Property Expo
×

သင့္ရဲ႕ ဖလန္နယ္ ညအိပ္၀တ္စံုကို ခဏ ပစ္ထားလိုက္ပါ။ အ၀တ္မပါပဲ အိပ္စက္ျခင္းဟာ သင့္က်န္းမာေရးအတြက္ ပိုၿပီးေကာင္းမြန္ေစႏိုင္တယ္လို႔ ဆရာ၀န္ တစ္ေယာက္က ဆိုလာခဲ့ပါၿပီ။

အမွန္တကယ္ေတာ့ အေမရိကန္ အမ်ိဳးသား အိပ္စက္ျခင္း ေဖာင္ေဒးရွင္းရဲ႕ အျပည္ျပည္ဆိုင္ရာ ေလ့လာမႈ တစ္ခုအရ အရြယ္ေရာက္ၿပီးသူ ၃ ေယာက္မွာ ၁ ေယာက္ဟာ အ၀တ္မပါပဲ ကိုယ္လံုးတီး(nude) အိပ္စက္ၾကပါတယ္။

Guernesy ကၽြန္းစြယ္မွာေနထိုင္တဲ့ ေဒါက္တာ Sarah Brewer ဆိုသူက အ၀တ္မပါပဲ အိပ္စက္ျခင္းရဲ႕ ေကာင္းက်ိဳးေတြကို ေတြ႕ရွိခဲ့ပါၿပီ။

"အ၀တ္မပါပဲ အိပ္စက္ျခင္းဟာ သင့္ခႏၶာကိုယ္ အပူခ်ိန္ကို ပံုမွန္လည္ပတ္ေစပါတယ္။ သင့္ကို ေကာင္းမြန္စြာ အိပ္စက္ႏိုင္ေအာင္လည္း ကူညီေပးမွာပါ" လို႔ သူမကဆိုပါတယ္။

ခႏၶာကိုယ္ရဲ႕ အပူခ်ိန္ေတြ ေလ်ာ့က်သြားခ်ိန္မွာေတာ့ လူေတြဟာ လ်င္ျမန္စြာ အိပ္ေပ်ာ္သြားႏိုင္ၿပီး ပိုၿပီးေကာင္းမြန္တဲ့ အိပ္စက္ျခင္းကို ရရွိႏိုင္ပါတယ္။ ညအိပ္၀တ္စံု ျဖစ္ ၊ သာမန္ အ၀တ္အစားျဖစ္ေစ ညအိပ္ခ်ိန္ေတြမွာ ၀တ္ဆင္ျခင္းဟာ ခႏၶာကိုယ္ ရဲ႕ အပူခ်ိန္ကို ပိုမို ပူလာေစၿပီး အေရျပားနဲ႔ ဆိုင္တဲ့ ကူးစက္ေရာဂါ ေတြျဖစ္ပြားဖို႔လည္း လမ္းစ မ်ားေနပါတယ္။

အ၀တ္မပါပဲ အိပ္စက္တဲ့ အမ်ိဳးသမီးေတြဟာ အေရျပားနဲ႔ ဆိုင္တဲ့ ေရာဂါေတြ ျဖစ္ပြားေလ့ မရွိၾကပါဘူး။ အမ်ိဳးသားေတြ အတြက္လည္း အ၀တ္မပါပဲ အိပ္စက္ျခင္းဟာ မ်ိဳးပြားျခင္းဆိုင္ရာ ေဟာ္မုန္းေတြ ကို သာမန္ ပမာဏ ရဖို႔အတြက္ ကူညီေပးပါတယ္။ အရမ္းပူတဲ့ ေနရာ ေတြမွာ အိပ္စက္ျခင္းဟာ မ်ိဳးပြားျခင္းဆိုင္ရာ ေဟာ္မုန္းထုတ္လုပ္မႈႏႈန္းေတြကို ေလ်ာ့က်သြားေစႏိုင္ပါတယ္။

ဒါေၾကာင့္ သင္ အိပ္စက္တဲ့ အိပ္ရာ၀န္းက်င္ကို ေျခာက္ေသြ႕ ၊သန္းရွင္းေစၿပီး ေအးျမတဲ့ ေလ ေတြရွိတဲ့ ေနရာမ်ိဳးမွာဆိုရင္ အ၀တ္မပါပဲ အိပ္စက္ျခင္းဟာ အေရျပားနဲ႔ဆိုင္တဲ့ ကူးစက္ေရာဂါ ျဖစ္ပြားမႈ ကိုလည္း ေလ်ာ့က်ေစၿပီး ေကာင္းမြန္စြာ အိပ္ေပ်ာ္သြားေစႏိုင္မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

