Kantharyar Centre
×

 ေခ်ာက္ၿမိဳ႕အနီး ဗဟိုျပဳ၍ ၾသဂုတ္ ၂၄ ရက္ ညေနက လႈပ္ ေသာ အင္အားျပင္း ငလ်င္သည္ ၂၀၁၂ ေနာက္ပုိင္း ျမန္မာႏုိင္ငံ ေဒသတြင္း အဆိုးရြားဆံုးငလ်င္ ေဘးျဖစ္ခဲ့သည္။ ၂၀၁၂ ႏုိ၀င္ဘာ က သပိတ္က်င္းၿမိဳ႕အနီး ဗဟိုျပဳ၍ စစ္ကုိင္းျပတ္ေရြ႕လႈပ္ရွားျခင္းျဖစ္ သည္။ ေခ်ာက္ၿမိဳ႕အနီး ဗဟိုျပဳ လႈပ္သြားေသာ ျပင္းအားရစ္ခ်္တာ စေကး ၆ ဒသမ ၈ အဆင့္ရွိ ငလ်င္ ေၾကာင့္ ပုဂံေဒသမွ ေရွးေဟာင္း ေစတီ အဆူ ၄၀၀ ခန္႔ ပ်က္စီးခဲ့သ လုိ စစ္ကိုင္း၊ မႏၲေလး၊ မေကြး တိုင္းေဒသႀကီးႏွင့္ ရခုိင္ျပည္နယ္ တို႔မွ ဘုရားေစတီအခ်ိဳ႕ပ်က္စီးခဲ့ သည္။ လူသံုးဦးေသဆံုးခဲ့သည္။ ထိုင္းဘူမိပညာရွင္တစ္ဦးႏွင့္ ျပည္ တြင္း ဘူမိေဗဒပညာရွင္ အခ်ိဳ႕က ျမန္မာႏုိင္ငံတြင္ အင္အားျပင္း ငလ်င္ ထပ္မံလႈပ္ႏုိင္ေျခရွိေၾကာင္း သတိေပးထားၾကသည္။ ယင္းႏွင့္ ဆက္စပ္၍ ငလ်င္ မၾကာမီ လႈပ္ မည္ဟူေသာ ေကာလာဟလ အ ခ်ိဳ႕ အထူးသျဖင့္ ေက်းလက္ေဒသ မ်ားတြင္ က်ယ္ျပန္႔စြာထြက္ေပၚေန သည္။ ထို႔ေၾကာင့္ ေျမငလ်င္ႏွင့္ ပတ္သက္၍ သိသင့္သိထိုက္သည္ မ်ားကို ျမန္မာႏိုင္ငံ ေျမငလ်င္ ေကာ္မတီနာယကျဖစ္သူ အႀကီး တန္းသုေတသနပညာရွင္ ေဒၚလွ လွေအာင္ကို 7Day New Journal က ေတြ႕ဆံုေမးျမန္းထားပါသည္။

အင္အားျပင္း ငလ်င္လႈပ္ၿပီး ေနာက္ဆက္တဲြငလ်င္ငယ္ေလးေတြ လႈပ္ေလ့ရွိေပမယ့္ ေခ်ာက္ၿမိဳ႕နားမွာ လႈပ္သြားတဲ့ ငလ်င္ရဲ႕ ေနာက္ဆက္တဲြငလ်င္မလႈပ္ေသးတဲ့အေပၚ ငလ်င္ပညာရွင္တခ်ိဳ႕ေတာင္ အေျဖရွာရခက္ေနတယ္။ ေနာက္ထပ္ငလ်င္လည္း လႈပ္ႏုိင္တယ္လို႔ ခန္မွန္းခ်က္ေတြရွိေတာ့ လူေတြစုိးရိမ္ေနၾကတယ္။ အဲဒီအေပၚမွာ ဆရာမအေနနဲ႔ သံုးသပ္ခ်က္ေျပာေပးေစခ်င္ပါတယ္။

