Property Expo
×


ရန္ကုန္ၿမိိဳ႕၌ လိုင္စင္မဲ့ (Without) ကားဖမ္းဆီးရမိမႈ သည္ ယခုႏွစ္တြင္ ရွစ္လအတြင္း ၅၈ စီးရွိၿပီး ဇြန္လ၌ ဖမ္းဆီးရမိမႈ အမ်ားဆံုးျဖစ္ေၾကာင္း အမွတ္ (၂) ယာဥ္ထိန္းရဲ တပ္ဖြဲ႕ခြဲမွဴး႐ံုးမွ သတင္းရရွိသည္။

လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ မ်ားတြင္ ပိုင္ရွင္မဲ့ဖမ္းဆီးရမိမႈအ မ်ားဆံုးျဖစ္ၿပီး အဆုိပါယာဥ္မ်ား ကို ႏိုင္ငံပိုင္္သိမ္းဆည္းကာ ေလ လံပစ္မည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

‘‘လက္ရွိမွာ ရန္ကုန္လိုင္စင္ လည္း ေပးမထားေတာ့ လူေတြ က နံပါတ္ေတြပြားၿပီး စီးတာ။ ၀ွီး တက္အတုေတြလုပ္တယ္။ ယာဥ္ နံပါတ္ေပ်ာက္ဆံုးလုပ္ၿပီး မသမာ မႈေတြ လုပ္ေဆာင္တာေတြ လုပ္ လာၾကတယ္။လမ္းေဘးမွာအခ်ိန္ အၾကာႀကီးရပ္ထားလို႔ ျပည္သူက သတင္းေပးတိုင္ၾကားတာ၊ ည ဘက္ေရွာ့ပင္းစင္တာေတြမွာ ဖမ္း ဆီးရတာေတြမ်ားတယ္’’ဟု အ မွတ္ (၂) ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲ မွဴး႐ံုးမွ ဒုရဲမွဴးႀကီးေအာင္ကိုဦးက ေျပာသည္။


၂၀၁၆ ဇန္န၀ါရီမွ ၾသဂုတ္ အထိ ဖမ္းဆီးရမိေသာ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ ၅၈ စီးတြင္ ပိုင္ရွင္မဲ့ဖမ္းဆီးရမိမႈ ၅၆ စီးရွိၿပီး ဇြန္လတြင္ ၁၀ စီးျဖင့္ အမ်ားဆံုး ဖမ္းဆီးရမိခဲ့သည္ဟုဆိုသည္။ လင့္ခ႐ူဇာ၊ ပရာဒိုုကဲ့သို႔ ေမာ္ ဒယ္ျမင့္ တန္ဖိုးႀကီးကားမ်ားလည္း ပါ၀င္ေၾကာင္းသတင္းရရွိသည္။

ရန္ကုန္တိုင္းအတြင္းလိုင္ စင္မဲ့ ယာဥ္ဖမ္းဆီးမႈမ်ားကိုအရွိန္ ျမႇင့္လုပ္ေဆာင္မည္ျဖစ္ၿပီး ၿပီးခဲ့ သည့္ႏွစ္ထက္ ဖမ္းဆီးရမိမႈပိုမ်ားလာသည္ဟု ဆိုသည္။ ၂၀၁၅ တြင္ ရန္ကုန္တုိင္း၌ လိုင္စင္မဲ့ ယာဥ္ ၇၅ စီး ဖမ္းဆီးရမိခဲ့ ေၾကာင္း အမွတ္ (၂) ယာဥ္ထိန္း ရဲတပ္ဖြဲ႕မွဴး႐ံုးက ထုတ္ျပန္သည္။

၂၀၁၅ တြင္ အမွတ္ (၂) ယာဥ္ထိန္းတပ္ဖြဲ႕ခြဲမွဴး၏ အုပ္ ခ်ဳပ္မႈေအာက္၌ရွိေသာ ရန္ကုန္ တိုင္း၊ ဧရာ၀တီတိုင္း၊ တနသၤာရီ တိုင္းေဒသႀကီး၊ ကရင္၊မြန္ျပည္ နယ္ စေသာေဒသမ်ားမွ လိုင္စင္ မဲ့ယာဥ္ဖမ္းဆီးရမိမႈ ၂၄၀ စီးရွိ ေၾကာင္း သတင္းရရွိသည္။

