Kantharyar Centre
×

ဇီကာဗိုင္းရပ္စ္ကူးစက္ခံရသည့္ သံသယလူနာေတြ႕လွ်င္ လိုအပ္သည့္စံုစမ္း စစ္ေဆးမႈမ်ားျပဳလုပ္သြားရန္ ၿမိဳ႕နယ္၊ ခ႐ိုင္၊ ျပည္နယ္ႏွင့္တုိင္း က်န္းမာေရး ဦးစီးဌာနမ်ားသို႔ ၫႊန္ၾကားထားေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာန ေရာဂါကာ ကြယ္ႏွိမ္နင္းေရးႏွင့္ ေရာဂါေစာင့္ၾကပ္ ၾကည့္႐ႈေရးဌာန ဒုတိယၫႊန္ခ်ဳပ္ ေဒါက္ တာသန္းဝင္းက ေျပာသည္။

‘‘ဇီကာဗိုင္းရပ္စ္ Infection ျဖစ္ရင္ဘယ္လိုလကၡဏာေတြေပၚမလဲ၊ လိုအပ္ တဲ့စံုစမ္းစစ္ေဆးမႈေတြကို ဘယ္လိုလုပ္ရ မလဲ နီးစပ္ရာ က်န္းမာေရးဌာနေတြကို ျပဖို႔ဆိုၿပီး ခ႐ိုင္၊ ၿမိဳ႕နယ္နဲ႔ ျပည္နယ္၊ တိုင္း က်န္းမာေရးဦးစီးဌာနအားလံုးကို ၫႊန္ ၾကားၿပီး အေၾကာင္းၾကားထားၿပီးျဖစ္ပါ တယ္။ အကယ္၍မ်ား အဲဒါနဲ႔ဆင္တူ တာေတြ႕မယ္ဆိုရင္ လိုအပ္တဲ့ စံုစမ္းစစ္ ေဆးမႈေတြကို ဆက္လက္ေဆာင္ရြက္ သြားမွာ ျဖစ္ပါတယ္’’ဟု ၎ကဆိုသည္။

ဇီကာေရာဂါကုသမႈ လမ္းၫႊန္ခ်က္ေရးဆြဲျခင္း အေျခအေနႏွင့္ပတ္ သက္ၿပီး ျပန္လည္စစ္ေဆးမည္ ျဖစ္ ေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီး  ဌာန(ေနျပည္ေတာ္)ဒုတိယၫႊန္ ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသန္း ထြန္းေအာင္က ေျပာသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံႏွင့္ ကူးလူးဆက္ဆံေနသည့္ စင္ကာပူႏုိင္ငံ၌ ဇီကာဗိုင္းရပ္စ္ကူးစက္ ခံရသူ ၁၁၅ ဦးအနက္ ၅၇ ဦးသည္ ျပည္ပႏုိင္ငံမ်ားမွျဖစ္ၿပီး ျမန္မာႏုိင္ ငံသားတစ္ဦး ကူးစက္ခံထားရ ေၾကာင္း CNA သတင္းဌာနက စင္ကာပူက်န္းမာေရးဝန္ႀကီးဌာန အား ကိုးကား၍ ေဖာ္ျပသည္။ ထုိ႔ အျပင္ ထုိင္းႏွင့္ မေလးရွားႏိုင္ငံ မ်ားတြင္လည္း ဇီကာဗိုင္းရပ္စ္ကူး စက္ခံရမႈမ်ားရွိေနသည္။

‘‘ဇီကာဗိုင္းရပ္စ္ကူးစက္ခံရ မႈမရွိေအာင္ အဓိကအေနနဲ႔ ေလ ဆိပ္နဲ႔ သေဘၤာဆိပ္ေတြကေန လာတဲ့ ဧည့္သည္ေတြကို အဖ်ား ရွိ၊ မရွိ ေသြးေဖာက္ၿပီး စစ္ေဆး တာေတြ လုပ္ေနတယ္။ လက္ရွိ အခ်ိန္အထိေတာ့ သံသယရွိလူနာ မေတြ႕ရေသးဘူး။ သံသယရွိ လူ နာေတြ႕ရင္ ေသြးေဖာက္ၿပီး ဗဟို အမ်ိဳးသားဓာတ္ခြဲဌာနကို ေပးပို႔ စစ္ေဆးဖို႔ ေဆး႐ံုႀကီးေတြမွာ အ ထူးကုဆရာဝန္္ႀကီးေတြနဲ႔ ဆရာ ဝန္ငယ္ေတြကို တပ္လွန္႔ထား တယ္။ ေရာဂါစစ္ေဆးဖို႔ ပစၥည္း ေတြ အဆင္သင့္ရွိတယ္’’ဟု ရန္ ကုန္တုိင္းေဒသႀကီး ျပည္သူ႔က်န္း မာေရးဦးစီးဌာန ဒုတိယဦးစီးမွဴး ေဒါက္တာ ခင္နန္းလံုက ေျပာ သည္။

