Property Expo
×

မႏၲေလးၿမိဳ႕ ခ်မ္းျမသာ စည္ၿမိဳ႕နယ္ရွိ တရားမ၀င္ ငါးမန္း ေလာင္းကစားဂိမ္းဆိုင္ႏွင့္ ေခါင္ ရည္အမည္ခံၿပီး အရက္၊ ဘီယာ ေရာင္းခ်ေနသည့္ ဆိုင္ကို စက္တင္ဘာ ၇ရက္ႏွင့္ ၈ ရက္တြင္ ဖမ္း ဆီးခဲ့ေၾကာင္း သတင္းရရွိသည္။

ကံသာယာရပ္ကြက္မွ ေန အိမ္ရွိ ငါးမန္းေလာင္းကစားဂိမ္း ဆိုင္ထဲသို႔ ဓားကိုင္ေဆာင္သည့္ လူငယ္အခ်ဳိ႕ ၀င္ေရာက္ကာ ေငြရွင္းေကာင္တာမွ ေငြမ်ားယူေဆာင္သြားသည္ဟု စက္တင္ဘာ ၆ ရက္တြင္ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္တြင္ ပ်ံ႕ႏွံ႔လာသ ျဖင့္ လိုက္လံစံုစမ္းရာမွ     ဖမ္းဆီးရမိခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး႐ုံးမွ သိရသည္။

စက္တင္ဘာ ၈ ရက္က သြားေရာက္စစ္ေဆးရာ အမ်ဳိးသား သံုးဦးႏွင့္အတူ ငါးမန္းေလာင္း ကစားစက္ ေလးလံုးႏွင့္ ဆက္စပ္ ပစၥည္းမ်ားေတြ႕ရွိၿပီး ေလာင္း ေၾကးေငြ ႏွစ္သိန္းက်ပ္ႏွင့္ ဆိုင္ ကယ္ ခုနစ္စီးကို သိမ္းဆည္းခဲ့ ေၾကာင္း တိုင္းေဒသႀကီးရဲတပ္ဖြဲ႕ မွဴး႐ုံးမွတ္တမ္းအရ သိရသည္။

‘‘ေဖ့စ္ဘြတ္ခ္မွာ ပါလာေတာ့သတင္းအတည္ဟုတ္၊ မဟုတ္စံု စမ္းခဲ့တယ္။ ေဘးပတ္၀န္းက်င္ကိုစံုစမ္းလိုက္တဲ့အခါမွာ ငါးဂိမ္း လုပ္တာေသခ်ာေနတယ္ဆိုတာ သိရတဲ့အတြက္ သြားေရာက္ရွာေဖြဖမ္းဆီးခဲ့တာ။ ဆိုင္ထဲကို ၀င္ၿပီး ဓားေထာက္ေငြလုသြားတယ္ဆိုတာေတာ့ အခုထိတိုင္တန္းထားျခင္းမရွိေသးပါဘူး’’ဟု ေအာင္ပင္လယ္နယ္ေျမရဲတပ္ဖြဲ႕ စခန္းမွ စခန္းမွဴးက ေျပာသည္။

ပစၥည္းမ်ားႏွင့္အတူ ေတြ႕ရွိ ခဲ့သည့္ အမ်ဳိးသားသံုးဦးႏွင့္ ပစၥည္းပိုင္ရွင္အမ်ဳိးသားပါ ေလးဦးကို ေအာင္ပင္လယ္နယ္ေျမရဲတပ္ဖြဲ႕ စခန္းတြင္ ေလာင္းကစားပုဒ္မ ၁၃ (က)/၁၄ (က)အရ အမႈဖြင့္ထား သည္။

