Property Expo
×

              ေတာင္ႀကီးၿမိဳ႕ စူဠာမုနိေစတီကို အေ၀းက ဖူးေျမာ္ရစဥ္ (ဓာတ္ပံု − ဂြၽန္ခ်စ္ၿငိမ္း)

 ေတာင္ႀကီးၿမိဳ႕ ေလာကခ်မ္းသာစူဠာမုနိေစတီေဂါပကဥကၠ႒အပါအ၀င္ အဖြဲ႕ တစ္ဖြဲ႕လံုးကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕က စက္တင္ဘာဒုတိယ ပတ္ကတည္းက ထုတ္ပယ္လိုက္ ၿပီး ျပည္နယ္အစိုးရအဖြဲ႕မွ ေရြးခ်ယ္ အတည္ျပဳေပးထားသည့္ ေတာင္ႀကီးၿမိဳ႕ခံၿမိဳ႕ မ်က္ႏွာဖံုး၊ ဂုဏ္သေရရွိလူႀကီးမ်ားအား စက္တင္ဘာ ၂၁ ရက္က အစားထိုးခန္႔အပ္လိုက္ေၾကာင္း သတင္းရရွိသည္။

‘‘ေထရ၀ါရဆရာေတာ္ဘုရား ႀကီးေတြနဲ႔ ၾသ၀ါဒါစရိယ ဆရာ ေတာ္ဘုရားေတြရဲ႕ ဆႏၵအတိုင္း အစိုးရအဖြဲ႕ကေန ေဆာင္ရြက္ေပးခဲ့တာပါ။ အသစ္ေရြးခ်ယ္ေပး ထားတဲ့ ေဂါပကအဖြဲ႕ဆိုတာ ၿမိဳ႕ မ်က္ႏွာဖံုးေတြ၊ ဂုဏ္သေရရွိ လူ ႀကီးမင္းေတြပဲ ျဖစ္ပါတယ္။ အရင္ထက္ ပိုၿပီးေတာ့လည္း ေဆာင္ ရြက္လာႏုိင္မယ္လို႔ ယံုၾကည္ပါ တယ္’’ ဟု ရွမ္းျပည္နယ္အစိုးရ အဖြဲ႕မွ သာသနာေရး၀န္ႀကီးဌာန အား တိုက္႐ိုက္ကြပ္ကဲကိုင္တြယ္ခြင့္ရရွိထားသည့္ ဗမာတိုင္းရင္း သားေရးရာ ၀န္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္က ေျပာသည္။

ထုတ္ပယ္ခံရသည့္ ေဂါပက အဖြဲ႕သည္ ေစတီရင္ျပင္ေပၚတြင္ ေစ်းဆိုင္ခန္းမ်ား အဆမတန္မ်ား ျပားစြာ တည္ေဆာက္မႈ ပါ၀င္၍ အဂါရ၀ ျဖစ္ေစသည္ဟု  ေဒသခံ အခ်ဳိ႕က ေ၀ဖန္ေျပာဆိုခဲ့ၾကသည္။ ေဂါပကဥကၠ႒ေဟာင္းသည္ ဗုိလ္မွဴး (ၿငိမ္း) ဦးႏိုင္၀င္းဆိုသူျဖစ္ၿပီး ၎လက္ထက္တြင္ ေစ်းဆိုင္ခန္းမ်ားတည္ေဆာက္မႈေၾကာင့္ ေဒသခံတို႔၏ ေ၀ဖန္ခံခဲ့ရေၾကာင္း ေတာင္ႀကီးေဒသခံအခ်ဳိ႕က ေျပာသည္။

‘‘အခုလို တာ၀န္ေပးလာတဲ့ အေပၚ ဘုရားသာသနာ၀တၱကနယ္ေျမနဲ႔ပတ္သက္ၿပီး သန္႔ရွင္းသပ္ရပ္မႈရွိဖို႔ကို ဦးစားေပးေဆာင္ရြက္သြားဖို႔ စီစဥ္ထားပါတယ္’’ဟု စူဠာမုနိေဂါပကအဖြဲ႕သစ္တြင္ ဒုဥကၠ႒ (၃) အျဖစ္ ခန္႔အပ္ခံထားရသည့္ ေတာင္ႀကီးေဒသခံ ဦးေအာင္ေက်ာ္ႏိုင္က ေျပာသည္။

စူဠာမုနိေဂါပကတစ္ဖြဲ႕လံုး ထုတ္ပယ္ခံရျခင္းႏွင့္ ပတ္သက္ ၿပီး ဥကၠ႒ေဟာင္းအား ဆက္သြယ္ေမးျမန္းေသာ္လည္း ျပန္လည္ေျဖ ၾကားျခင္းမရွိခဲ့ေပ။

