Kantharyar Centre
×

ရပ္ကြက္လံုၿခံဳေရးအတြက္ ညဘက္၌ ေစာင့္ၾကပ္ေနသည့္ ရပ္ကြက္တာဝန္ရိွသူႏွင့္ ရဲတပ္ဖြဲ႔ဝင္မ်ား၊ ဓာတ္ပံု−ေဂ်ေမာင္ေမာင္(အမရပူရ)

ရန္ကုန္တိုင္းရွိ ရပ္ ကြက္မ်ားအတြင္း ညလံုၿခံဳေရး  ခ်ထားေစာင့္ၾကည့္မႈ စီမံခ်က္တြင္ ရပ္ကြက္အခ်ိဳ႕၌ သက္ဆိုင္ရာက ခ်ထားေပးသည့္ ဘတ္ဂ်က္ေငြ မ လံုေလာက္သျဖင့္ ရပ္ေက်းအုပ္ ခ်ဳပ္ေရးမွဴး႐ံုးမ်ားက ေငြစိုက္ထုတ္ကုန္က်မႈမ်ားရွိေၾကာင္း သတင္းရရွိသည္။

ဒုစ႐ိုက္မႈ က်ဆင္းေရးႏွင့္ ရပ္ရြာလံုၿခံဳေရးအတြက္ ၿမိဳ႕နယ္ အလိုက္ စီမံခ်မွတ္ကာ ညလံုၿခံဳ ေရးေစာင့္ၾကပ္မႈကို ဇူလိုင္က စ တင္လုပ္ေဆာင္ေနၿပီး စီမံခ်က္ ၿပီးစီးသည့္ရပ္ကြက္မ်ားတြင္ ေငြ ေၾကးမလံုေလာက္၍ စိုက္ထုတ္မႈ မ်ား ျပဳလုပ္ထားၾကရျခင္းျဖစ္ သည္ဟု ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး အခ်ိဳ႕ကေျပာသည္။

‘‘ခ်ထားေပးတဲ့စာရင္းမွာ လို အပ္တဲ့ အေထာက္အကူျပဳပစၥည္းေတြ၀ယ္ဖို႔နဲ႔ ဧည့္ခံစရိတ္ဆိုၿပီးေတာ့ပဲပါတယ္။ ပစၥည္းေတြ ၀ယ္ဖို႔အတြက္က က်ပ္ေလးသိန္းသတ္မွတ္ေပးထားတယ္။ ဧည့္ခံစရိတ္က တစ္သိန္းသတ္မွတ္တယ္။ ၀ယ္တဲ့ပစၥည္းေတြကို ဓာတ္ပံု႐ိုက္မွတ္တမ္းတင္ၿပီး ၿမိဳ႕နယ္ကိုျပရတယ္။ ညလံုၿခံဳေရးေစာင့္ေပးတဲ့သူေတြကို ေပးရတဲ့ စရိတ္က်ေတာ့ေငြစာရင္းေခါင္းစဥ္မွာမပါလို႔မရဘူး။ အဲဒါကို ရပ္ကြက္႐ံုးေတြကပဲ စိုက္ထုတ္ေပးၾကရတယ္’’ဟု စမ္းေခ်ာင္းၿမိဳ႕နယ္ကြၽန္းေတာ(ေျမာက္)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးဦးေအာင္ျမင့္ကေျပာသည္။


 အဆိုပါလံုၿခံဳေရးစီမံခ်က္ အတြက္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရက ၿမိဳ႕နယ္တစ္ခုလွ်င္က်ပ္ သိန္းတစ္ရာ ဘတ္ဂ်က္ခ်ထား ေပးေၾကာင္း သတင္းရရွိသည္။ အစိုးရက ခ်ထားေပးသည့္ေငြမွာ သတ္မွတ္ထားသည့္ ပစၥည္းမ်ား ၀ယ္ယူ၍ပိုေနပါက ျပန္သြင္းရၿပီး အျခားကုန္က်စရိတ္မ်ားအတြက္ စိုက္ထုတ္သံုးစြဲခြင့္မရွိဟု  သိရ သည္။

