Kantharyar Centre
×

အေၾကာင္းအရာသစ္ေတြ ေခါင္းထဲရုိက္သြင္း အားလံုးသိေနႏိုင္ဖုိ႔ အေကာင္းဆုံးနည္းလမ္းက ၁) - ေလ့က်င့္မႈ၊ ၂) - ေလ့က်င့္မႈ၊ ၃) - ေလ့က်င့္မႈပဲ မဟုတ္လား။ ဟုတ္ပါတယ္။ ဒါေပမယ့္ လ်စ္လ်ဴရႈမထားသင့္တဲ့ ေနာက္အဆင့္တစ္ခု ရိွပါေသးတယ္။ အဲ့ဒါကေတာ့ အိပ္စက္ျခင္းပါ။

အိပ္စက္ျခင္းနဲ႔ ဒြန္တြဲျပီး ထပ္တလဲလဲေလ့က်င့္မႈက အခ်က္အလက္အေၾကာင္းအရာေတြကို အခ်ိန္ၾကာရွည္စြာ မွတ္မိႏုိင္ေစတယ္လုိ႔ Psychological Science မွာ ေဖာ္ျပထားတဲ့ ေလ့လာမႈက အခုိင္အမာဆိုထားပါတယ္။

ယင္းေလ့လာမႈမွာ အုပ္စု ၂ စုဟာ ဘာသာျခားေဝါဟာရေတြ သင္ၾကားျပီး လက္ေတြ႔ေလ့က်င့္မႈ ျပဳလုပ္ခဲ့ၾကပါတယ္။ တစ္ဝက္က မနက္နဲ႔ ညဘက္မွာ ေလ့လာေနခ်ိန္ က်န္တစ္ဝက္က ညဦးပုိင္းမွာ  သင္ယူေလ့လာတယ္၊ တစ္ညလုံးအိပ္ျပီး ေနာက္ေန႔မနက္ ေလ့လာမႈျပန္လုပ္ခဲ့ၾကပါတယ္။ တစ္ပတ္အျပီး တစ္ၾကိမ္နဲ႔ ၆ လၾကာျပီးတစ္ၾကိမ္ ရလဒ္အေျဖေတြ အကဲျဖတ္ဆုံးျဖတ္ၾကရာ သင္ၾကားခ်ိန္တစ္ခုနဲ႔တစ္ခုၾကား အိပ္စက္ျခင္းက ေလ့က်င့္မႈ ပမာဏေလွ်ာ့ခ်ေပးရုံတင္မက ေရရွည္မွတ္ဥာဏ္ မ်ားစြာပိုေကာင္းေစေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
အကြောင်းအရာသစ်တွေ ခေါင်းထဲရိုက်သွင်း အားလုံးသိနေနိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ၁) - လေ့ကျင့်မှု၊ ၂) - လေ့ကျင့်မှု၊ ၃) - လေ့ကျင့်မှုပဲ မဟုတ်လား။ ဟုတ်ပါတယ်။ ဒါပေမယ့် လျစ်လျူရှုမထားသင့်တဲ့ နောက်အဆင့်တစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ အိပ်စက်ခြင်းပါ။

အိပ်စက်ခြင်းနဲ့ ဒွန်တွဲပြီး ထပ်တလဲလဲလေ့ကျင့်မှုက အချက်အလက်အကြောင်းအရာတွေကို အချိန်ကြာရှည်စွာ မှတ်မိနိုင်စေတယ်လို့ Psychological Science မှာ ဖော်ပြထားတဲ့ လေ့လာမှုက အခိုင်အမာဆိုထားပါတယ်။

ယင်းလေ့လာမှုမှာ အုပ်စု ၂ စုဟာ ဘာသာခြားဝေါဟာရတွေ သင်ကြားပြီး လက်တွေ့လေ့ကျင့်မှု ပြုလုပ်ခဲ့ကြပါတယ်။ တစ်ဝက်က မနက်နဲ့ ညဘက်မှာ လေ့လာနေချိန် ကျန်တစ်ဝက်က ညဦးပိုင်းမှာ  သင်ယူလေ့လာတယ်၊ တစ်ညလုံးအိပ်ပြီး နောက်နေ့မနက် လေ့လာမှုပြန်လုပ်ခဲ့ကြပါတယ်။ တစ်ပတ်အပြီး တစ်ကြိမ်နဲ့ ၆ လကြာပြီးတစ်ကြိမ် ရလဒ်အဖြေတွေ အကဲဖြတ်ဆုံးဖြတ်ကြရာ သင်ကြားချိန်တစ်ခုနဲ့တစ်ခုကြား အိပ်စက်ခြင်းက လေ့ကျင့်မှု ပမာဏလျှော့ချပေးရုံတင်မက ရေရှည်မှတ်ဉာဏ် များစွာပိုကောင်းစေကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top