ဆိုတာ သတိပြုကြစေလိုပါတယ်။ တချို့ကျူး လွန်သူတွေထဲမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရဲအရာရှိ၊ တက္ကသိုလ်ကျောင်းသား အချို့လည်း ပါဝင်နေကြတယ်။ သူတို့တွေဟာ ခေတ်ပညာတွေ တတ်မြောက်ပါရဲ့နဲ့ ဘာကြောင့် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြပါသလဲ။

တချို့အမှုဖြစ်စဉ်တွေမှာ လူသေဆုံးတဲ့အထိ မဖြစ်ခဲ့ပေမယ့် မကြားဝံ့မနာသာ အမှုတွေလည်း အများအပြား ရှိတယ်။ ကိုယ့် အိမ်ထဲမှာ ထိုင်နေရင်း နေ့ခင်းကြောင်တောင် အလုယက်ခံရတာ၊ လမ်းမှာ သွားရင်းလာရင်း ပိုက်ဆံအိတ်လုခံရတာ ဆွဲ ကြိုးဖြတ်ခံရတာအစရှိတဲ့ ဒုစရိုက်မှုတွေလည်း နေ့စဉ်နဲ့အမျှ ကြားနေရတယ်။

ချစ်သူရည်းစားတွေက လက်ဝတ်လက်စားယူရုံမက ကာမပါ လိမ်လည်ရယူသွားတာ၊ သွေးရင်းသားရင်းတွေ ကိုယ်တိုင်က လူကုန်ကူးရောင်းစားခဲ့ကြတာ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ ကာမရယူကြတဲ့အထဲမှာ ရင်းနှီးကျွမ်းဝင်သူ တွေ ပါဝင်နေတာစတဲ့ အမှုတွေလည်း ရှိနေပါတယ်။

မူးယစ်ဆေးဝါး၊ ငွေကြေးကိစ္စနဲ့ လူမှုရေး အရှုပ်အရှင်းတွေမှာ အနုပညာသမားအချို့ပါဝင်ပတ်သက်မှု ရှိနေပါတယ်။ မူးယစ် ဆေးကြောင့် ထောင်ကျနေတဲ့ ရုပ်ရှင်မင်းသားရှိသလို တရားရင်ဆိုင်နေရဆဲ မင်းသားတယောက်လည်း ရှိနေတယ်။ အဆို တော်နဲ့ ရုပ်ရှင်မင်းသားတချို့ မူးယစ်သားကောင်ဘ၀ ရောက်ခဲ့ပြီး ဘဝပျက်ခဲ့ကြရသူတွေရှိတယ်။

တချို့မင်းသားတွေကတော့ မူးယစ်ဆေးကြောင့် အသက်ပါဆုံးခဲ့ရတဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ မင်းသမီး အချို့ လည်း လူမှုရေး အရှုပ်အရှင်းနဲ့ ငွေကြေးပြဿနာတွေ ရှိနေပြီး တရားရင်ဆိုင်နေကြရတယ်။ မင်းသား၊ မင်းသမီးနဲ့ အဆို တော်တွေက လူငယ်တွေရဲ့ဟီးရိုးဖြစ်တာကြောင့် အနေအထိုင် အပြောအဆို ပိုပြီး ဆင်ခြင်ကြရမှာဖြစ်ပါတယ်။

ပြဿနာတွေ ရာဇဝတ်မှုတွေ ဆင်းရဲနွမ်းပါးမှုတွေ ထူပြောလာခြင်းက လူတွေကို မလုံမခြုံဖြစ်စေပါတယ်။ မင်္ဂလာရှိတဲ့ လူ့ အဖွဲ့အစည်းအဖြစ်က ယုတ်လျော့စေတယ်။ အမင်္ဂလာ ဖြစ်စေတယ်။ မင်္ဂလာရှိပြီး လွတ်လပ်ပျော်ရွှင်တဲ့ လူ့အဖွဲ့အစည်းဖြစ် ဖို့ ဘယ်လိုတည်ဆောက်ကြမလဲ။