 ည လံုၿခံဳေရးေစာင့္ၾကပ္ရာ တြင္ ပါ၀င္သည့္ရပ္ကြက္သား  မ်ားကို တစ္ညလွ်င္ က်ပ္ႏွစ္ ေထာင္ခန္႔ ေထာက္ပံ့ေပးရ၍ လူ မ်ားသေလာက္ စိုက္ထုတ္ေပးရ သည့္ ေငြပမာဏမ်ားတတ္သည္ ဟု အုပ္ခ်ဳပ္ေရးမွဴးအခ်ိဳ႕က ဆို သည္။

 ‘‘ကြၽန္ေတာ္တုိ႔စမ္းေခ်ာင္း က ႏွစ္လဆက္တိုက္စီမံခ်က္ထဲ ပါသြားတဲ့အတြက္ စိုက္ထုတ္ေပး ရတာ ပိုမ်ားတယ္။ ကြၽန္ေတာ့္ ရပ္ကြက္ကေတာ့ သံုးသိန္းေက်ာ္ စိုက္ထုတ္လိုက္ရတယ္။ လံုၿခံဳေရး အင္အားမ်ားတဲ့ ရပ္ကြက္ကေတာ့ ပိုမ်ားမွာေပါ့။ ကြၽန္ေတာ့္ရပ္ကြက္ က ေသးေတာ့ လံုၿခံဳေရးေစာင့္တဲ့ သူေလးဦးပဲရွိတယ္။ အဲဒါက ကိုယ့္အိတ္စိုက္ပဲ။ ရပ္ကြက္ထဲ အလွဴခံခြင့္မွမရွိတာ’’ဟု ဦး ေအာင္ျမင့္ကေျပာသည္။

သို႔ေသာ္ အခ်ိဳ႕ၿမိဳ႕နယ္မ်ား တြင္ ညလံုၿခံဳေရးအတြက္ လိုအပ္ သည့္ အေထာက္အကူျပဳပစၥည္း မ်ားကို ၿမိဳ႕နယ္က တိုက္႐ိုက္ခ် ထားေပးၿပီး လံုၿခံဳေရးေစာင့္သူမ်ား ညစာစားသံုးရန္သာ ရပ္ကြက္က စိုက္ထုတ္ေပးၾကရေၾကာင္း  သတင္းရရွိသည္။

‘‘ညဘက္လံုၿခံဳေရးေစာင့္တဲ့ သူေတြကို လက္ဖက္ရည္တိုက္ တယ္။ ညစာစားဖို႔ စီစဥ္ေပးတယ္။ တစ္ခါတေလက်ရင္ လက္ဖက္ ရည္ေလာက္နဲ႔ ၿပီးသြားတာေပါ့။ အဲဒီကုန္က်စရိတ္ေတြကိုိေတာ့ တခ်ိဳ႕ရပ္ကြက္ေတြက သူေဌးေတြ က စိုက္ထုတ္ေပးတယ္။ ကြၽန္ ေတာ့္ရပ္ကြက္မွာေတာ့ ရပ္ကြက္ ရန္ပံုေငြထဲက စိုက္ထုတ္သံုးစြဲရ တယ္’’ဟု မဂၤလာဒံုၿမိဳ႕နယ္(၃/ခ) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးနီ၀င္း ေအာင္ကေျပာသည္။

ထိုသို႔လံုၿခံဳေရးစီမံခ်က္အ တြက္ သံုးစြဲမည့္ဘတ္ဂ်က္ကို သက္ဆိုင္ရာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရး မွဴးမ်ားထံသို႔ခ်ထားေပးၿပီး ၎တို႔ က စီစဥ္ၾကပ္မတ္ေဆာင္ရြက္ေစ ျခင္းျဖစ္ေၾကာင္း ရန္ကုန္တိုင္း ေဒသႀကီး အစိုးရအဖြဲ႕႐ံုး တာ၀န္ ရွိသူတစ္ဦးကေျပာသည္။

