ျမန္မာႏိုင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္းဝယ္ငွား ဝဘ္ဆိုက္
×

လူတုိင္း သူ႔အသားေရနဲ႔သူ၊ သူ႔အရပ္အေမာင္းနဲ႔သူ ၾကည့္ေကာင္း ရႈေကာင္းရိွၾကပါတယ္။ မိတ္ေဆြသူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ သင့္ကို ဘာက ကြဲျပားေစလဲ စဥ္းစားဖူးပါသလား။ အရပ္အေမာင္းနဲ႔ ပတ္သက္ျပီး အေရးၾကီးေမးခြန္းေတြ ေျဖၾကားေပးပါမယ္။ ဒီေတာ့ သင္ အပုဆုံးလား၊ အရပ္အရွည္ဆုံးလား သုိ႔မဟုတ္ အလယ္အလတ္ ဝန္းက်င္မွာလားဆိုတာ သင့္အရပ္အေမာင္းကေန သင့္အေၾကာင္း ထူးျခားမႈတစ္စုံတစ္ရာ ေဖာ္ညြန္းေနပါတယ္။

အရပ္ ၅ေပ ၃ လက္မေအာက္ရိွတယ္ဆုိရင္

သင္ဟာ သူငယ္ခ်င္းအေပါင္းအသင္းထဲ အရပ္ပုသူတစ္ေယာက္ပါ။ ဒါေပမယ့္ အားႏြဲ႕သူဆုိတဲ့ အဓိပၸါယ္ မဟုတ္ပါဘူး။ ေသးညက္ေပမယ့္ ခြန္အားအျပည့္နဲ႔ပါ။ ကယက္ထ ၾသဇာလႊမ္းမုိးႏုိင္တဲ့ ပင္ကုိယ္အရည္အခ်င္း သင့္မွာရိွျပီး သင့္ဆီ လူေတြ ခ်ဥ္းကပ္ေရာက္လာၾကပါလိမ့္မယ္။ ကုိယ္လုံးကိုယ္ေပါက္ ေသးသြယ္က်စ္လ်စ္လွပသူ တစ္ေယာက္အေနနဲ႔ စိတ္ဝင္စားမႈ ခံခ်င္ၾကပါတယ္။ ဒါေပမယ့္ သူငယ္ခ်င္းဆီက အတုမခုိးမိေစဖုိ႔ ဂရုစုိက္ပါ။

အရပ္ ၅ေပ ၄လက္မ ကေန ၅ေပ ၆လက္မ ၾကား ရိွေနသူဆုိရင္

သင္ဟာ အလယ္အလတ္မွာ ရိွပါတယ္။ တခါတေလ အရပ္ရွည္သူငယ္ခ်င္းေတြရဲ႕ ေလာင္းရိပ္မိေနတယ္လုိ႔ အနည္းငယ္ခံစားတတ္ၾကပါတယ္။ ဒါေပမယ့္ သင့္အရပ္အေမာင္းက မပုလြန္း၊ မရွည္လြန္း အသင့္ေတာ္ဆုံးပါပဲ။ သင္ဟာ ေပ်ာ္ရႊင္မႈရေစသူ ျဖစ္ေလ့ရိွပါတယ္။ အေရးပါသူလည္းျဖစ္ျပီး သူငယ္ခ်င္း၊ မိသားစုေတြ အားကုိးစရာလုိတဲ့အခ်ိန္ သင့္ကို အျမဲအမွတ္ရေနၾကတာပါ။ သင့္ေပါင္းသင္းဆက္ဆံမႈနဲ႔ ခင္မင္မႈ သစၥာတည္ေၾကာင္း သူတို႔သိရိွၾကပါတယ္။

အရပ္ ၅ေပ ၇လက္မနဲ႔ အထက္ဆုိရင္

ေဒါင္ေကာင္းတဲ့သူဆုိတာေတာ့ အထူးေျပာစရာမလိုေတာ့ပါဘူး။ သင့္မွာ မိမိကိုယ္ကုိယ္ယုံၾကည္မႈ၊ ၾသဇာရိွျပီး ဘယ္လုိ ေျခလွမ္းလွမ္းမယ္ဆုိတာ နားလည္ သေဘာေပါက္ၾကပါတယ္။ တခါတရံ ျခိမ္းေျခာက္မႈ ျဖစ္ေပၚႏုိင္ေပမယ့္ မိမိသေဘာထားရပ္တည္ခ်က္ေတြ ေဖာ္ထုတ္ျပီး လူေတြရဲ႕ စိတ္ကုိ ကုိယ့္ဘက္ပါေအာင္ သိမ္းသြင္းႏုိင္သူ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