ထို႔အျပင္ ၅၈ လမ္းႏွင့္ မေနာ္ဟရီလမ္းေထာင့္အနီးတြင္ စက္ တင္ဘာ ၇ ရက္ ည ၁၀ နာရီက လူငယ္မ်ားဓားကိုင္ၿပီး ရန္ျဖစ္ ရာ အမ်ဳိးသားတစ္ဦးဒဏ္ရာရရွိ ခဲ့သည္။ ျဖစ္စဥ္ကို စံုစမ္းရာေခါင္ရည္ဆိုင္တြင္ အရက္ေသာက္စဥ္ စတင္ျဖစ္ပြားခဲ့ေၾကာင္း သိရ၍ သြားေရာက္စစ္ေဆးခဲ့ရာ တရားမ၀င္ဘီယာမ်ားေတြ႕ရွိသျဖင့္ ယစ္မ်ဳိးဥပေဒ ပုဒ္မ ၃၀ (က)ျဖင့္ အမႈဖြင့္ခဲ့ေၾကာင္း    တိုင္းေဒသႀကီးရဲတပ္ဖြဲမွဴး႐ုံးမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ်ရှိ တရားမဝင် ငါးမန်း လောင်းကစားဂိမ်းဆိုင်နှင့် ခေါင် ရည်အမည်ခံပြီး အရက်၊ ဘီယာ ရောင်းချနေသည့် ဆိုင်ကို စက်တင်ဘာ ၇ရက်နှင့် ၈ ရက်တွင် ဖမ်း ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ကံသာယာရပ်ကွက်မှ နေ အိမ်ရှိ ငါးမန်းလောင်းကစားဂိမ်း ဆိုင်ထဲသို့ ဓားကိုင်ဆောင်သည့် လူငယ်အချို့ ဝင်ရောက်ကာ ငွေရှင်းကောင်တာမှ ငွေများယူဆောင်သွားသည်ဟု စက်တင်ဘာ ၆ ရက်တွင် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့လာသ ဖြင့် လိုက်လံစုံစမ်းရာမှ     ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စက်တင်ဘာ ၈ ရက်က သွားရောက်စစ်ဆေးရာ အမျိုးသား သုံးဦးနှင့်အတူ ငါးမန်းလောင်း ကစားစက် လေးလုံးနှင့် ဆက်စပ် ပစ္စည်းများတွေ့ရှိပြီး လောင်း ကြေးငွေ နှစ်သိန်းကျပ်နှင့် ဆိုင် ကယ် ခုနစ်စီးကို သိမ်းဆည်းခဲ့ ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှတ်တမ်းအရ သိရသည်။

‘‘ဖေ့စ်ဘွတ်ခ်မှာ ပါလာတော့သတင်းအတည်ဟုတ်၊ မဟုတ်စုံ စမ်းခဲ့တယ်။ ဘေးပတ်ဝန်းကျင်ကိုစုံစမ်းလိုက်တဲ့အခါမှာ ငါးဂိမ်း လုပ်တာသေချာနေတယ်ဆိုတာ သိရတဲ့အတွက် သွားရောက်ရှာဖွေဖမ်းဆီးခဲ့တာ။ ဆိုင်ထဲကို ဝင်ပြီး ဓားထောက်ငွေလုသွားတယ်ဆိုတာတော့ အခုထိတိုင်တန်းထားခြင်းမရှိသေးပါဘူး’’ဟု အောင်ပင်လယ်နယ်မြေရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးက ပြောသည်။

ပစ္စည်းများနှင့်အတူ တွေ့ရှိ ခဲ့သည့် အမျိုးသားသုံးဦးနှင့် ပစ္စည်းပိုင်ရှင်အမျိုးသားပါ လေးဦးကို အောင်ပင်လယ်နယ်မြေရဲတပ်ဖွဲ့ စခန်းတွင် လောင်းကစားပုဒ်မ ၁၃ (က)/၁၄ (က)အရ အမှုဖွင့်ထား သည်။

ထို့အပြင် ၅၈ လမ်းနှင့် မနော်ဟရီလမ်းထောင့်အနီးတွင် စက် တင်ဘာ ၇ ရက် ည ၁၀ နာရီက လူငယ်များဓားကိုင်ပြီး ရန်ဖြစ် ရာ အမျိုးသားတစ်ဦးဒဏ်ရာရရှိ ခဲ့သည်။ ဖြစ်စဉ်ကို စုံစမ်းရာခေါင်ရည်ဆိုင်တွင် အရက်သောက်စဉ် စတင်ဖြစ်ပွားခဲ့ကြောင်း သိရ၍ သွားရောက်စစ်ဆေးခဲ့ရာ တရားမဝင်ဘီယာများတွေ့ရှိသဖြင့် ယစ်မျိုးဥပဒေ ပုဒ်မ ၃၀ (က)ဖြင့် အမှုဖွင့်ခဲ့ကြောင်း    တိုင်းဒေသကြီးရဲတပ်ဖွဲမှူးရုံးမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top