ငလ်င္ႀကီးလႈပ္ၿပီးရင္ ေနာက္ဆက္တဲြငလ်င္ေလးေတြလႈပ္တာ ဒါကသဘာ၀ပဲ။ ငလ်င္ရဲ႕သေဘာတရားက ေရွးေျပးငလ်င္၊ ေနာက္ၿပီး အဓိက ငလ်င္လႈပ္မယ္။ ေနာက္ၿပီး ေနာက္ဆက္တဲြငလ်င္ ေတြ လာတယ္ေပါ့။ အခု ေလာေလာဆယ္ ၾသဂုတ္ ၂၄ ရက္က လႈပ္သြားတဲ့ ငလ်င္ရဲ႕ ေနာက္ဆက္တဲြ လာဖို႔ ေစာပါေသးတယ္။ ဒီလိုငလ်င္က ကပ္လႈပ္တယ္ဆုိတာ မရွိဘူး။ ဥပမာ ေျပာရရင္ ၂၀၁၅ ဧၿပီမွာ လႈပ္တဲ့ ၇ ဒသမ ၉ အဆင့္ရွိတဲ့ နီေပါငလ်င္ရဲ႕ ေနာက္ဆက္တဲြက ေမလက်မွ လႈပ္တာ။ သေဘာတရားကုိ ေျပာျပတာပါ။ တစ္လေက်ာ္ၾကာမွ လႈပ္တာ။ အခ်ိန္က်ရင္ေတာ့ ေနာက္ဆက္တဲြ ငလ်င္ငယ္ေလးေတြ လာမွာပဲ။

အခု ငလ်င္လႈပ္တဲ့ ေဒသကိုလည္း ပညာရွင္ေတြ သြားေလ့လာေနတယ္လုိ႔ သိရတယ္။ ဘယ္ျပတ္ေရြ႕လႈပ္တာလဲ သိပါရေစ။

ဒီငလ်င္က Subduction Zone လို႔ေခၚတဲ့ ထိုးစိုက္ဇုန္ေၾကာင့္လႈပ္သြားတာ။ ထိုးစိုက္ဇုန္က အိႏိၵယ ေက်ာက္ထုခ်ပ္ (IndianPlate) က ဘားမား ေက်ာက္ထုခ်ပ္ (Burma Plate) ေအာက္ကို ထိုးဆင္းသြားတဲ့အတြက္ ငလ်င္လႈပ္တာ။ ပိုၿပီး ေသခ်ာတာက ေက်ာက္ျဖဴနဲ႔ မင္းဘူးဘက္မွ ရႊံ႕မီးေတာင္ေတြ ေပါက္သြားတယ္။ ေျမအနက္ ၈၄ ဒသမ ၁ ကီလုိမီ တာမွာ လႈပ္တာ။ Subduction Zone မွာလႈပ္တဲ့ ေျမငလ်င္ေတြက ကီလိုမီတာ ၇၀ ထက္နည္းရင္ အနက္တိမ္တာေပါ့။ ၇၀ အထက္ကေန ၂၀၀ ကီလိုမီတာၾကားဆုိရင္ ပိုနက္သြားတယ္။ အခုလႈပ္တာက အနက္တိမ္မဟုတ္ဘဲ ပိုနက္တဲ့ေနရာမွာ လႈပ္တာ။

ေခ်ာက္ငလ်င္လႈပ္ၿပီးေနာက္ပိုင္းမွာ ငလ်င္ထပ္လႈပ္ႏုိင္တယ္လို႔ ျပည္ပပညာရွင္ေတြကသတိေပးေနသလို အညာေဒသတခ်ိဳ႕မွာဆုိရင္ ဘယ္ေန႔ေတာ့ ငလ်င္လႈပ္မယ္ဆိုတဲ့ေကာလာဟလေတြေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကတယ္။ အဲဒီစုိးရိမ္မႈေတြအတြက္ ပညာရွင္တစ္ေယာက္အေန႔နဲ႔ ဘာမ်ားအႀကံျပဳခ်င္ပါသလဲ။

