Kantharyar Centre
×

သင့္အၾကိဳက္ ၀ီစကီဟာ ဘီယာလုိပဲ မ်ားျပားတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြ ေပးႏိုင္တယ္ဆုိတာ သင္သိပါသလား။ တန္ေဆး၊လြန္ေဘးဆုိသလုိ ၀ီစကီကို သင့္တင့္ရုံေသာက္မယ္ ( မိန္းကေလးေတြအတြက္ ၂၅-၃၀ မီလီလီတာနဲ ့ေယာက်ၤားေလးေတြအတြက္ ၃၅-၄၀ မီလီလီတာေလာက္) ေသာက္မယ္ဆုိရင္ ၀ီစကီကေန အေကာင္းဆုံး အက်ိဳးေက်းဇူးေတြ ရရွိမွာပါ။

၁။ ၀ီစကီကို ေန ့စဥ္ပုံမွန္ေသာက္ေပးတာက ခႏၶာကိုယ္အတြက္ ေန ့စဥ္လုိအပ္တဲ့ ဗီတာမင္ စီ ပမာဏကို ျဖည့္ဆည္းေပးႏိုင္ေၾကာင္း ၾသစေၾတးလ် Monash တကၠသိုလ္က ေလ့လာမွဳတစ္ခုအရ သိရပါတယ္။ Antioxidant ဓာတ္တုိးဆန္ ့က်င္ဂုဏ္သတၱိ ပါ၀င္ျပီး ကိုယ္ခံစြမ္းအားကို ျမွင့္တင္ေပးတာေၾကာင့္ ေရာဂါေတြကို တြန္းလွန္တုိက္ဖ်က္ႏိုင္ပါတယ္။

၂။ စေကာ့၀ီစကီကို အသင့္အတင့္ေသာက္သုံးတဲ့လူေတြဟာ ကင္ဆာေရာဂါရႏိုင္ေျခ နည္းပါးတယ္လုိ ့သိပၸြံနည္းက်ေလ့လာသူေတြက ေဖာ္ျပျပီးျဖစ္ပါတယ္။ ၀ီစကီမွာ ကင္ဆာဆဲလ္ေတြကို ေသေစႏိုင္တဲ့ Ellagic Acid နဲ ့ဓာတ္တုိးဆန္ ့က်င္ဂုဏ္သတၱိေတြ ပါ၀င္တာေၾကာင့္ ကင္ဆာျဖစ္ႏိုင္ေခ်ကို ေလ်ာ့ခ်ေပးပါတယ္။

၃။ တစ္ေန့ ကို ၀ီစကီ တစ္ခြက္ႏွစ္ခြက္ေသာက္သူေတြဟာ ေလသင္တုန္း နဲ ့ဦးေႏွာက္ ထိခိုက္မွဳေၾကာင့္ျဖစ္တဲ့စိတ္ေဖာက္ျပန္မွဳေရာဂါ ရႏိုင္ေျခ ၅၀ ရာခိုင္ႏွဳန္းပုိနည္းေၾကာင္း နယူးေယာ့ခ္တကၠသိုလ္က Dr.David J Hanson က သူ ့ရဲ့ သုေတသနစာတမ္းမွာ ေဖာ္ျပခဲ့ပါတယ္။ လူေတြဟာ အသက္အရြယ္ၾကီးျမင့္လာတာနဲ ့အမွ် ေလသင္တုန္းျဖတ္ ႏိုင္ေခ်၊ ႏွလုံးေရာဂါရႏိုင္ေျခနဲ ့ေသြးပ်စ္ခဲမွဳ  ရႏိုင္ေျခပုိမ်ားပါတယ္။ ဒါေပမယ့္ ၀ီစကီကို ပုံမွန္ေသာက္သုံးေပးမယ္ဆုိရင္ေတာ့ ဒီေရာဂါေတြ ရႏိုင္ေျခကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

၄။ ၀ီစကီမွာ အဆီလုံး၀မပါ၀င္ပါဘူး။ ဒီ့အျပင္ ကာဗြန္ဟိုက္ဒရိတ္ ၀.၀၄ ဂရမ္က သၾကားဓာတ္အေနနဲ ့ပါ၀င္တာေၾကာင့္ သင့္ခႏၶာကိုယ္အစာေျခဖ်က္မွဳစနစ္ထဲ ၀င္ေရာက္သြားျပီးမၾကာခင္မွာပဲ ခႏၶာကိုယ္အတြက္ လုိအပ္တဲ့ စြမ္းအင္ကို ေျပာင္းလဲေပးႏိုင္ပါတယ္။