ညလံုၿခံဳေရးေစာင့္ၾကပ္မႈကို ၿမိဳ႕နယ္အခ်ိဳ႕တြင္ ၾသဂုတ္လကုန္ က ရပ္ဆိုင္းခဲ့ေသာ္လည္း အခ်ိဳ႕ ၿမိဳ႕နယ္မ်ား၌ ဆက္လက္ေစာင့္ ၾကပ္ေစခဲ့ေၾကာင္း သတင္းရရွိသည္။

ၾသဂုတ္အတြင္းက ေလး ေလာင္းၿပိဳင္ လူသတ္မႈျဖစ္ပြား သည့္ မဂၤလာဒံုၿမိဳ႕နယ္တြင္ စက္ တင္ဘာအတြက္ လံုၿခံဳေရးဆက္ လက္ေစာင့္ၾကပ္ရန္ ၫႊန္ၾကားမႈ ျပဳလုပ္ထားေၾကာင္း ယင္းၿမိဳ႕နယ္ ရွိ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးအခ်ိဳ႕ ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရပ်ကွက်လုံခြုံရေးအတွက် ညဘက်၌ စောင့်ကြပ်နေသည့် ရပ်ကွက်တာဝန်ရှိသူနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ရန်ကုန်တိုင်းရှိ ရပ် ကွက်များအတွင်း ညလုံခြုံရေး  ချထားစောင့်ကြည့်မှု စီမံချက်တွင် ရပ်ကွက်အချို့၌ သက်ဆိုင်ရာက ချထားပေးသည့် ဘတ်ဂျက်ငွေ မ လုံလောက်သဖြင့် ရပ်ကျေးအုပ် ချုပ်ရေးမှူးရုံးများက ငွေစိုက်ထုတ်ကုန်ကျမှုများရှိကြောင်း သတင်းရရှိသည်။

ဒုစရိုက်မှု ကျဆင်းရေးနှင့် ရပ်ရွာလုံခြုံရေးအတွက် မြို့နယ် အလိုက် စီမံချမှတ်ကာ ညလုံခြုံ ရေးစောင့်ကြပ်မှုကို ဇူလိုင်က စ တင်လုပ်ဆောင်နေပြီး စီမံချက် ပြီးစီးသည့်ရပ်ကွက်များတွင် ငွေ ကြေးမလုံလောက်၍ စိုက်ထုတ်မှု များ ပြုလုပ်ထားကြရခြင်းဖြစ် သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး အချို့ကပြောသည်။

‘‘ချထားပေးတဲ့စာရင်းမှာ လို အပ်တဲ့ အထောက်အကူပြုပစ္စည်းတွေဝယ်ဖို့နဲ့ ဧည့်ခံစရိတ်ဆိုပြီးတော့ပဲပါတယ်။ ပစ္စည်းတွေ ဝယ်ဖို့အတွက်က ကျပ်လေးသိန်းသတ်မှတ်ပေးထားတယ်။ ဧည့်ခံစရိတ်က တစ်သိန်းသတ်မှတ်တယ်။ ဝယ်တဲ့ပစ္စည်းတွေကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ပြီး မြို့နယ်ကိုပြရတယ်။ ညလုံခြုံရေးစောင့်ပေးတဲ့သူတွေကို ပေးရတဲ့ စရိတ်ကျတော့ငွေစာရင်းခေါင်းစဉ်မှာမပါလို့မရဘူး။ အဲဒါကို ရပ်ကွက်ရုံးတွေကပဲ စိုက်ထုတ်ပေးကြရတယ်’’ဟု စမ်းချောင်းမြို့နယ်ကျွန်းတော(မြောက်)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်မြင့်ကပြောသည်။


 အဆိုပါလုံခြုံရေးစီမံချက် အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရက မြို့နယ်တစ်ခုလျှင်ကျပ် သိန်းတစ်ရာ ဘတ်ဂျက်ချထား ပေးကြောင်း သတင်းရရှိသည်။ အစိုးရက ချထားပေးသည့်ငွေမှာ သတ်မှတ်ထားသည့် ပစ္စည်းများ ဝယ်ယူ၍ပိုနေပါက ပြန်သွင်းရပြီး အခြားကုန်ကျစရိတ်များအတွက် စိုက်ထုတ်သုံးစွဲခွင့်မရှိဟု  သိရ သည်။