မဟုတ္တဲ့သတင္းက ေကာလာဟလပဲေလ။ ငလ်င္နဲ႔ပတ္သက္တဲ့ ပညာရွင္ေတြရဲ႕ေျပာတာကိုပဲ အတည္ယူပါ။ သတင္းေတြ နားေထာင္ပါ။ ဘယ္ေကာလာဟလကိုမွ မယံုပါနဲ႔။ အစိုးရိမ္လြန္တာက စိတ္ခံစားမႈဆုိးပါတယ္။ ငလ်င္က လႈပ္မယ္၊ မလႈပ္ဘူးဆုိတာ ႀကိဳတင္ၿပီး ေျပာလို႔မရပါဘူး။ ဘာလုပ္သင့္သလဲဆုိရင္ေတာ့ ငလ်င္မလႈပ္ခင္ ႀကိဳတင္ျပင္ဆင္ထားသင့္တဲ့ဟာေတြေပါ့။ ႀကိဳတင္ ျပင္ဆင္တယ္ဆုိတာမွာ ေကာလာဟလေတြနဲ႔ တဲြေနတာကိုပါ နားမ၀င္ဖို႔ပါ။ ငလ်င္က ႀကိဳတင္ခန္႔မွန္းလုိ႔မရတာကို သိထားပါ။ ကိုယ့္အိမ္ထဲက ပစၥည္းအထားအသိုက အစေပါ့။ ေလးပင္တဲ့အရာေတြ အထက္မွာမထားဖုိ႔ဆိုတာေလးေတြေပါ့။

အစိုးရပိုုင္းအေနနဲ႔ကေကာ ဘာေတြ ျပင္ဆင္စီမံထားဖို႔ လိုအပ္မလဲ အႀကံေပးပါဦး ဆရာမ။

အစိုးရပိုင္းအေနနဲ႔ကေတာ့ လူထုအေနနဲ႔ အခုလို စိုးရိမ္ေနၾကခ်ိန္မွာ အစိုးရပိုင္းအေနနဲ႔လည္း ဘာမွေျပာလို႔ရမွာ မဟုတ္ဘူး။ ငလ်င္နဲ႔ပတ္သက္လို႔ ေျပာႏုိင္တ့ဲပညာရွင္ေတြကလည္း ဘယ္အခ်ိန္ေတာ့ ငလ်င္လႈပ္မယ္လုိ႔ ႀကိဳမေျပာႏုိင္ဘူး။ သဘာ၀ေဘးမွန္သမွ်ကေတာ့ ႀကိဳတင္ျပင္ဆင္ထားျခင္းသာ အဓိကပဲ။ လူထုတစ္ဦးခ်င္းစီက အသိရွိရမွာျဖစ္သလို အစိုးရပိုင္းအေနနဲ႔ လုပ္ေပးႏုိင္တာေတြလည္းရွိပါတယ္။ အထူးသျဖင့္ေတာ့ ငလ်င္လုိ သဘာ၀ေဘးမွာ လုပ္သင့္လုပ္ထိုက္တာေတြကေတာ့ ေရတုိေရရွည္အတြက္ ျပင္ဆင္မႈေတြေပါ့။ ႏုိင္ငံတကာမွာလည္း အစိုးရပိုင္းက လုပ္ေပးေနတာေတြက ေအာက္ေျခေက်းရြာ ေဒသအဆင့္ေတြကေန တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အဆင့္အထိ ျပင္ဆင္ေပးတာေတြ၊ ေနာက္ဆံုး တစ္ႏုိင္ငံလံုးအဆင့္အထိေပါ့။ ဒါေတြက ေရရွည္အတြက္ေပါ့။ ကိုယ့္ေဒသမွာဘာေတြလုပ္မယ္။ ျပင္ဆင္ထားမယ္ဆုိတာ လိုအပ္တဲ့အထာက္အပံ့ကို အစိုးရအဆင့္ဆင့္ကို တင္ရမယ္။ ဒီလိုခ်ိိတ္ဆက္လုပ္ရမွာေပါ့။ ေရရွည္အတြက္ လုပ္ကိုလုပ္ရမွာေတြပါ။

