Kantharyar Centre
×

အရက္ေသာက္တာ ၾကိဳက္ႏွစ္သက္ေပမယ့္လုိ႔ မနက္ခင္း ေခါင္းမၾကည္ မအီမသာနဲ႔ အရက္နာက်တတ္သူေတြအတြက္ သတင္းေကာင္းပါပဲ။ အရက္နာက်ျခင္းကို ခ်က္ခ်င္း ေသခ်ာေပါက္ သက္သာေစမယ့္ ထိပ္တန္းအစားအစာ (၅) ခု ေဖာ္ေပးလုိက္ပါတယ္။

ဖရဲသီး

အရက္က ခႏၶာကိုယ္မွာ လုိအပ္ေနတဲ့ အာဟာရဓာတ္ေတြကို ကုန္ခမ္းေစျပီး ဆုံးရႈံးသြားတဲ့ အာဟာရဓာတ္ေတြကို ျပန္လည္ျဖည့္တင္းဖုိ႔ ေသခ်ာတဲ့နည္းလမ္းက ဖရဲသီးျဖစ္ပါတယ္။ ေသြးတြင္း သၾကားဓာတ္ပါဝင္မႈပမာဏေလွ်ာ့နည္းျခင္းက အားအင္ခ်ိနဲ႔ေစျပီး တုန္တုန္ရီရီျဖစ္ေစႏုိင္ပါတယ္။ ဖရဲသီးစားေပးသင့္ ေနာက္အေၾကာင္းအရင္းေတြက ဖရဲသီးမွာ သစ္သီးသၾကားဓာတ္နဲ႔ ေရဓာတ္ၾကြယ္ဝျပီး ခႏၶာကိုယ္အတြင္း ေရဓာတ္ တုိးျမင့္ေပးပါတယ္။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာ ပိုတက္စီယမ္နဲ႔ မဂၢနီဆီမယ္ဓာတ္ ၾကြယ္ဝပါတယ္။ အရက္ေသာက္တဲ့အခါ သတၱဳဓာတ္ စုိးရိမ္ေလာက္တဲ့ အေနအထားထိ ေလွ်ာ့က်ပါတယ္။ ျမဴးရူးသာင္းက်န္း မူးယစ္ေသာက္စားတဲ့ည အလြန္ ေနာက္တစ္ေန႔ မနက္အိပ္ရာႏုိးတဲ့အခါ အစာအိမ္အတြင္း ေလေအာင့္မႈ ေလွ်ာ့နည္းသက္သာေစပါတယ္။

အုတ္ဂ်ဳံ

အရက္မွာ ဆီးရႊင္ေစတဲ့ အက်ဳိးဆက္ရိွပါတယ္။ ဒီေတာ့ အလြန္အကြ်ံေသာက္စားေနစဥ္ ခႏၶာကိုယ္မွာ မရိွမျဖစ္လုိအပ္တဲ့ ဗီတာမင္ဓာတ္ေတြကို ဆုံးပါးသြားေစပါတယ္။ ဗီတာမင္ B ေပါၾကြယ္ဝတဲ့ အုတ္ဂ်ဳံက အသည္းအတြက္မက စိတ္ခံစားအတြက္လည္း ေကာင္းမြန္ပါတယ္။ ဒီ့ျပင္ ခႏၶာကိုယ္အတြင္း အက္ဆစ္ဓာတ္ပမာဏ ပုံမွန္ျဖစ္ေစျပီး အႏၱရာယ္ျဖစ္ေစတဲ့ အဆိပ္အေတာက္ေတြ စုပ္ယူျပီး ေသြးထဲ သၾကားဓာတ္ တုိးျမင့္ေပးပါတယ္။

အုန္းရည္

Eletrolyte ဓာတ္ၾကြယ္ဝတဲ့ အုန္းရည္က အရက္နာက်ေဆးနည္းေကာင္းတစ္ခု ျဖစ္ပါတယ္။ ေရဓာတ္ကုန္ခန္းတဲ့ ခႏၶာကိုယ္ကို ေရဓာတ္ျဖည့္တင္းရာမွာ အထူးေကာင္းမြန္ပါတယ္။ 