လိုင္စင္မဲ့ယာဥ္ကို ပိုင္ရွင္ ႏွင့္အတူ ဖမ္းမိလွ်င္ သြင္းကုန္ ထုတ္ကုန္ဥပေဒပုဒ္မ ၈ အရ ေထာင္ဒဏ္ ၂ ႏွစ္၊ ဒဏ္ေငြက်ပ္ ႏွစ္သိန္းခ်မွတ္ႏိုင္ၿပီး လိုင္စင္မဲ့ ယာဥ္ကို ႏိုင္ငံပိုင္ သိမ္းဆည္း မည္ျဖစ္ေၾကာင္းအမွတ္(၂)ယာဥ္ ထိန္း တပ္ဖြဲ႕ခြဲမွဴး႐ံုးမွသတင္းရရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ရန်ကုန်မြို့၌ လိုင်စင်မဲ့ (Without) ကားဖမ်းဆီးရမိမှု သည် ယခုနှစ်တွင် ရှစ်လအတွင်း ၅၈ စီးရှိပြီး ဇွန်လ၌ ဖမ်းဆီးရမိမှု အများဆုံးဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။

လိုင်စင်မဲ့မော်တော်ယာဉ် များတွင် ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုအ များဆုံးဖြစ်ပြီး အဆိုပါယာဉ်များ ကို နိုင်ငံပိုင်သိမ်းဆည်းကာ လေ လံပစ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘လက်ရှိမှာ ရန်ကုန်လိုင်စင် လည်း ပေးမထားတော့ လူတွေ က နံပါတ်တွေပွားပြီး စီးတာ။ ဝှီး တက်အတုတွေလုပ်တယ်။ ယာဉ် နံပါတ်ပျောက်ဆုံးလုပ်ပြီး မသမာ မှုတွေ လုပ်ဆောင်တာတွေ လုပ် လာကြတယ်။လမ်းဘေးမှာအချိန် အကြာကြီးရပ်ထားလို့ ပြည်သူက သတင်းပေးတိုင်ကြားတာ၊ ည ဘက်ရှော့ပင်းစင်တာတွေမှာ ဖမ်း ဆီးရတာတွေများတယ်’’ဟု အ မှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံးမှ ဒုရဲမှူးကြီးအောင်ကိုဦးက ပြောသည်။


၂၀၁၆ ဇန်နဝါရီမှ သြဂုတ် အထိ ဖမ်းဆီးရမိသော လိုင်စင်မဲ့ မော်တော်ယာဉ် ၅၈ စီးတွင် ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှု ၅၆ စီးရှိပြီး ဇွန်လတွင် ၁၀ စီးဖြင့် အများဆုံး ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။ လင့်ခရူဇာ၊ ပရာဒိုုကဲ့သို့ မော် ဒယ်မြင့် တန်ဖိုးကြီးကားများလည်း ပါဝင်ကြောင်းသတင်းရရှိသည်။

ရန်ကုန်တိုင်းအတွင်းလိုင် စင်မဲ့ ယာဉ်ဖမ်းဆီးမှုများကိုအရှိန် မြှင့်လုပ်ဆောင်မည်ဖြစ်ပြီး ပြီးခဲ့ သည့်နှစ်ထက် ဖမ်းဆီးရမိမှုပိုများလာသည်ဟု ဆိုသည်။ ၂၀၁၅ တွင် ရန်ကုန်တိုင်း၌ လိုင်စင်မဲ့ ယာဉ် ၇၅ စီး ဖမ်းဆီးရမိခဲ့ ကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

၂၀၁၅ တွင် အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး၏ အုပ် ချုပ်မှုအောက်၌ရှိသော ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်၊မွန်ပြည် နယ် စသောဒေသများမှ လိုင်စင် မဲ့ယာဉ်ဖမ်းဆီးရမိမှု ၂၄၀ စီးရှိ ကြောင်း သတင်းရရှိသည်။

လိုင်စင်မဲ့ယာဉ်ကို ပိုင်ရှင် နှင့်အတူ ဖမ်းမိလျှင် သွင်းကုန် ထုတ်ကုန်ဥပဒေပုဒ်မ ၈ အရ ထောင်ဒဏ် ၂ နှစ်၊ ဒဏ်ငွေကျပ် နှစ်သိန်းချမှတ်နိုင်ပြီး လိုင်စင်မဲ့ ယာဉ်ကို နိုင်ငံပိုင် သိမ်းဆည်း မည်ဖြစ်ကြောင်းအမှတ်(၂)ယာဉ် ထိန်း တပ်ဖွဲ့ခွဲမှူးရုံးမှသတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top