ဇီကာဗိုင္းရပ္စ္သည္ ေအး ဒီစ္ျခင္က်ားကိုက္ခံရျခင္းမွတစ္ ဆင့္ ကူးစက္ခံရျခင္းျဖစ္သည္။ ေရာဂါလကၡဏာမ်ားမွာ ဖ်ားျခင္း၊ အေရျပားတြင္ အနီေရာင္အကြက္ အစက္မ်ားထြက္ျခင္း၊ မ်က္စိနာ ျခင္း၊ မ်က္သားနီ၍ ေရာင္ရမ္း ျခင္း၊ ႂကြက္သားႏွင့္အဆစ္အျမစ္ မ်ား ကိုက္ခဲျခင္းတို႔ျဖစ္ၿပီး ေရာဂါ လကၡဏာမ်ားကို ႏွစ္ရက္မွ ခုနစ္ ရက္အထိ ခံစားရေလ့ရွိသည္။

ေရာဂါပိုးရွိၿပီး ကိုယ္ဝန္ ေဆာင္မိခင္မွ သေႏၶသားကို ကူး စက္ကာ ဦးေခါင္းေသးငယ္သည့္ ကေလးမ်ားေမြးဖြားႏုိင္သည္။ ေမြးကင္းစကေလးငယ္မ်ားတြင္ ဦး ေႏွာက္ဖြံ႕ၿဖိဳးမႈကို ထိခိုက္ႏိုင္သည္ ဟု သုေတသနအခ်ိဳ႕က ဆိုသည္။ လက္ရွိအခ်ိန္ထိ ဇီကာဗိုင္းရပ္စ္ ကို ကာကြယ္ရန္ေဆးမရွိေသးေပ။

ဇီကာဗိုင္းရပ္စ္ကို ကုသရန္ ေဆးမရွိေသး၍ အေကာင္းဆံုး ကာက ြယ္မႈမွာ မိမိအိမ္တြင္ ျခင္မေပါက္ဖြားေအာင္ ျခင္က်ား၊ ပိုးေလာက္လမ္းႏွိမ္နင္းေရး ေဆာင္ ရြက္ရမည္ျဖစ္သည္။ ျခင္ကိုက္မခံ ရေစရန္ ျခင္ေဆးလိမ္းျခင္း၊ အက်ႌလက္ရွည္ႏွင့္ေဘာင္းဘီရွည္မ်ား ဝတ္ဆင္ျခင္း၊ ေနအိမ္၌ ျခင္လံု ဆန္ခါတပ္ဆင္ျခင္းမ်ား ေဆာင္ ရြက္ျခင္းျဖင့္ ကာကြယ္ႏိုင္သည္။

ဇီကာဗိုင္းရပ္စ္သည္ ကမၻာ ေပၚရွိ ႏုိင္ငံေပါင္း ၅၈ ႏုိင္ငံတြင္ ျဖစ္ပြားေနသည္ဟု အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ကာကြယ္ ေရးဌာန (CDC)က ထုတ္ျပန္ထား သည္။ ျမန္မာႏုိင္ငံအေနျဖင့္ လည္း လက္ရွိျဖစ္ပြားေနသည့္ ထုိင္း၊ စင္ကာပူႏွင့္ မေလးရွားႏုိင္ ငံမ်ားသုိ႔ ကူးသန္းသြားလာမႈ ေန႔ စဥ္ရွိေန၍ ေလဆိပ္အဝင္အထြက္ မ်ားတြင္ ေသခ်ာစြာ စစ္ေဆးသင့္ ၿပီး ေရာဂါရွိသူပါဝင္လွ်င္ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ႀကိဳတင္ သတ္မွတ္ထားေသာ ေဆး႐ံုမ်ား သို႔ လႊဲေျပာင္းေပးပို႔ရမည္ ျဖစ္ ေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီး ဌာနက ၫႊန္ၾကားထားသည္။

