Property Expo
×


ဘာစီလုိနာမွ မက္ဆီက လြဲ၍ ၎ကိုင္တြယ္ခဲ့ေသာ မည္ သည့္ကစားသမားႏွင့္မဆို ဒီဘ႐ုိင္နီယွဥ္ႏုိင္သည္ဟု မန္စီးတီးနည္း ျပ ပက္ဂြါဒီယုိလာက ေျပာၾကား လိုက္သည္။


စေနေန႔က ဘုန္းေမာက္ ကုိ ၄-၀ ဂုးိျဖင့္ ႏုိင္ေသာပြဲတြင္ ဒီဘ႐ုိင္နီက မန္စီးတီး၏ ပထမဂုိး ကုိ သြင္းယူခဲ့သည္။

ဒီဘ႐ုိင္နီသည္ မန္စီးတီးအ တြက္ ၄၈ ပြဲကစားထားရာ ၁၈ ဂုိး သြင္းယူခဲ့ၿပီး ၁၆ ဂုိးဖန္တီးေပးခဲ့ သည္။

‘‘မက္ဆီက သူ႔စားပြဲနဲ႔သူပါ။ ဘယ္သူမွ ၀င္ထိုင္ခြင့္မျပဳပါဘူး။ ဒါေပမဲ့ အဲဒီစားပြဲေဘးမွာ ကီဗင္ ထုိင္ႏုိင္ပါတယ္’’ဟု ဂြါဒီယုိလာ က ေျပာသည္။

ေအာင္ျမင္မႈမ်ားျဖင့္ ျပည့္ ႏွက္ခဲ့ေသာ နည္းျပသက္တမ္း တစ္ေလွ်ာက္တြင္ စပိန္နည္းျပ ဂြါဒီယုိလာသည္ ဇာဗီ၊ အင္နီ ေယစတာ၊ ေရာ္ဘင္ႏွင့္ မူလာတုိ႔ ကဲ့သို႔ ကစားသမားေကာင္းမ်ား ကုိ ကုိင္တြယ္ခဲ့သည္။

သို႔ေသာ္အသင္းအတြက္ ဘက္စံုမွ ကူညီပံ့ပုိးႏုိင္သူကုိ ဂြါဒီ ယုိလာက သေဘာက်ေနသည္။

‘‘ကီဗင္ဟာ ထူးခြၽန္တဲ့ က စားသမားပါ။ ေဘာလံုးမရိွရင္ ပထမဆံုးေဘာလံုးလုသူပါ။ ေဘာလံုးရသြားရင္ အျမင္ရွင္း တယ္။ အားလံုးကုိ သူရွင္းရွင္း လင္းလင္းျမင္ေတြ႕တယ္’’ဟု ဂြါ ဒီယိုလာက ေျပာၾကားၿပီး မွန္ကန္ ေသာ အခ်ိန္တြင္ မွန္ကန္ေသာ ဆံုးျဖတ္ခ်က္ခ်ႏုိင္သူဟု ၎က ဆက္လက္ေျပာသည္။

မန္စီးတီးသည္ ဂြါဒီယုိလာ လက္ထက္တြင္ ပရီးမီးယားလိဂ္ ငါးပြဲ၊ ဥေရာပတြင္ သံုးပြဲအႏုိင္ ရရိွခဲ့သျဖင့္ ရာသီအစ ရွစ္ပြဲဆက္ တုိက္အႏုိင္ရရိွထားၿပီး ၁၈၉၇ က တင္ရိွခဲ့ေသာ အသင္း၏ စံခ်ိန္ကို ခ်ိဳးဖ်က္ႏုိင္ခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

Unicode Version

 ဘာစီလိုနာမှ မက်ဆီက လွဲ၍ ၎င်းကိုင်တွယ်ခဲ့သော မည် သည့်ကစားသမားနှင့်မဆို ဒီဘရိုင်နီယှဉ်နိုင်သည်ဟု မန်စီးတီးနည်း ပြ ပက်ဂွါဒီယိုလာက ပြောကြား လိုက်သည်။


စနေနေ့က ဘုန်းမောက် ကို ၄-၀ ဂုးိဖြင့် နိုင်သောပွဲတွင် ဒီဘရိုင်နီက မန်စီးတီး၏ ပထမဂိုး ကို သွင်းယူခဲ့သည်။

ဒီဘရိုင်နီသည် မန်စီးတီးအ တွက် ၄၈ ပွဲကစားထားရာ ၁၈ ဂိုး သွင်းယူခဲ့ပြီး ၁၆ ဂိုးဖန်တီးပေးခဲ့ သည်။

‘‘မက်ဆီက သူ့စားပွဲနဲ့သူပါ။ ဘယ်သူမှ ဝင်ထိုင်ခွင့်မပြုပါဘူး။ ဒါပေမဲ့ အဲဒီစားပွဲဘေးမှာ ကီဗင် ထိုင်နိုင်ပါတယ်’’ဟု ဂွါဒီယိုလာ က ပြောသည်။

အောင်မြင်မှုများဖြင့် ပြည့် နှက်ခဲ့သော နည်းပြသက်တမ်း တစ်လျှောက်တွင် စပိန်နည်းပြ ဂွါဒီယိုလာသည် ဇာဗီ၊ အင်နီ ယေစတာ၊ ရော်ဘင်နှင့် မူလာတို့ ကဲ့သို့ ကစားသမားကောင်းများ ကို ကိုင်တွယ်ခဲ့သည်။

သို့သော်အသင်းအတွက် ဘက်စုံမှ ကူညီပံ့ပိုးနိုင်သူကို ဂွါဒီ ယိုလာက သဘောကျနေသည်။

‘‘ကီဗင်ဟာ ထူးချွန်တဲ့ က စားသမားပါ။ ဘောလုံးမရှိရင် ပထမဆုံးဘောလုံးလုသူပါ။ ဘောလုံးရသွားရင် အမြင်ရှင်း တယ်။ အားလုံးကို သူရှင်းရှင်း လင်းလင်းမြင်တွေ့တယ်’’ဟု ဂွါ ဒီယိုလာက ပြောကြားပြီး မှန်ကန် သော အချိန်တွင် မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်သူဟု ၎င်းက ဆက်လက်ပြောသည်။

မန်စီးတီးသည် ဂွါဒီယိုလာ လက်ထက်တွင် ပရီးမီးယားလိဂ် ငါးပွဲ၊ ဥရောပတွင် သုံးပွဲအနိုင် ရရှိခဲ့သဖြင့် ရာသီအစ ရှစ်ပွဲဆက် တိုက်အနိုင်ရရှိထားပြီး ၁၈၉၇ က တင်ရှိခဲ့သော အသင်း၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top