သင့်ရဲ့ ဖလန်နယ် ညအိပ်ဝတ်စုံကို ခဏ ပစ်ထားလိုက်ပါ။ အဝတ်မပါပဲ အိပ်စက်ခြင်းဟာ သင့်ကျန်းမာရေးအတွက် ပိုပြီးကောင်းမွန်စေနိုင်တယ်လို့ ဆရာဝန် တစ်ယောက်က ဆိုလာခဲ့ပါပြီ။

အမှန်တကယ်တော့ အမေရိကန် အမျိုးသား အိပ်စက်ခြင်း ဖောင်ဒေးရှင်းရဲ့ အပြည်ပြည်ဆိုင်ရာ လေ့လာမှု တစ်ခုအရ အရွယ်ရောက်ပြီးသူ ၃ ယောက်မှာ ၁ ယောက်ဟာ အဝတ်မပါပဲ ကိုယ်လုံးတီး(nude) အိပ်စက်ကြပါတယ်။

Guernesy ကျွန်းစွယ်မှာနေထိုင်တဲ့ ဒေါက်တာ Sarah Brewer ဆိုသူက အဝတ်မပါပဲ အိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေကို တွေ့ရှိခဲ့ပါပြီ။

"အဝတ်မပါပဲ အိပ်စက်ခြင်းဟာ သင့်ခန္ဓာကိုယ် အပူချိန်ကို ပုံမှန်လည်ပတ်စေပါတယ်။ သင့်ကို ကောင်းမွန်စွာ အိပ်စက်နိုင်အောင်လည်း ကူညီပေးမှာပါ" လို့ သူမကဆိုပါတယ်။

ခန္ဓာကိုယ်ရဲ့ အပူချိန်တွေ လျော့ကျသွားချိန်မှာတော့ လူတွေဟာ လျင်မြန်စွာ အိပ်ပျော်သွားနိုင်ပြီး ပိုပြီးကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိနိုင်ပါတယ်။ ညအိပ်ဝတ်စုံ ဖြစ် ၊ သာမန် အဝတ်အစားဖြစ်စေ ညအိပ်ချိန်တွေမှာ ဝတ်ဆင်ခြင်းဟာ ခန္ဓာကိုယ် ရဲ့ အပူချိန်ကို ပိုမို ပူလာစေပြီး အရေပြားနဲ့ ဆိုင်တဲ့ ကူးစက်ရောဂါ တွေဖြစ်ပွားဖို့လည်း လမ်းစ များနေပါတယ်။

အဝတ်မပါပဲ အိပ်စက်တဲ့ အမျိုးသမီးတွေဟာ အရေပြားနဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားလေ့ မရှိကြပါဘူး။ အမျိုးသားတွေ အတွက်လည်း အဝတ်မပါပဲ အိပ်စက်ခြင်းဟာ မျိုးပွားခြင်းဆိုင်ရာ ဟော်မုန်းတွေ ကို သာမန် ပမာဏ ရဖို့အတွက် ကူညီပေးပါတယ်။ အရမ်းပူတဲ့ နေရာ တွေမှာ အိပ်စက်ခြင်းဟာ မျိုးပွားခြင်းဆိုင်ရာ ဟော်မုန်းထုတ်လုပ်မှုနှုန်းတွေကို လျော့ကျသွားစေနိုင်ပါတယ်။

ဒါကြောင့် သင် အိပ်စက်တဲ့ အိပ်ရာဝန်းကျင်ကို ခြောက်သွေ့ ၊သန်းရှင်းစေပြီး အေးမြတဲ့ လေ တွေရှိတဲ့ နေရာမျိုးမှာဆိုရင် အဝတ်မပါပဲ အိပ်စက်ခြင်းဟာ အရေပြားနဲ့ဆိုင်တဲ့ ကူးစက်ရောဂါ ဖြစ်ပွားမှု ကိုလည်း လျော့ကျစေပြီး ကောင်းမွန်စွာ အိပ်ပျော်သွားစေနိုင်မှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top