ဂ်င္း

အရက္မွာ ပ်ဳိ႕အန္ခ်င္စိတ္တိမ္းညြတ္မႈရိွျပီး ဂ်င္းေလာက္ အစာအိမ္ကို ျငိမ္က်ေစျပီး မအီမသာျဖစ္မႈကို သက္သာေစတာ ဘာမွမရိွပါဘူး။ အေကာင္းဆုံးစားသုံးနည္းက သဘာဝအတုိင္း စားဖုိ႔ပါပဲ။ ဒါေပမယ့္ အရသာခံႏုိင္စြမ္း မရိွသူေတြအတြက္ ျခစ္ျပီးေရေႏြးနဲ႔ေရာ ဒါမွမဟုတ္ သစ္သီးေဖ်ာ္ရည္နဲ႔ ေရာစပ္ သုံးေဆာင္ႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

အရက်သောက်တာ ကြိုက်နှစ်သက်ပေမယ့်လို့ မနက်ခင်း ခေါင်းမကြည် မအီမသာနဲ့ အရက်နာကျတတ်သူတွေအတွက် သတင်းကောင်းပါပဲ။ အရက်နာကျခြင်းကို ချက်ချင်း သေချာပေါက် သက်သာစေမယ့် ထိပ်တန်းအစားအစာ (၅) ခု ဖော်ပေးလိုက်ပါတယ်။

ဖရဲသီး

အရက်က ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ အာဟာရဓာတ်တွေကို ကုန်ခမ်းစေပြီး ဆုံးရှုံးသွားတဲ့ အာဟာရဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့ သေချာတဲ့နည်းလမ်းက ဖရဲသီးဖြစ်ပါတယ်။ သွေးတွင်း သကြားဓာတ်ပါဝင်မှုပမာဏလျှော့နည်းခြင်းက အားအင်ချိနဲ့စေပြီး တုန်တုန်ရီရီဖြစ်စေနိုင်ပါတယ်။ ဖရဲသီးစားပေးသင့် နောက်အကြောင်းအရင်းတွေက ဖရဲသီးမှာ သစ်သီးသကြားဓာတ်နဲ့ ရေဓာတ်ကြွယ်ဝပြီး ခန္ဓာကိုယ်အတွင်း ရေဓာတ် တိုးမြင့်ပေးပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီမယ်ဓာတ် ကြွယ်ဝပါတယ်။ အရက်သောက်တဲ့အခါ သတ္တုဓာတ် စိုးရိမ်လောက်တဲ့ အနေအထားထိ လျှော့ကျပါတယ်။ မြူးရူးသာင်းကျန်း မူးယစ်သောက်စားတဲ့ည အလွန် နောက်တစ်နေ့ မနက်အိပ်ရာနိုးတဲ့အခါ အစာအိမ်အတွင်း လေအောင့်မှု လျှော့နည်းသက်သာစေပါတယ်။

အုတ်ဂျုံ

အရက်မှာ ဆီးရွှင်စေတဲ့ အကျိုးဆက်ရှိပါတယ်။ ဒီတော့ အလွန်အကျွံသောက်စားနေစဉ် ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို ဆုံးပါးသွားစေပါတယ်။ ဗီတာမင် B ပေါကြွယ်ဝတဲ့ အုတ်ဂျုံက အသည်းအတွက်မက စိတ်ခံစားအတွက်လည်း ကောင်းမွန်ပါတယ်။ ဒီ့ပြင် ခန္ဓာကိုယ်အတွင်း အက်ဆစ်ဓာတ်ပမာဏ ပုံမှန်ဖြစ်စေပြီး အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေ စုပ်ယူပြီး သွေးထဲ သကြားဓာတ် တိုးမြင့်ပေးပါတယ်။

အုန်းရည်

Eletrolyte ဓာတ်ကြွယ်ဝတဲ့ အုန်းရည်က အရက်နာကျဆေးနည်းကောင်းတစ်ခု ဖြစ်ပါတယ်။ ရေဓာတ်ကုန်ခန်းတဲ့ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းရာမှာ အထူးကောင်းမွန်ပါတယ်။

ဂျင်း

အရက်မှာ ပျို့အန်ချင်စိတ်တိမ်းညွတ်မှုရှိပြီး ဂျင်းလောက် အစာအိမ်ကို ငြိမ်ကျစေပြီး မအီမသာဖြစ်မှုကို သက်သာစေတာ ဘာမှမရှိပါဘူး။ အကောင်းဆုံးစားသုံးနည်းက သဘာဝအတိုင်း စားဖို့ပါပဲ။ ဒါပေမယ့် အရသာခံနိုင်စွမ်း မရှိသူတွေအတွက် ခြစ်ပြီးရေနွေးနဲ့ရော ဒါမှမဟုတ် သစ်သီးဖျော်ရည်နဲ့ ရောစပ် သုံးဆောင်နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top