ငလ်င္အႏၲရာယ္အတြက္ သတိေပးေနတာေတြကေတာ့ အမ်ိဳးမ်ိဳး ရွိေနသလို စိုးရိမ္မႈေတြလည္းရွိေနေတာ့ လတ္တေလာကာလမွာ ျမန္မာႏိုင္ငံအတြက္ ဘယ္ျပတ္ေရြ႕ေတြက သတိထားဖို႔လိုပါသလဲ။

သတိေပးေနတာကေတာ့ အမ်ိဳးမ်ိဳးေပါ့။ ဒါက ပညာရွင္တစ္ဦးခ်င္းစီရဲ႕အျမင္ဆုိတဲ့အတြက္ ဘာမွ မေျပာလိုပါဘူး။ ျမန္မာႏုိင္ငံမွာ ရိွေနတဲ့ ျပတ္ေရြ႕ေတြကေတာ့ ငလ်င္လႈပ္ခဲ့ဖူးတာခ်ည္းပဲ။ စစ္ကုိင္းျပတ္ေရြ႕ ေက်ာက္ၾကမ္းျပတ္ေရြ႕၊ အကုန္လံုး လႈပ္ခဲ့ဖူးတယ္။ အႀကိမ္ႀကိမ္အခါခါ လႈပ္ခဲ့ဖူးတာေၾကာင့္ ငလ်င္အႏၲရာယ္က ဒီျပတ္ေရြ႕ေတြေပၚမွာရွိေနတာပဲ။ ျဖစ္ႏုိင္ေျခရွိတဲ့ ငလ်င္ဇုန္ေတြခဲြမယ္ဆုိရင္က ေဘာ္ျပတ္ေရြ႕၊ စစ္ကုိင္းျပတ္ေရြ႕၊ ေက်ာက္ၾကမ္း ျပတ္ေရြ႕၊ ေနာက္ ျမန္မာျပည္ အေရွ႕ဘက္မွာရွိတဲ့ နမၼျပတ္ေရြ႕ေတြဆုိ ငလ်င္အႏၲရာယ္ရွိတဲ့ ျပတ္ေရြ႕ေတြခ်ည္းပဲ။ ဘယ္ေနရာနဲ႔ ဘယ္အခ်ိန္မွာလႈပ္မယ္ဆုိတာကို ဘယ္လိုမွ ခန္႔မွန္းလို႔ မရဘူးဆုိတာ အႀကိမ္ႀကိမ္ေျပာခဲ့ပါတယ္။ ငလ်င္လႈပ္တာသာ ခန္႔မွန္းလို႔ရမယ္ဆုိရင္ ငလ်င္လႈပ္လို႔ ေသတယ္။ ပ်က္စီးတယ္ဆုိတာ အႀကီးအက်ယ္ျဖစ္ခဲ့မွာ မဟုတ္ပါဘူး။ လံုး၀ကို ကာကြယ္လို႔ရမယ္ဆုိတာမ်ိဳး ငလ်င္မွာ မရွိပါဘူး။

