Property Expo
×




Credit:Mirror

#Unicode Version
ပရီးမီးယားလိဂ် ဘောလုံးရာသီမစခင် မန်ယူအသင်းကို ကွန်မြူနတီဒိုင်း ပြိုင်ပွဲမှာ ရှုံးပွဲတွေ့ခဲ့ရတဲ့ ရလဒ်အတွက် လာမယ့်စနေနနေ့မှာ လက်စားပြန်ချေမယ်လို့ လက်စတာအသင်းနည်းပြ ရေနီယာရီက ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံလက်စတာအသင်းက စနေနေ့မှာ မန်ယူအသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။ ရာသီတုန်းက လက်စတာအသင်းထက် အခုလက်စတာအသင်းရဲ့ခြေစွမ်းက ပိုကောင်းနေပြီလို့လည်း ရေနီယာရီက မန်ယူအသင်းကို သတိပေးလိုက်ပါတယ်။



" အသင်းအခြေအနေက အခုပိုကောင်းတဲ့ အနေအထားကို ရောက်နေပါပြီ။ ဒီပုံစံအတိုင်း ဆက်ထိန်းထားနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ချက် ရှိပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကထက်လည်း အသင်းရဲ့ ကြံ့ခိုင်မှုက ပိုကောင်းလာပါပြီ။ ဒီပွဲအနိုင်ရဖို့ ကျွန်တော်တို့ ကြိုးစားမှာပါ" လို့ လက်စတာနည်းပြက ပြောပါတယ်။
မနှစ်က အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ခဲ့တဲ့ တိုက်စစ်မှူး ဗာဒီလည်း ဂိုးတွေပိုပြီးဆာလောင်နေသလို ကစားသမားသစ် ဆလာမီနီရဲ့ခြေစွမ်းကောင်းတွေကိုလည်း မြင်တွေ့ရမယ်လို့ လက်စတာနည်းပြ သတိပေးထားပါတယ်။ ဆလာမီနီဟာ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ နှစ်ဂိုးသွင်းခဲ့သူဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Mirror
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top