ဒီအခ်က္ေတြဟာ သင့္ကို အရက္မူးေအာင္ေသာက္ခုိင္းေနတာ မဟုတ္ပါဘူး။ ၀ီစကီကို အလြန္အကၽြံမဟုတ္ဘဲ အသင့္အတင့္ ပမာဏေသာက္သုံးျခင္းျဖင့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြ ရရွိႏိုင္ဖုိ ့ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
သင့်အကြိုက် ဝီစကီဟာ ဘီယာလိုပဲ များပြားတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ တန်ဆေး၊လွန်ဘေးဆိုသလို ဝီစကီကို သင့်တင့်ရုံသောက်မယ် ( မိန်းကလေးတွေအတွက် ၂၅-၃၀ မီလီလီတာနဲ့ယောကျၤားလေးတွေအတွက် ၃၅-၄၀ မီလီလီတာလောက်) သောက်မယ်ဆိုရင် ဝီစကီကနေ အကောင်းဆုံး အကျိုးကျေးဇူးတွေ ရရှိမှာပါ။

၁။ ဝီစကီကို နေ့စဉ်ပုံမှန်သောက်ပေးတာက ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီ ပမာဏကို ဖြည့်ဆည်းပေးနိုင်ကြောင်း သြစတြေးလျ Monash တက္ကသိုလ်က လေ့လာမှုတစ်ခုအရ သိရပါတယ်။ Antioxidant ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ပါဝင်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတာကြောင့် ရောဂါတွေကို တွန်းလှန်တိုက်ဖျက်နိုင်ပါတယ်။

၂။ စကော့ဝီစကီကို အသင့်အတင့်သောက်သုံးတဲ့လူတွေဟာ ကင်ဆာရောဂါရနိုင်ခြေ နည်းပါးတယ်လို့သိပ္ပွံနည်းကျလေ့လာသူတွေက ဖော်ပြပြီးဖြစ်ပါတယ်။ ဝီစကီမှာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့ Ellagic Acid နဲ့ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် ကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးပါတယ်။

၃။ တစ်နေ့ ကို ဝီစကီ တစ်ခွက်နှစ်ခွက်သောက်သူတွေဟာ လေသင်တုန်း နဲ့ဦးနှောက် ထိခိုက်မှုကြောင့်ဖြစ်တဲ့စိတ်ဖောက်ပြန်မှုရောဂါ ရနိုင်ခြေ ၅၀ ရာခိုင်နှုန်းပိုနည်းကြောင်း နယူးယော့ခ်တက္ကသိုလ်က Dr.David J Hanson က သူ့ရဲ့ သုတေသနစာတမ်းမှာ ဖော်ပြခဲ့ပါတယ်။ လူတွေဟာ အသက်အရွယ်ကြီးမြင့်လာတာနဲ့အမျှ လေသင်တုန်းဖြတ် နိုင်ချေ၊ နှလုံးရောဂါရနိုင်ခြေနဲ့သွေးပျစ်ခဲမှု  ရနိုင်ခြေပိုများပါတယ်။ ဒါပေမယ့် ဝီစကီကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ ဒီရောဂါတွေ ရနိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။

၄။ ဝီစကီမှာ အဆီလုံးဝမပါဝင်ပါဘူး။ ဒီ့အပြင် ကာဗွန်ဟိုက်ဒရိတ် ဝ.၀၄ ဂရမ်က သကြားဓာတ်အနေနဲ့ပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်အစာခြေဖျက်မှုစနစ်ထဲ ဝင်ရောက်သွားပြီးမကြာခင်မှာပဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ပြောင်းလဲပေးနိုင်ပါတယ်။

ဒီအချက်တွေဟာ သင့်ကို အရက်မူးအောင်သောက်ခိုင်းနေတာ မဟုတ်ပါဘူး။ ဝီစကီကို အလွန်အကျွံမဟုတ်ဘဲ အသင့်အတင့် ပမာဏသောက်သုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိနိုင်ဖို့ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top