အသစ္ဖြဲ႕စည္းလိုက္သည့္ စူဠာမုနိေဂါပက အဖြဲ႕တြင္ အဖြဲ႕၀င္ ၁၃ ဦးပါ၀င္ၿပီး ဥကၠ႒အျဖစ္ ဦးညိဳလံုး (အထက ေက်ာင္းအုပ္ၿငိမ္း)၊ ဒုဥကၠ႒ (၁) ဦးစိုင္းထြန္းျမ၊ ဒုဥကၠ႒ (၂) ဦးစိုင္းေဇာ္ေဇာ္၊ ဒုဥကၠ႒ (၃) ဦးေအာင္ေက်ာ္ႏိုင္တို႔ျဖစ္ကာ ေဂါပကအဖြဲ႕သက္တမ္းသည္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ သက္တမ္းအတိုင္း ငါးႏွစ္သက္တမ္း တာ၀န္ထမ္းေဆာင္ရမည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
တောင်ကြီးမြို့ စူဠာမုနိစေတီကို အဝေးက ဖူးမြော်ရစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)

 တောင်ကြီးမြို့ လောကချမ်းသာစူဠာမုနိစေတီဂေါပကဥက္ကဋ္ဌအပါအဝင် အဖွဲ့ တစ်ဖွဲ့လုံးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာဒုတိယ ပတ်ကတည်းက ထုတ်ပယ်လိုက် ပြီး ပြည်နယ်အစိုးရအဖွဲ့မှ ရွေးချယ် အတည်ပြုပေးထားသည့် တောင်ကြီးမြို့ခံမြို့ မျက်နှာဖုံး၊ ဂုဏ်သရေရှိလူကြီးများအား စက်တင်ဘာ ၂၁ ရက်က အစားထိုးခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

‘‘ထေရဝါရဆရာတော်ဘုရား ကြီးတွေနဲ့ သြဝါဒါစရိယ ဆရာ တော်ဘုရားတွေရဲ့ ဆန္ဒအတိုင်း အစိုးရအဖွဲ့ကနေ ဆောင်ရွက်ပေးခဲ့တာပါ။ အသစ်ရွေးချယ်ပေး ထားတဲ့ ဂေါပကအဖွဲ့ဆိုတာ မြို့ မျက်နှာဖုံးတွေ၊ ဂုဏ်သရေရှိ လူ ကြီးမင်းတွေပဲ ဖြစ်ပါတယ်။ အရင်ထက် ပိုပြီးတော့လည်း ဆောင် ရွက်လာနိုင်မယ်လို့ ယုံကြည်ပါ တယ်’’ ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ သာသနာရေးဝန်ကြီးဌာန အား တိုက်ရိုက်ကွပ်ကဲကိုင်တွယ်ခွင့်ရရှိထားသည့် ဗမာတိုင်းရင်း သားရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က ပြောသည်။

ထုတ်ပယ်ခံရသည့် ဂေါပက အဖွဲ့သည် စေတီရင်ပြင်ပေါ်တွင် ဈေးဆိုင်ခန်းများ အဆမတန်များ ပြားစွာ တည်ဆောက်မှု ပါဝင်၍ အဂါရ၀ ဖြစ်စေသည်ဟု  ဒေသခံ အချို့က ဝေဖန်ပြောဆိုခဲ့ကြသည်။ ဂေါပကဥက္ကဋ္ဌဟောင်းသည် ဗိုလ်မှူး (ငြိမ်း) ဦးနိုင်ဝင်းဆိုသူဖြစ်ပြီး ၎င်းလက်ထက်တွင် ဈေးဆိုင်ခန်းများတည်ဆောက်မှုကြောင့် ဒေသခံတို့၏ ဝေဖန်ခံခဲ့ရကြောင်း တောင်ကြီးဒေသခံအချို့က ပြောသည်။

‘‘အခုလို တာဝန်ပေးလာတဲ့ အပေါ် ဘုရားသာသနာဝတ္တကနယ်မြေနဲ့ပတ်သက်ပြီး သန့်ရှင်းသပ်ရပ်မှုရှိဖို့ကို ဦးစားပေးဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်’’ဟု စူဠာမုနိဂေါပကအဖွဲ့သစ်တွင် ဒုဥက္ကဋ္ဌ (၃) အဖြစ် ခန့်အပ်ခံထားရသည့် တောင်ကြီးဒေသခံ ဦးအောင်ကျော်နိုင်က ပြောသည်။

စူဠာမုနိဂေါပကတစ်ဖွဲ့လုံး ထုတ်ပယ်ခံရခြင်းနှင့် ပတ်သက် ပြီး ဥက္ကဋ္ဌဟောင်းအား ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေ ကြားခြင်းမရှိခဲ့ပေ။

အသစ်ဖွဲ့စည်းလိုက်သည့် စူဠာမုနိဂေါပက အဖွဲ့တွင် အဖွဲ့ဝင် ၁၃ ဦးပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် ဦးညိုလုံး (အထက ကျောင်းအုပ်ငြိမ်း)၊ ဒုဥက္ကဋ္ဌ (၁) ဦးစိုင်းထွန်းမြ၊ ဒုဥက္ကဋ္ဌ (၂) ဦးစိုင်းဇော်ဇော်၊ ဒုဥက္ကဋ္ဌ (၃) ဦးအောင်ကျော်နိုင်တို့ဖြစ်ကာ ဂေါပကအဖွဲ့သက်တမ်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ သက်တမ်းအတိုင်း ငါးနှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top