လူတိုင်း သူ့အသားရေနဲ့သူ၊ သူ့အရပ်အမောင်းနဲ့သူ ကြည့်ကောင်း ရှုကောင်းရှိကြပါတယ်။ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သင့်ကို ဘာက ကွဲပြားစေလဲ စဉ်းစားဖူးပါသလား။ အရပ်အမောင်းနဲ့ ပတ်သက်ပြီး အရေးကြီးမေးခွန်းတွေ ဖြေကြားပေးပါမယ်။ ဒီတော့ သင် အပုဆုံးလား၊ အရပ်အရှည်ဆုံးလား သို့မဟုတ် အလယ်အလတ် ဝန်းကျင်မှာလားဆိုတာ သင့်အရပ်အမောင်းကနေ သင့်အကြောင်း ထူးခြားမှုတစ်စုံတစ်ရာ ဖော်ညွန်းနေပါတယ်။

အရပ် ၅ပေ ၃ လက်မအောက်ရှိတယ်ဆိုရင်

သင်ဟာ သူငယ်ချင်းအပေါင်းအသင်းထဲ အရပ်ပုသူတစ်ယောက်ပါ။ ဒါပေမယ့် အားနွဲ့သူဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ သေးညက်ပေမယ့် ခွန်အားအပြည့်နဲ့ပါ။ ကယက်ထ သြဇာလွှမ်းမိုးနိုင်တဲ့ ပင်ကိုယ်အရည်အချင်း သင့်မှာရှိပြီး သင့်ဆီ လူတွေ ချဉ်းကပ်ရောက်လာကြပါလိမ့်မယ်။ ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ကျစ်လျစ်လှပသူ တစ်ယောက်အနေနဲ့ စိတ်ဝင်စားမှု ခံချင်ကြပါတယ်။ ဒါပေမယ့် သူငယ်ချင်းဆီက အတုမခိုးမိစေဖို့ ဂရုစိုက်ပါ။

အရပ် ၅ပေ ၄လက်မ ကနေ ၅ပေ ၆လက်မ ကြား ရှိနေသူဆိုရင်

သင်ဟာ အလယ်အလတ်မှာ ရှိပါတယ်။ တခါတလေ အရပ်ရှည်သူငယ်ချင်းတွေရဲ့ လောင်းရိပ်မိနေတယ်လို့ အနည်းငယ်ခံစားတတ်ကြပါတယ်။ ဒါပေမယ့် သင့်အရပ်အမောင်းက မပုလွန်း၊ မရှည်လွန်း အသင့်တော်ဆုံးပါပဲ။ သင်ဟာ ပျော်ရွှင်မှုရစေသူ ဖြစ်လေ့ရှိပါတယ်။ အရေးပါသူလည်းဖြစ်ပြီး သူငယ်ချင်း၊ မိသားစုတွေ အားကိုးစရာလိုတဲ့အချိန် သင့်ကို အမြဲအမှတ်ရနေကြတာပါ။ သင့်ပေါင်းသင်းဆက်ဆံမှုနဲ့ ခင်မင်မှု သစ္စာတည်ကြောင်း သူတို့သိရှိကြပါတယ်။

အရပ် ၅ပေ ၇လက်မနဲ့ အထက်ဆိုရင်

ဒေါင်ကောင်းတဲ့သူဆိုတာတော့ အထူးပြောစရာမလိုတော့ပါဘူး။ သင့်မှာ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ သြဇာရှိပြီး ဘယ်လို ခြေလှမ်းလှမ်းမယ်ဆိုတာ နားလည် သဘောပေါက်ကြပါတယ်။ တခါတရံ ခြိမ်းခြောက်မှု ဖြစ်ပေါ်နိုင်ပေမယ့် မိမိသဘောထားရပ်တည်ချက်တွေ ဖော်ထုတ်ပြီး လူတွေရဲ့ စိတ်ကို ကိုယ့်ဘက်ပါအောင် သိမ်းသွင်းနိုင်သူ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top