အခုလို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ချောက်မြို့အနီး ဗဟိုပြု၍ သြဂုတ် ၂၄ ရက် ညနေက လှုပ် သော အင်အားပြင်း ငလျင်သည် ၂၀၁၂ နောက်ပိုင်း မြန်မာနိုင်ငံ ဒေသတွင်း အဆိုးရွားဆုံးငလျင် ဘေးဖြစ်ခဲ့သည်။ ၂၀၁၂ နိုဝင်ဘာ က သပိတ်ကျင်းမြို့အနီး ဗဟိုပြု၍ စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားခြင်းဖြစ် သည်။ ချောက်မြို့အနီး ဗဟိုပြု လှုပ်သွားသော ပြင်းအားရစ်ချ်တာ စကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင် ကြောင့် ပုဂံဒေသမှ ရှေးဟောင်း စေတီ အဆူ ၄၀၀ ခန့် ပျက်စီးခဲ့သ လို စစ်ကိုင်း၊ မန္တလေး၊ မကွေး တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့မှ ဘုရားစေတီအချို့ပျက်စီးခဲ့ သည်။ လူသုံးဦးသေဆုံးခဲ့သည်။ ထိုင်းဘူမိပညာရှင်တစ်ဦးနှင့် ပြည် တွင်း ဘူမိဗေဒပညာရှင် အချို့က မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင် ထပ်မံလှုပ်နိုင်ခြေရှိကြောင်း သတိပေးထားကြသည်။ ယင်းနှင့် ဆက်စပ်၍ ငလျင် မကြာမီ လှုပ် မည်ဟူသော ကောလာဟလ အ ချို့ အထူးသဖြင့် ကျေးလက်ဒေသ များတွင် ကျယ်ပြန့်စွာထွက်ပေါ်နေ သည်။ ထို့ကြောင့် မြေငလျင်နှင့် ပတ်သက်၍ သိသင့်သိထိုက်သည် များကို မြန်မာနိုင်ငံ မြေငလျင် ကော်မတီနာယကဖြစ်သူ အကြီး တန်းသုတေသနပညာရှင် ဒေါ်လှ လှအောင်ကို 7Day New Journal က တွေ့ဆုံမေးမြန်းထားပါသည်။

အင်အားပြင်း ငလျင်လှုပ်ပြီး နောက်ဆက်တွဲငလျင်ငယ်လေးတွေ လှုပ်လေ့ရှိပေမယ့် ချောက်မြို့နားမှာ လှုပ်သွားတဲ့ ငလျင်ရဲ့ နောက်ဆက်တွဲငလျင်မလှုပ်သေးတဲ့အပေါ် ငလျင်ပညာရှင်တချို့တောင် အဖြေရှာရခက်နေတယ်။ နောက်ထပ်ငလျင်လည်း လှုပ်နိုင်တယ်လို့ ခန်မှန်းချက်တွေရှိတော့ လူတွေစိုးရိမ်နေကြတယ်။ အဲဒီအပေါ်မှာ ဆရာမအနေနဲ့ သုံးသပ်ချက်ပြောပေးစေချင်ပါတယ်။

ငလျင်ကြီးလှုပ်ပြီးရင် နောက်ဆက်တွဲငလျင်လေးတွေလှုပ်တာ ဒါကသဘာဝပဲ။ ငလျင်ရဲ့သဘောတရားက ရှေးပြေးငလျင်၊ နောက်ပြီး အဓိက ငလျင်လှုပ်မယ်။ နောက်ပြီး နောက်ဆက်တွဲငလျင် တွေ လာတယ်ပေါ့။ အခု လောလောဆယ် သြဂုတ် ၂၄ ရက်က လှုပ်သွားတဲ့ ငလျင်ရဲ့ နောက်ဆက်တွဲ လာဖို့ စောပါသေးတယ်။ ဒီလိုငလျင်က ကပ်လှုပ်တယ်ဆိုတာ မရှိဘူး။ ဥပမာ ပြောရရင် ၂၀၁၅ ဧပြီမှာ လှုပ်တဲ့ ၇ ဒသမ ၉ အဆင့်ရှိတဲ့ နီပေါငလျင်ရဲ့ နောက်ဆက်တွဲက မေလကျမှ လှုပ်တာ။ သဘောတရားကို ပြောပြတာပါ။ တစ်လကျော်ကြာမှ လှုပ်တာ။ အချိန်ကျရင်တော့ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေ လာမှာပဲ။

အခု ငလျင်လှုပ်တဲ့ ဒေသကိုလည်း ပညာရှင်တွေ သွားလေ့လာနေတယ်လို့ သိရတယ်။ ဘယ်ပြတ်ရွေ့လှုပ်တာလဲ သိပါရစေ။