 ည လုံခြုံရေးစောင့်ကြပ်ရာ တွင် ပါဝင်သည့်ရပ်ကွက်သား  များကို တစ်ညလျှင် ကျပ်နှစ် ထောင်ခန့် ထောက်ပံ့ပေးရ၍ လူ များသလောက် စိုက်ထုတ်ပေးရ သည့် ငွေပမာဏများတတ်သည် ဟု အုပ်ချုပ်ရေးမှူးအချို့က ဆို သည်။

 ‘‘ကျွန်တော်တို့စမ်းချောင်း က နှစ်လဆက်တိုက်စီမံချက်ထဲ ပါသွားတဲ့အတွက် စိုက်ထုတ်ပေး ရတာ ပိုများတယ်။ ကျွန်တော့် ရပ်ကွက်ကတော့ သုံးသိန်းကျော် စိုက်ထုတ်လိုက်ရတယ်။ လုံခြုံရေး အင်အားများတဲ့ ရပ်ကွက်ကတော့ ပိုများမှာပေါ့။ ကျွန်တော့်ရပ်ကွက် က သေးတော့ လုံခြုံရေးစောင့်တဲ့ သူလေးဦးပဲရှိတယ်။ အဲဒါက ကိုယ့်အိတ်စိုက်ပဲ။ ရပ်ကွက်ထဲ အလှူခံခွင့်မှမရှိတာ’’ဟု ဦး အောင်မြင့်ကပြောသည်။

သို့သော် အချို့မြို့နယ်များ တွင် ညလုံခြုံရေးအတွက် လိုအပ် သည့် အထောက်အကူပြုပစ္စည်း များကို မြို့နယ်က တိုက်ရိုက်ချ ထားပေးပြီး လုံခြုံရေးစောင့်သူများ ညစာစားသုံးရန်သာ ရပ်ကွက်က စိုက်ထုတ်ပေးကြရကြောင်း  သတင်းရရှိသည်။

‘‘ညဘက်လုံခြုံရေးစောင့်တဲ့ သူတွေကို လက်ဖက်ရည်တိုက် တယ်။ ညစာစားဖို့ စီစဉ်ပေးတယ်။ တစ်ခါတလေကျရင် လက်ဖက် ရည်လောက်နဲ့ ပြီးသွားတာပေါ့။ အဲဒီကုန်ကျစရိတ်တွေကိုတော့ တချို့ရပ်ကွက်တွေက သူဌေးတွေ က စိုက်ထုတ်ပေးတယ်။ ကျွန် တော့်ရပ်ကွက်မှာတော့ ရပ်ကွက် ရန်ပုံငွေထဲက စိုက်ထုတ်သုံးစွဲရ တယ်’’ဟု မင်္ဂလာဒုံမြို့နယ်(၃/ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနီဝင်း အောင်ကပြောသည်။

ထိုသို့လုံခြုံရေးစီမံချက်အ တွက် သုံးစွဲမည့်ဘတ်ဂျက်ကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေး မှူးများထံသို့ချထားပေးပြီး ၎င်းတို့ က စီစဉ်ကြပ်မတ်ဆောင်ရွက်စေ ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး တာဝန် ရှိသူတစ်ဦးကပြောသည်။

ညလုံခြုံရေးစောင့်ကြပ်မှုကို မြို့နယ်အချို့တွင် သြဂုတ်လကုန် က ရပ်ဆိုင်းခဲ့သော်လည်း အချို့ မြို့နယ်များ၌ ဆက်လက်စောင့် ကြပ်စေခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်အတွင်းက လေး လောင်းပြိုင် လူသတ်မှုဖြစ်ပွား သည့် မင်္ဂလာဒုံမြို့နယ်တွင် စက် တင်ဘာအတွက် လုံခြုံရေးဆက် လက်စောင့်ကြပ်ရန် ညွှန်ကြားမှု ပြုလုပ်ထားကြောင်း ယင်းမြို့နယ် ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ ကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top