အရှိတရားကို လက်ခံပြီး ရောင့်ရဲ တင်းတိမ်နိုင်ကြမှသာ စစ်မှန်တဲ့ပျော်ရွှင်မှုကို ရရှိမှာဖြစ်တယ်။ လိုချင်တပ်မက်မှု ရသတဏှာနောက် ကောက်ကောက်ပါအောင် လိုက်နေရင် ရလေလိုလေ အိုတစ္ဆေဖြစ်ပြီး ပိုင်ဆိုင်မှု တိုးပွားကောင်း တိုးပွားလာ ပေမယ့် ပျော်ရွှင်မှု အစစ်အမှန်ကို မရနိုင်ပါဘူး။

စားဝတ်နေရေးကို အရေးတကြီး ဖြေရှင်းနေရပါများတော့ လူတွေမှာ လောဘ၊ ဒေါသ၊ မောဟတွေ များသထက် များလာတယ်။ လူအများစုက အေးအေးလူလူ စီးပွားရှာဖို့ အခွင့်အရေးမရှိဘူး။ ကျောတခင်းစာအတွက် မိသားစုဝင်ငွေရဲ့ ထက်ဝက်ကို သုံးနေကြရသူတွေရှိတယ်။

နေ့စဉ်ဘဝတွေမှာလည်း အလုပ်သွား အလုပ်ပြန် မွန်းကျပ် ပိတ်လှောင်တဲ့ ခပ်ညံ့ညံ့ သယ်ယူပို့ဆောင်ရေးစနစ်ကို မသုံးချင်ဘဲ သုံးနေကြရတယ်။ သက်သောင့်သက်သာနဲ့ လိုရာခရီးကို အချိန်တိုအတွင်း လုံခြုံစိတ်ချ သွားလာနိုင်အောင် ဘယ်သူကမှ စီစဉ်မပေးနိုင်သေးဘူး။

ယာဉ်ကြော ကျပ်တည်းမှုဒဏ် အလွန်ခံစားရတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေက ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေ မရ ချင်နေပါစေ။ ဘတ်စ်ကားစီးတဲ့အခါ စိတ်လွတ် ကိုယ်လွတ် စီးခွင့်ရရင် တော်ပါပြီဆိုမလားဘဲ။

အလုပ်ခွင် ဖိစီးမှု၊ အလုပ်သွား အလုပ်ပြန် အဆင်မပြေမှု၊ အခြေခံစားကုန်တွေ ဈေးကြီးမြင့်မှုစတဲ့ နေ့စဉ်ဘဝရဲ့အဆင်မပြေ မှုတွေက လူတွေရဲ့စိတ်တွေကို ပိုပြီး ကြွပ်ဆတ်လာစေတော့တာပါပဲ။

နန်းတော်ရှေ့ဆရာတင်က သူဌေးဝါဒသီချင်းမှာ အခုလို ရေးဖွဲ့ခဲ့တယ်။

စိန်လိုချင်ရင် စိန်ဖြစ်ရမယ်××× အိမ်လိုချင်ရင် အိမ်ဖြစ်ရမယ်×××လူ့စိတ်ဓာတ်ဟာ လောက အမြတ်ဆုံးကွယ် ××× တ ကယ်ချစ်တဲ့ ရည်းစား ××× စွဲလန်းတော့×××မကြာဧကန် ရတတ်တယ်။ ဤပမာလို ×××မှတ်ကြကွယ် ×××မောင်လို ချင်တာ ×××ရစေ့မယ်။ ခင်လိုချင်တာ××× ပို့လိုက်မယ်။ နန်းတော်ရှေ့ကို မေးလာကြရင်××× သူဌေးဝါဒကို ××× ကျ နော် ပြောပြလိုက်ပါ့မယ်…..။

မင်္ဂလာရှိတဲ့ အဖွဲ့အစည်းဖြစ်ဖို့ တဦးချင်း တယောက်ချင်းမှသည် အရပ်ဘက်အဖွဲ့အစည်းတွေအထိ တတ်နိုင်သလောက် ကြိုးစားဖော်ဆောင်ကြပါ။ မင်္ဂလာရှိရာ မင်္ဂလာစုပါလိမ့်မယ်။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာဖြစ်သည်)


ဖိုးသူတော် (www.phothutaw.com)
Credit:ဧရာဝတီ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top