Property Expo
×

ခ်စ္သူႏွစ္ဦးၾကား ပိုမုိခိုင္ၿမဲတဲ့ သံေယာဇဥ္ႀကိဳးကို ခ်ည္ေႏွာင္ထားႏိုင္ဖုိ႔ သိထားသင့္တဲ့ အခ်က္ကေလးေတြ ရွိပါတယ္။ ဒီအခ်က္ကေလးေတြအတုိင္း လုပ္ေဆာင္သြားႏိုင္မယ္ဆုိရင္ ႏွစ္ဦးသားၾကားမွာ လွပတဲ့အနာဂတ္တစ္ခုကို ဖန္တီးႏိုင္ပါလိမ့္မယ္။

    သင့္ခ်စ္သူေျပာတဲ့စကားကို ဂရုတစိုက္နားေထာင္ေပးပါ။
    အနစ္နာခံတတ္ျပီး ပြင့္လင္းတဲ့စိတ္ထားရိွေၾကာင္း သူသိေအာင္ ၾကိဳးစားပါ။ ရိုင္းစိုင္းတဲ့ စကားလုံးေတြနဲ႔ အဆိုးျမင္စိတ္ေတြကို ေရွာင္ပါ။ အမ်ားအားျဖင့္ ႏွစ္ေယာက္စလုံး စိတ္မေကာင္းျဖစ္ေစႏိုင္တဲ့ ဘယ္အရာကိုမဆို သင္ေရွာင္သင့္ပါတယ္။

    သင့္ခ်စ္သူဆီကေန ရယူသလိုပဲ သင္ျပန္ေပးဆပ္ဖို႔ အသင့္ရိွပါ။ အေပးအယူဆိုျပီး ေျပာၾကတဲ့ စိန္ေခၚတဲ့ စိတ္ထားမ်ဳိးနဲ႔ မတူပါဘူး။ တူညီတဲ့ အခ်ဳိးအဆနဲ႔ ပတ္သတ္မႈကို ခိုင္ျမဲေအာင္ ၾကိဳးစားသင့္ပါတယ္။

    ႏွစ္ဦးႏွစ္ဖက္မိဘေတြကိုလည္း သင္တို႔လိုပဲ အဆင္ေျပႏိုင္ေအာင္ ၾကိဳးစားေပးရမွာျဖစ္ပါတယ္။ ခ်စ္သူႏွစ္ဦးေရွ႕ဆက္ရမယ့္ဘဝအတြက္ အေရးၾကီးတဲ့အခ်က္ျဖစ္ပါတယ္။
    အေျခအေနေပၚမမူတည္တဲ့ ခ်စ္ျခင္းေတြနဲ႔ခ်စ္ႏိုင္ဖို႔ၾကိဳးစားပါ။ သူ႔ဆီကေန တစ္ခုခု ေမွ်ာ္လင့္တယ္ဆိုတာက သင္သူ႔ကိုတစ္ခုခုေပးဆပ္ရမယ္ဆိုတဲ့ အဓိပၸာယ္နဲ႔အတူတူပဲ ျဖစ္သင့္ပါတယ္။

    သင့္ရဲ႕ေန႔စဥ္ဘဝမွာပဲ ခံစားခ်က္ေတြသိပ္ျပင္းျပင္းထန္ထန္ ရိွမေနသင့္ပါဘူး (အထူးသျဖင့္ ေယာက်ၤားေတြအတြက္)။ သင္ဟာ ခြန္အားရိွတယ္၊ ကိုယ့္ကိုယ္ကိုယုံၾကည္စိတ္ခ်ထားတယ္၊ လုပ္သင့္လုပ္ထိုက္တာကိုယ္တိုင္သိေနတယ္၊ သူမအေနနဲ႔သင့္အေပၚမီွခိုအားထားႏိုင္ေလာက္တဲ့ အင္အားေတြ သင့္မွာအခိုင္အမာရိွေၾကာင္း သက္ေသျပႏိုင္ဖို႔ အေရးၾကီးပါတယ္။

    ခ်စ္သူႏွစ္ဦးၾကားမွာ ၾကင္နာမႈ၊ နားလည္မႈ၊ ယုံၾကည္မႈနဲ႔ အခ်င္းခ်င္းလက္ခံႏိုင္မႈေတြဟာ အဓိကေသာ့ခ်က္ေတြပဲ ျဖစ္ပါတယ္။ သင္တစ္ေယာက္တည္းကပဲ ခ်စ္သူႏွစ္ဦးၾကား အျမတ္ေတြကိုပဲ ေရြးခ်ယ္ျပီးလိုခ်င္တယ္ဆိုရင္ေတာ့ အခ်င္းခ်င္းနားလည္မႈကို သင္ဖယ္ရွားႏိုင္ပါတယ္။
    ဘယ္လိုပတ္သတ္မႈမ်ဳိးမွာမဆို အေကာင္းဆုံးနဲ႔အားထားရဆုံးသူငယ္ခ်င္းျဖစ္ဖို႔လည္း လိုအပ္ပါတယ္။
    သင့္ကိုရိုင္းရိုင္းစိုင္းစိုင္းဆက္ဆံဖို႔ ဘယ္သူ႔ကိုမွ ခြင့္မျပဳသင့္ပါဘူး။ ေလးစားထိုက္သူျဖစ္ေအာင္ သင္ကိုယ္တိုင္ ၾကိဳးစားပါ။