ဒီငလျင်က Subduction Zone လို့ခေါ်တဲ့ ထိုးစိုက်ဇုန်ကြောင့်လှုပ်သွားတာ။ ထိုးစိုက်ဇုန်က အိန္ဒိယ ကျောက်ထုချပ် (IndianPlate) က ဘားမား ကျောက်ထုချပ် (Burma Plate) အောက်ကို ထိုးဆင်းသွားတဲ့အတွက် ငလျင်လှုပ်တာ။ ပိုပြီး သေချာတာက ကျောက်ဖြူနဲ့ မင်းဘူးဘက်မှ ရွှံ့မီးတောင်တွေ ပေါက်သွားတယ်။ မြေအနက် ၈၄ ဒသမ ၁ ကီလိုမီ တာမှာ လှုပ်တာ။ Subduction Zone မှာလှုပ်တဲ့ မြေငလျင်တွေက ကီလိုမီတာ ၇၀ ထက်နည်းရင် အနက်တိမ်တာပေါ့။ ၇၀ အထက်ကနေ ၂၀၀ ကီလိုမီတာကြားဆိုရင် ပိုနက်သွားတယ်။ အခုလှုပ်တာက အနက်တိမ်မဟုတ်ဘဲ ပိုနက်တဲ့နေရာမှာ လှုပ်တာ။

ချောက်ငလျင်လှုပ်ပြီးနောက်ပိုင်းမှာ ငလျင်ထပ်လှုပ်နိုင်တယ်လို့ ပြည်ပပညာရှင်တွေကသတိပေးနေသလို အညာဒေသတချို့မှာဆိုရင် ဘယ်နေ့တော့ ငလျင်လှုပ်မယ်ဆိုတဲ့ကောလာဟလတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်။ အဲဒီစိုးရိမ်မှုတွေအတွက် ပညာရှင်တစ်ယောက်အနေ့နဲ့ ဘာများအကြံပြုချင်ပါသလဲ။

မဟုတ်တဲ့သတင်းက ကောလာဟလပဲလေ။ ငလျင်နဲ့ပတ်သက်တဲ့ ပညာရှင်တွေရဲ့ပြောတာကိုပဲ အတည်ယူပါ။ သတင်းတွေ နားထောင်ပါ။ ဘယ်ကောလာဟလကိုမှ မယုံပါနဲ့။ အစိုးရိမ်လွန်တာက စိတ်ခံစားမှုဆိုးပါတယ်။ ငလျင်က လှုပ်မယ်၊ မလှုပ်ဘူးဆိုတာ ကြိုတင်ပြီး ပြောလို့မရပါဘူး။ ဘာလုပ်သင့်သလဲဆိုရင်တော့ ငလျင်မလှုပ်ခင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ဟာတွေပေါ့။ ကြိုတင် ပြင်ဆင်တယ်ဆိုတာမှာ ကောလာဟလတွေနဲ့ တွဲနေတာကိုပါ နားမဝင်ဖို့ပါ။ ငလျင်က ကြိုတင်ခန့်မှန်းလို့မရတာကို သိထားပါ။ ကိုယ့်အိမ်ထဲက ပစ္စည်းအထားအသိုက အစပေါ့။ လေးပင်တဲ့အရာတွေ အထက်မှာမထားဖို့ဆိုတာလေးတွေပေါ့။