လက္ရွိတြင္ ေလဆိပ္ငါးခု၌ ပံုမွန္ စစ္ေဆးလ်က္ရွိေနၿပီး ေရဆိပ္ႏွင့္နယ္စပ္ဂိတ္မ်ားတြင္ စစ္ေဆးျခင္းရွိ၊ မရွိကုိမူ ျပန္စစ္ေဆးရ မည္ျဖစ္ေၾကာင္း ဒုတိယၫႊန္ခ်ဳပ္ ေဒါက္တာသန္းဝင္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 Day Daily

#Unicode Version

 ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသည့် သံသယလူနာတွေ့လျှင် လိုအပ်သည့်စုံစမ်း စစ်ဆေးမှုများပြုလုပ်သွားရန် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်တိုင်း ကျန်းမာရေး ဦးစီးဌာနများသို့ ညွှန်ကြားထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရောဂါကာ ကွယ်နှိမ်နင်းရေးနှင့် ရောဂါစောင့်ကြပ် ကြည့်ရှုရေးဌာန ဒုတိယညွှန်ချုပ် ဒေါက် တာသန်းဝင်းက ပြောသည်။

‘‘ဇီကာဗိုင်းရပ်စ် Infection ဖြစ်ရင်ဘယ်လိုလက္ခဏာတွေပေါ်မလဲ၊ လိုအပ် တဲ့စုံစမ်းစစ်ဆေးမှုတွေကို ဘယ်လိုလုပ်ရ မလဲ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို ပြဖို့ဆိုပြီး ခရိုင်၊ မြို့နယ်နဲ့ ပြည်နယ်၊ တိုင်း ကျန်းမာရေးဦးစီးဌာနအားလုံးကို ညွှန် ကြားပြီး အကြောင်းကြားထားပြီးဖြစ်ပါ တယ်။ အကယ်၍များ အဲဒါနဲ့ဆင်တူ တာတွေ့မယ်ဆိုရင် လိုအပ်တဲ့ စုံစမ်းစစ် ဆေးမှုတွေကို ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်’’ဟု ၎င်းကဆိုသည်။

ဇီကာရောဂါကုသမှု လမ်းညွှန်ချက်ရေးဆွဲခြင်း အခြေအနေနှင့်ပတ် သက်ပြီး ပြန်လည်စစ်ဆေးမည် ဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး  ဌာန(နေပြည်တော်)ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာသန်း ထွန်းအောင်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံနှင့် ကူးလူးဆက်ဆံနေသည့် စင်ကာပူနိုင်ငံ၌ ဇီကာဗိုင်းရပ်စ်ကူးစက် ခံရသူ ၁၁၅ ဦးအနက် ၅၇ ဦးသည် ပြည်ပနိုင်ငံများမှဖြစ်ပြီး မြန်မာနိုင် ငံသားတစ်ဦး ကူးစက်ခံထားရ ကြောင်း CNA သတင်းဌာနက စင်ကာပူကျန်းမာရေးဝန်ကြီးဌာန အား ကိုးကား၍ ဖော်ပြသည်။ ထို့ အပြင် ထိုင်းနှင့် မလေးရှားနိုင်ငံ များတွင်လည်း ဇီကာဗိုင်းရပ်စ်ကူး စက်ခံရမှုများရှိနေသည်။

‘‘ဇီကာဗိုင်းရပ်စ်ကူးစက်ခံရ မှုမရှိအောင် အဓိကအနေနဲ့ လေ ဆိပ်နဲ့ သငေ်္ဘာဆိပ်တွေကနေ လာတဲ့ ဧည့်သည်တွေကို အဖျား ရှိ၊ မရှိ သွေးဖောက်ပြီး စစ်ဆေး တာတွေ လုပ်နေတယ်။ လက်ရှိ အချိန်အထိတော့ သံသယရှိလူနာ မတွေ့ရသေးဘူး။ သံသယရှိ လူ နာတွေ့ရင် သွေးဖောက်ပြီး ဗဟို အမျိုးသားဓာတ်ခွဲဌာနကို ပေးပို့ စစ်ဆေးဖို့ ဆေးရုံကြီးတွေမှာ အ ထူးကုဆရာဝန်ကြီးတွေနဲ့ ဆရာ ဝန်ငယ်တွေကို တပ်လှန့်ထား တယ်။ ရောဂါစစ်ဆေးဖို့ ပစ္စည်း တွေ အဆင်သင့်ရှိတယ်’’ဟု ရန် ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာ ခင်နန်းလုံက ပြော သည်။