    ခ်စ္သူႏွစ္ဦးပတ္သတ္မႈမွာ ကိုယ္ဘယ္ေလာက္ခ်စ္ေၾကာင္း ျပျပီး သူ႔ကိုခ်ီးမြမ္းမႈ ျပဳလုပ္ျခင္းေတြဟာ လုံေလာက္ျပီဆိုတာမရိွပါဘူး။ ဆက္ျပီးလုပ္ရမွာျဖစ္ပါတယ္။ ဒါခက္ခဲတဲ့အလုပ္မဟုတ္ပါဘူး။ သင္လုပ္ႏိုင္တဲ့အရာေတြကေတာ့ ပန္းစည္းေပးတာပဲျဖစ္ျဖစ္ အခ်ိန္အလိုက္ လက္ေဆာင္ပစၥည္းေလးေတြျဖစ္ျဖစ္ ေပးႏိုင္ပါတယ္။

    ဘယ္သူ႔အေပၚမွာမွ မမူတည္ပဲ ဆုံးျဖတ္ခ်က္တစ္ခုခုကို ကိုယ္တိုင္ခ်မွတ္ဖို႔ ၾကိဳးစားပါ။
    ျပႆနာတစ္ခုခုျဖစ္တယ္ဆိုရင္ သင့္ခ်စ္သူဘက္ကေနလည္း ျမင္ေယာင္ၾကည့္ေပးပါ။ သင္အေနနဲ႔ေရာ လက္ခံႏိုင္လား ဆိုတဲ့အထိေရာက္ေအာင္ စဥ္းစားေပးပါ။

    သင့္ခ်စ္သူ ေနထိုင္ရာရပ္ကြက္၊ အလုပ္၊ ပတ္ဝန္းက်င္ေတြကို ေလးစားပါ။ သင့္ခ်စ္သူကို ကိုယ္ပိုင္ပစၥည္းတစ္ခုလို သတ္မွတ္ျပီး ဆက္ဆံ၊ အမိန္႔ေပး၊ အေနအထိုင္ လိုအပ္တာထက္ ပိုျပီး တင္းၾကပ္တာမ်ဳိးေတြကို ေရွာင္ၾကဥ္သင့္ပါတယ္။ သူ႔ရဲ႕ပင္ကိုယ္စရိုက္ကို သင္အရင္ဆုံးလက္ခံႏိုင္မွ သင့္အခ်စ္ဟာ အခ်စ္စစ္ဆိုတာကိုလည္း သေဘာေပါက္ နားလည္ေစခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ချစ်သူနှစ်ဦးကြား ပိုမိုခိုင်မြဲတဲ့ သံယောဇဉ်ကြိုးကို ချည်နှောင်ထားနိုင်ဖို့ သိထားသင့်တဲ့ အချက်ကလေးတွေ ရှိပါတယ်။ ဒီအချက်ကလေးတွေအတိုင်း လုပ်ဆောင်သွားနိုင်မယ်ဆိုရင် နှစ်ဦးသားကြားမှာ လှပတဲ့အနာဂတ်တစ်ခုကို ဖန်တီးနိုင်ပါလိမ့်မယ်။

    သင့်ချစ်သူပြောတဲ့စကားကို ဂရုတစိုက်နားထောင်ပေးပါ။
    အနစ်နာခံတတ်ပြီး ပွင့်လင်းတဲ့စိတ်ထားရှိကြောင်း သူသိအောင် ကြိုးစားပါ။ ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ အဆိုးမြင်စိတ်တွေကို ရှောင်ပါ။ အများအားဖြင့် နှစ်ယောက်စလုံး စိတ်မကောင်းဖြစ်စေနိုင်တဲ့ ဘယ်အရာကိုမဆို သင်ရှောင်သင့်ပါတယ်။


    သင့်ချစ်သူဆီကနေ ရယူသလိုပဲ သင်ပြန်ပေးဆပ်ဖို့ အသင့်ရှိပါ။ အပေးအယူဆိုပြီး ပြောကြတဲ့ စိန်ခေါ်တဲ့ စိတ်ထားမျိုးနဲ့ မတူပါဘူး။ တူညီတဲ့ အချိုးအဆနဲ့ ပတ်သတ်မှုကို ခိုင်မြဲအောင် ကြိုးစားသင့်ပါတယ်။