အစိုးရပိုုင်းအနေနဲ့ကကော ဘာတွေ ပြင်ဆင်စီမံထားဖို့ လိုအပ်မလဲ အကြံပေးပါဦး ဆရာမ။

အစိုးရပိုင်းအနေနဲ့ကတော့ လူထုအနေနဲ့ အခုလို စိုးရိမ်နေကြချိန်မှာ အစိုးရပိုင်းအနေနဲ့လည်း ဘာမှပြောလို့ရမှာ မဟုတ်ဘူး။ ငလျင်နဲ့ပတ်သက်လို့ ပြောနိုင်တဲ့ပညာရှင်တွေကလည်း ဘယ်အချိန်တော့ ငလျင်လှုပ်မယ်လို့ ကြိုမပြောနိုင်ဘူး။ သဘာဝဘေးမှန်သမျှကတော့ ကြိုတင်ပြင်ဆင်ထားခြင်းသာ အဓိကပဲ။ လူထုတစ်ဦးချင်းစီက အသိရှိရမှာဖြစ်သလို အစိုးရပိုင်းအနေနဲ့ လုပ်ပေးနိုင်တာတွေလည်းရှိပါတယ်။ အထူးသဖြင့်တော့ ငလျင်လို သဘာဝဘေးမှာ လုပ်သင့်လုပ်ထိုက်တာတွေကတော့ ရေတိုရေရှည်အတွက် ပြင်ဆင်မှုတွေပေါ့။ နိုင်ငံတကာမှာလည်း အစိုးရပိုင်းက လုပ်ပေးနေတာတွေက အောက်ခြေကျေးရွာ ဒေသအဆင့်တွေကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်အထိ ပြင်ဆင်ပေးတာတွေ၊ နောက်ဆုံး တစ်နိုင်ငံလုံးအဆင့်အထိပေါ့။ ဒါတွေက ရေရှည်အတွက်ပေါ့။ ကိုယ့်ဒေသမှာဘာတွေလုပ်မယ်။ ပြင်ဆင်ထားမယ်ဆိုတာ လိုအပ်တဲ့အထာက်အပံ့ကို အစိုးရအဆင့်ဆင့်ကို တင်ရမယ်။ ဒီလိုချိတ်ဆက်လုပ်ရမှာပေါ့။ ရေရှည်အတွက် လုပ်ကိုလုပ်ရမှာတွေပါ။

ငလျင်အန္တရာယ်အတွက် သတိပေးနေတာတွေကတော့ အမျိုးမျိုး ရှိနေသလို စိုးရိမ်မှုတွေလည်းရှိနေတော့ လတ်တလောကာလမှာ မြန်မာနိုင်ငံအတွက် ဘယ်ပြတ်ရွေ့တွေက သတိထားဖို့လိုပါသလဲ။

သတိပေးနေတာကတော့ အမျိုးမျိုးပေါ့။ ဒါက ပညာရှင်တစ်ဦးချင်းစီရဲ့အမြင်ဆိုတဲ့အတွက် ဘာမှ မပြောလိုပါဘူး။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြတ်ရွေ့တွေကတော့ ငလျင်လှုပ်ခဲ့ဖူးတာချည်းပဲ။ စစ်ကိုင်းပြတ်ရွေ့ ကျောက်ကြမ်းပြတ်ရွေ့၊ အကုန်လုံး လှုပ်ခဲ့ဖူးတယ်။ အကြိမ်ကြိမ်အခါခါ လှုပ်ခဲ့ဖူးတာကြောင့် ငလျင်အန္တရာယ်က ဒီပြတ်ရွေ့တွေပေါ်မှာရှိနေတာပဲ။ ဖြစ်နိုင်ခြေရှိတဲ့ ငလျင်ဇုန်တွေခွဲမယ်ဆိုရင်က ဘော်ပြတ်ရွေ့၊ စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်း ပြတ်ရွေ့၊ နောက် မြန်မာပြည် အရှေ့ဘက်မှာရှိတဲ့ နမ္မပြတ်ရွေ့တွေဆို ငလျင်အန္တရာယ်ရှိတဲ့ ပြတ်ရွေ့တွေချည်းပဲ။ ဘယ်နေရာနဲ့ ဘယ်အချိန်မှာလှုပ်မယ်ဆိုတာကို ဘယ်လိုမှ ခန့်မှန်းလို့ မရဘူးဆိုတာ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ငလျင်လှုပ်တာသာ ခန့်မှန်းလို့ရမယ်ဆိုရင် ငလျင်လှုပ်လို့ သေတယ်။ ပျက်စီးတယ်ဆိုတာ အကြီးအကျယ်ဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ လုံးဝကို ကာကွယ်လို့ရမယ်ဆိုတာမျိုး ငလျင်မှာ မရှိပါဘူး။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top