ဇီကာဗိုင်းရပ်စ်သည် အေး ဒီစ်ခြင်ကျားကိုက်ခံရခြင်းမှတစ် ဆင့် ကူးစက်ခံရခြင်းဖြစ်သည်။ ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ အရေပြားတွင် အနီရောင်အကွက် အစက်များထွက်ခြင်း၊ မျက်စိနာ ခြင်း၊ မျက်သားနီ၍ ရောင်ရမ်း ခြင်း၊ ကြွက်သားနှင့်အဆစ်အမြစ် များ ကိုက်ခဲခြင်းတို့ဖြစ်ပြီး ရောဂါ လက္ခဏာများကို နှစ်ရက်မှ ခုနစ် ရက်အထိ ခံစားရလေ့ရှိသည်။

ရောဂါပိုးရှိပြီး ကိုယ်ဝန် ဆောင်မိခင်မှ သန္ဓေသားကို ကူး စက်ကာ ဦးခေါင်းသေးငယ်သည့် ကလေးများမွေးဖွားနိုင်သည်။ မွေးကင်းစကလေးငယ်များတွင် ဦး နှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည် ဟု သုတေသနအချို့က ဆိုသည်။ လက်ရှိအချိန်ထိ ဇီကာဗိုင်းရပ်စ် ကို ကာကွယ်ရန်ဆေးမရှိသေးပေ။

ဇီကာဗိုင်းရပ်စ်ကို ကုသရန် ဆေးမရှိသေး၍ အကောင်းဆုံး ကာက ွယ်မှုမှာ မိမိအိမ်တွင် ခြင်မပေါက်ဖွားအောင် ခြင်ကျား၊ ပိုးလောက်လမ်းနှိမ်နင်းရေး ဆောင် ရွက်ရမည်ဖြစ်သည်။ ခြင်ကိုက်မခံ ရစေရန် ခြင်ဆေးလိမ်းခြင်း၊ အကျႌလက်ရှည်နှင့်ဘောင်းဘီရှည်များ ဝတ်ဆင်ခြင်း၊ နေအိမ်၌ ခြင်လုံ ဆန်ခါတပ်ဆင်ခြင်းများ ဆောင် ရွက်ခြင်းဖြင့် ကာကွယ်နိုင်သည်။

ဇီကာဗိုင်းရပ်စ်သည် ကမ္ဘာ ပေါ်ရှိ နိုင်ငံပေါင်း ၅၈ နိုင်ငံတွင် ဖြစ်ပွားနေသည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ် ရေးဌာန (CDC)က ထုတ်ပြန်ထား သည်။ မြန်မာနိုင်ငံအနေဖြင့် လည်း လက်ရှိဖြစ်ပွားနေသည့် ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင် ငံများသို့ ကူးသန်းသွားလာမှု နေ့ စဉ်ရှိနေ၍ လေဆိပ်အဝင်အထွက် များတွင် သေချာစွာ စစ်ဆေးသင့် ပြီး ရောဂါရှိသူပါဝင်လျှင် ရောဂါထိန်းချုပ်ရေးအတွက် ကြိုတင် သတ်မှတ်ထားသော ဆေးရုံများ သို့ လွှဲပြောင်းပေးပို့ရမည် ဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက ညွှန်ကြားထားသည်။

လက်ရှိတွင် လေဆိပ်ငါးခု၌ ပုံမှန် စစ်ဆေးလျက်ရှိနေပြီး ရေဆိပ်နှင့်နယ်စပ်ဂိတ်များတွင် စစ်ဆေးခြင်းရှိ၊ မရှိကိုမူ ပြန်စစ်ဆေးရ မည်ဖြစ်ကြောင်း ဒုတိယညွှန်ချုပ် ဒေါက်တာသန်းဝင်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top