    နှစ်ဦးနှစ်ဖက်မိဘတွေကိုလည်း သင်တို့လိုပဲ အဆင်ပြေနိုင်အောင် ကြိုးစားပေးရမှာဖြစ်ပါတယ်။ ချစ်သူနှစ်ဦးရှေ့ဆက်ရမယ့်ဘဝအတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
    အခြေအနေပေါ်မမူတည်တဲ့ ချစ်ခြင်းတွေနဲ့ချစ်နိုင်ဖို့ကြိုးစားပါ။ သူ့ဆီကနေ တစ်ခုခု မျှော်လင့်တယ်ဆိုတာက သင်သူ့ကိုတစ်ခုခုပေးဆပ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့အတူတူပဲ ဖြစ်သင့်ပါတယ်။


    သင့်ရဲ့နေ့စဉ်ဘဝမှာပဲ ခံစားချက်တွေသိပ်ပြင်းပြင်းထန်ထန် ရှိမနေသင့်ပါဘူး (အထူးသဖြင့် ယောကျၤားတွေအတွက်)။ သင်ဟာ ခွန်အားရှိတယ်၊ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချထားတယ်၊ လုပ်သင့်လုပ်ထိုက်တာကိုယ်တိုင်သိနေတယ်၊ သူမအနေနဲ့သင့်အပေါ်မှီခိုအားထားနိုင်လောက်တဲ့ အင်အားတွေ သင့်မှာအခိုင်အမာရှိကြောင်း သက်သေပြနိုင်ဖို့ အရေးကြီးပါတယ်။


    ချစ်သူနှစ်ဦးကြားမှာ ကြင်နာမှု၊ နားလည်မှု၊ ယုံကြည်မှုနဲ့ အချင်းချင်းလက်ခံနိုင်မှုတွေဟာ အဓိကသော့ချက်တွေပဲ ဖြစ်ပါတယ်။ သင်တစ်ယောက်တည်းကပဲ ချစ်သူနှစ်ဦးကြား အမြတ်တွေကိုပဲ ရွေးချယ်ပြီးလိုချင်တယ်ဆိုရင်တော့ အချင်းချင်းနားလည်မှုကို သင်ဖယ်ရှားနိုင်ပါတယ်။
    ဘယ်လိုပတ်သတ်မှုမျိုးမှာမဆို အကောင်းဆုံးနဲ့အားထားရဆုံးသူငယ်ချင်းဖြစ်ဖို့လည်း လိုအပ်ပါတယ်။
    သင့်ကိုရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုသင့်ပါဘူး။ လေးစားထိုက်သူဖြစ်အောင် သင်ကိုယ်တိုင် ကြိုးစားပါ။


    ချစ်သူနှစ်ဦးပတ်သတ်မှုမှာ ကိုယ်ဘယ်လောက်ချစ်ကြောင်း ပြပြီး သူ့ကိုချီးမွမ်းမှု ပြုလုပ်ခြင်းတွေဟာ လုံလောက်ပြီဆိုတာမရှိပါဘူး။ ဆက်ပြီးလုပ်ရမှာဖြစ်ပါတယ်။ ဒါခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး။ သင်လုပ်နိုင်တဲ့အရာတွေကတော့ ပန်းစည်းပေးတာပဲဖြစ်ဖြစ် အချိန်အလိုက် လက်ဆောင်ပစ္စည်းလေးတွေဖြစ်ဖြစ် ပေးနိုင်ပါတယ်။


    ဘယ်သူ့အပေါ်မှာမှ မမူတည်ပဲ ဆုံးဖြတ်ချက်တစ်ခုခုကို ကိုယ်တိုင်ချမှတ်ဖို့ ကြိုးစားပါ။
    ပြဿနာတစ်ခုခုဖြစ်တယ်ဆိုရင် သင့်ချစ်သူဘက်ကနေလည်း မြင်ယောင်ကြည့်ပေးပါ။ သင်အနေနဲ့ရော လက်ခံနိုင်လား ဆိုတဲ့အထိရောက်အောင် စဉ်းစားပေးပါ။


    သင့်ချစ်သူ နေထိုင်ရာရပ်ကွက်၊ အလုပ်၊ ပတ်ဝန်းကျင်တွေကို လေးစားပါ။ သင့်ချစ်သူကို ကိုယ်ပိုင်ပစ္စည်းတစ်ခုလို သတ်မှတ်ပြီး ဆက်ဆံ၊ အမိန့်ပေး၊ အနေအထိုင် လိုအပ်တာထက် ပိုပြီး တင်းကြပ်တာမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ သူ့ရဲ့ပင်ကိုယ်စရိုက်ကို သင်အရင်ဆုံးလက်ခံနိုင်မှ သင့်အချစ်ဟာ အချစ်စစ်ဆိုတာကိုလည်း သဘောပေါက် နားလည်စေချင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top